Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်နိုင်ငံအကြား စစ်ဘက်ဆက်သွယ်ရေးလိုင်းကို ပြန်လည်ထူလိုကြောင်း ဘလင်ကန်၏ တောင်းဆိုမှုကို ရှီကျင့်ဖျင်ပယ်ချ

Htay Oung (NSS) - ဇွန် ၂၁

ပေကျင်းနဲ့ ဝါရှင်တန်အကြား စစ်ရေးနောက်ခံ ဆက်သွယ်ရေးလိုင်း ပြန်လည်ထူထောင်ဖို့ တောင်းဆိုမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းပယ်ခဲ့ကြောင်း၊ ဝါရှင်တန်နဲ့ မော်စကိုတို့အကြား ဆယ်စုနှစ်များစွာ တည်ရှိခဲ့တဲ့ ပဋိပက္ခမှာ တရုတ်က (ကြားဝင်လက်လျှိုသလို အဖြစ်မျိုးမှ) ရှောင်ရှားဖို့အတွက် ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တနင်္လာနေ့(ဇွန်လ ၁၉ ရက်)မှာ ဝန်ခံလိုက်တယ်လို့ New York Post က ဇွန်လ ၁၉ ရက်ကရေးသားပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း အဲဒီကိစ္စကို ထပ်ခါတလဲလဲ ပြောကြားခဲ့ပေမယ့် “လောလောဆယ် တရုတ်နိုင်ငံအနေနဲ့ ရှေ့ဆက်ဆောင်ရွက်ဖို့ သဘောမတူကြောင်း" အဖြေပေးခဲ့တယ်လို့ ပေကျင်းမှာ ရှီနဲ့တွေ့ဆုံပြီးနောက် ဘလင်ကန်က သတင်းထောက်တွေကို ရှင်းပြပါတယ်။ 

လွန်ခဲ့တဲ့နှစ် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပေါ် ကန့်ကွက်တဲ့အနေနဲ့ တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ သံတမန်ရေးရာ ဆွေးနွေးပွဲအချို့ကို ဖျက်သိမ်းခဲ့ပါတယ်။ ဂျိုးဘိုင်ဒန် အစိုးရရဲ့ အဲဒီ ချိတ်ဆက်မှုကို ပြန်လည်ထူထောင်ဖို့ကိစ္စဟာ ဘလင်ကင် ခရီးစဉ်မှာ ထိပ်တန်းအကြောင်းအရာ ဖြစ်ပါတယ်။ 

အမေရိကန်မှာ ဆေးဝါးအလွန်အကျွံဖြစ်ပြီး သေဆုံးမှု စံချိန်တင် မြင့်မားနေရတာ အိုပီရွိုက် ခေါ် ဘိန်း ထွက်ပစ္စည်းတစ်မျိုးကြောင့်ဖြစ်ကြောင်း လူလုပ်ဓာတုဆေးဝါးတစ်မျိုးဖြစ်တဲ့ “ဖင်တာနိုင်းလ်” တင်ပို့မှုရပ်တန့်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က သဘောတူသဘောတူတယ်လို့ ဘလင်ကင်က ပြောပါတယ်။ မူးယစ်ဆေးကို ကိုကင်းတို့လို အိုပီရွိုက်မဟုတ်တဲ့ ဆေးဝါးများနဲ့ ရောစပ်ပြီး အတုအဖြစ် ရောင်းချနေကြောင်း၊ ဖင်တာနိုင်းလ်ဟာ အသက် ၁၈ နှစ်မှ ၄၉ နှစ်ကြား အမေရိကန်များ သေဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

အဲဒီ အကျပ်အတည်းနဲ့ သေဆုံးမှုတိုးမြင့်လာစေတဲ့ ရှေ့ပြေး ဓာတုပစ္စည်းများ စီးဆင်းမှုကို တားဆီးရေး ပူးတွဲ ကြိုးပမ်းမှုတစ်ရပ်ကို ထူထောင်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြပါတယ်။ နန်စီပယ်လိုစီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ခံစားချက်များကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲများကို ဆိုင်းငံ့ထားခဲ့ကြပါတယ်။ ၂ဝ၂၂ ခုနှစ်တွင် ခန့်မှန်းခြေ အမေရိကန် ၇၅,ဝဝဝ တို့ဟာ ဖင်တာနိုင်းလ်နဲ့ ဆက်စပ်ဒြပ်ပေါင်းများကြောင့် စံချိန်တင် သေဆုံးခဲ့ရပါတယ်။

ဘိုင်ဒန်အစိုးရအနေနဲ့ ထောက်ပံ့ရေးကွင်းဆက် အားနည်းချက်များကို ဖြေရှင်းဖို့ ကျန်ရှိနေပါတယ်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ မြေရှားပါးသတ္တုတို့လို အရေးကြီးကုန်ပစ္စည်းများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီ ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာ ပိုမိုထုတ်လုပ်ရန် အ်ိမ်ဖြူတော်က တွန်းအားပေးနေပြီး ထောက်ပံ့ရေးကွင်းဆက်များကို ကွဲပြားသွားစေဖို့အတွက် ဂျပန်လို အခြားနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဒါအပြင် အထူးသဖြင့် ရှင်ကျန်းဒေသမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ဝီဂါမွတ်စလင်များနဲ့ အခြားတိုင်းရင်း သားလူနည်းစုတို့အပေါ် ဖြိုခွင်းမှုကို ရည်ညွှန်းပြီး တရုတ်နိုင်ငံရှိ လူ့အခွင့်အရေးပြဿနာကို ဘလင်ကင်က ပြောဆိုခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရုတ်နိုင်ငံကို တာဝန်ယူစေရန် အမေရိကန်ရဲ့ ကတိကဝတ်ကို အလေးပေးပြောကြားခဲ့ပြီး ရှင်ကျန်းကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်အရာရှိများနဲ့ မကြာသေးမီက ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုများကို အသိပေးခဲ့တယ်လို့ သိရှိရပါတယ်။

အမေရိကန်နိုင်ငံသား (၁)သန်းကျော်ကို သေဆုံးစေခဲ့တဲ့ COVID-19 ကပ်ရောဂါရဲ့ ဇာစ်မြစ်ပြဿနာနဲ့ ပတ်သက်ပြီး ယေဘုယျအားဖြင့် ဘလင်ကင်က အထူးတလည် ဆွေးနွေးခြင်း မရှိခဲ့ပေမဲ့ အဲ့ဒီပြဿနာနဲ့ ပတ်သက်ပြီး ဘိုင်ဒင်အစိုးရရဲ့ ရပ်တည်ချက်မှာ ရှင်းလင်းကြောင်း၊ ကပ်ရောဂါကာလအတွင်း တရုတ်ရဲ့ အခန်း ကဏ္ဍအတွက် ပေကျင်းက တာဝန်ယူစေဖို့ ဆက်လက်ကြိုးပမ်းမှုများ ရှိနေကြောင်း နိုင်ငံခြား ရေးဝန်ကြီးက ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ဟာ သူလျှိုမီးပုံးပျံကိစ္စနှင့်ပတ်သက်ပြီး သီးသန့်ပြောဆိုခဲ့ကြပေမဲ့ စစ်ရေးဆက်သွယ်မှုလမ်းကြောင်းများကိုတော့ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကြား စစ်ဘက်ဆက်သွယ်ရေးလိုင်းကိစ္စနဲ့ ပတ်သက်ပြီး လူအများ စိတ်၀င်စားစရာ သမိုင်းဝင်အကြောင်းအရာတစ်ခုဟာ နောက်ကြောင်းပြန်ပေါ်ပေါက်လာပါတယ်။ ထရမ့်လက်ထက် နောက်ဆုံးကာလမှာ ဝါရှင်တန်ရဲ့ တိုက် ခိုက်မှုကို စိုးရွံ့နေကြတဲ့ တရုတ်ကာကွယ်ရေခေါင်းဆောင်များကို စိတ်သက်သာရာရစေရန် ကြိုးပမ်းတဲ့အနေနဲ့ “အမေရိကန်က တိုက်ခိုက်စရာ မှန်သမျှ ကြိုတင်အသိပေးမှာဖြစ်ကြောင်း “အောက်လွှတ်တော် လက်နက်ကိုင်တပ် များကော်မတီဥက္ကဋ္ဌ မိုက်မီလေးက ကတိပေးခဲ့ကြောင်း ပေါ်ပေါက်လာခြင်းပါတယ်။ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလ “ဘော့ဝုဒ်ဝပ်ဒ်နဲ့ ရောဘတ်ကော့စ်တာတို့ရဲ့ “Peril” စာအုပ်မှာ ဖော်ပြခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ ဒေါ်လာ ၇ဝဝ ဘီလျံအထိရှိလာပြီး မနှစ်ကထက် ပိုများကြောင်း၊ ကုန် သွယ်ရာမှာ ငွေကြေးဆုံးရှုံးမှု လျော့နည်းစေခြင်းနဲ့ တစ်ခုတည်းမက သုံးလေးမျိုး ခွဲခြားလုပ်ကိုင်ရတာမျိုးကို အမေရိကန်က စိတ်ဝင်စားတယ်လို့ ဘလင်ကန်က ပြောပါတယ်။

ဘိုင်ဒန်မိသားစုရဲ့ အကျိုးစီးပွားမှာ တရုတ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းမှာများ ပတ်သက်မှုများရှိနေပါတယ်။ ပေကျင်းနဲ့ ဝါရှင်တန်တင်းမာမှုများဟာ တရုတ်ဘဏ်လီမီတက်နဲ့ ဂျိုးဘိုင်ဒန်ရဲ့ ဒုတိယသား ဟန်းတားဘိုင်ဒန်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ BHR Partners (ဘိုဟိုင်းစက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုရံပုံငွေ စီမံခန့်ခွဲရေး) နဲ့ တရုတ်စွမ်းအင်ကုမ္ပဏီ CEFC China Energy အပါအဝင် တရုတ်အစိုးရနဲ့ ချိတ် ဆက်ထားတဲ့အဖွဲ့အစည်းများနဲ့ ကျယ်ပြန့်တဲ့ ဆက်စပ်ပတ်သက်နေတဲ့အတွက် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ ဖြစ်နိုင်ချေအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေပါတယ်။ 

၂ဝ၁၃ ခုနှစ်တုန်းက ဟန်းတားဘိုင်ဒန်ဟာ အဲဒီအချိန်ဒုတိယသမ္မတ ဖခင်ဖြစ်သူ ဂျိုးဘိုင်ဒန်နဲ့အတူ ပေကျင်းကို တရားဝင်ခရီးစဉ်အဖြစ် လိုက်ပါသွားခဲ့ပါတယ်။ နောက် ၁၂ ရက်အကြာမှာ BHR Partners လုပ်ငန်းများကို တရုတ်အစိုးရအဖွဲ့အစည်းများနဲ့ ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ BHR မှာ ဟန်းတားက ရှယ်ယာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ (၁ဝ)ရာခိုင်နှုန်း ပိုင်ဆိုင်မှုရဲ့ အခြေအနေကို ရှင်းရှင်း လင်းလင်း မသိရှိရသေးပါဘူး။ အစိုးရဒေတာဘေ့စ်များကို ပြင်ဆင်မွမ်းမံ ထားပေမယ့် BHR ပေါက်ကြား စာရွက်စာတမ်းအရ အဲ့ဒီ ရှယ်ယာတွေဟာ ဟောလီးဝုဒ်ရှေ့နေ သူဋ္ဌေးကြီး ကီဗင်မောရစ်စ်ရဲ့အမည်နဲ့ အစုဝင်ထားခြင်းဖြစ်နိုင်ကြောင်း ဟန်းတားနဲ့ မောရစ်စ်တို့ဟာ "သကြားအစ်ကို" ခေါ် "ဖလဖခ" များ ဖြစ်ကြောင်း အရိပ်အမြွက်တွေ့ရှိရပါတယ်။ ဟန်းတားရဲ့ ရှယ်ယာပိုင်ဆိုင်မှုများနဲပတ်သက်လို့ ပွင့်လင်းမြင်သာမှုပေးရန် အိမ်ဖြူတော်က ငြင်းဆိုထားဆဲဖြစ်ပါတယ်။

သားဖြစ်သူ ဟန်းတားနဲ့ ဂျိုးဘိုင်ဒန်ရဲ့ညီ ဂျိမ်းဘိုင်ဒန်တို့ဟာ နောက်ပိုင်းမှာ အစိုးရနှင့် ချိတ်ဆက်ထားတဲ့ CEFC China Energy အမည်ဖြင့် တရုတ်နိုင်ငံမှာ ဒုတိယစီးပွားရေးလုပ်ငန်းကို စတင်ခဲ့ပြီး ၂ဝ၁၇- ၂ဝ၁၈ ခုနှစ်များမှာ ဒေါ်လာ ၄ ဒသမ ၈ သန်းရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ "Belt and Road" “ခါးပတ်နှင့်လမ်း” ပရောဂျက်မှာ “နိုင်ငံခြားသြဇာလွှမ်းမိုးတစ်စိတ်တစ်ပိုင်း ဖြစ်နေတဲ့ CEFC ကုမ္ပဏီမှ ဘိုင်ဒင်မိသားစုရဲ့ ၁ဝ ရာခိုင်နှုန်းကို ဖြတ်တောက်ဖို့အကြောင်း၊ ၂ဝ၁၇ ခုနှစ် မေလ အီးမေးလ်တစ်စောင်မှာ ဂျိုးဘိုင်ဒန်ကို “ ကောင်ကြီး” လို့ သုံးနှုန်းထားကြောင်း၊ ဟန်းတားရဲ့ တွဲဖက်ဟောင်း နှစ်ဦးတို့ကလည်း သီးခြားဖြစ်ရပ်များမှာ ဂျိုးဘိုင်ဒန်ကို ရည်ညွှန်းတဲ့အခါ အလားတူ အမည်ပြောင် "ဟိုလူကြီး" လို့ အသုံးပြုခဲ့ကြောင်း ဟန်းတားရဲ့ စွန့်ပစ်ထားတဲ့ လက်ပ်တော့ကွန်ပျူတာမှ မှတ်တမ်းများကို Washington Post သတင်းစာက ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

(ပေကျင်း၏ “တရုတ်တစ်နိုင်ငံတည်း ပေါ်လစီ"ကို အမေရိကန်က ဝန်ခံခဲ့သည်မှာ ၁၉၇၂ ခုနှစ် သမ္မတ ရစ်ချက်နစ်ဆင်လက်ထက်” ရှန်ဟိုင်းကွန်မြွန်း" ကတည်းက ဖြစ်သည်။ သို့သော် ၁၉၇၉ ခုနှစ် သမ္မတဂျင်မီကာတာလက်ထက်တွင် ထိုင်ဝမ်ကို “တရုတ်သမ္မတနိုင်ငံ ”အဖြစ် အသိအမှတ်ပြုခြင်းဖြင့် ယခင်မူဝါဒမှာ မရေမရာ ဖြစ်လာခဲ့သည်။

သို့သော် နောက်ပိုင်းတွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ” ပြည်မကြီး၏ တောင်းဆိုမှုများအရ ထိုင်၀မ်ကို “တရုတ်သမ္မတနိုင်ငံ"ဟု ခေါ်ဝေါ်ခြင်းအား အမေရိကန်က လက်လျှော့ကာ “ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း” ဝန်ခံခဲ့သည်။ ဤတွင် “ဝန်ခံ” acknowledge မှ “အသိအမှတ်ပြု “ Recognize သို့ ပြောင်းလဲရန် တရုတ်၏ တောင်းဆိုမှုကိုမူ မူရင်း အင်္ဂလိပ်ဘာသာစာလုံးပေါင်းအတိုင်းထားရှိရန် ဝါရှင်တန်က အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ပြည်မကြီးတရုတ်နှင့် တရားဝင်ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ထိုင်ဝမ်နှင့် တရားဝင်မဟုတ်သော ဆက်ဆံရေးရှိနေသည်။ ၎င်းပေါ်လစီကို နောက်ပိုင်း အမေရိကန်အစိုးရအဆက်ဆက်က ဆက်လက်ကျင့်သုံးသည်။ သို့သော် ထိုင်၀မ်ကို ကျုးကျော်တိုက်ခိုက်လာခဲ့လျှင် ဝါရှင်တန်က အကာ အကွယ်ပေးရန်လည်း အမေရိကန်၌ ဥပဒေ ရှိနေသည်။

ဘလင်ကန်၏ ပေကျင်းခရီးစဉ်သည် နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးပွဲဟု ဆိုနိုင်သော်လည်း သဲထဲရေသွန် မည်သည့် မှတ်တမ်းမျှ မကျန်ရစ်ခဲ့ကြောင်း Stancil က ဇွန်လ ၂ဝ ရက်ရေးသားပါသည်။)

(New York Post., 19 June 2023,” China’s Xi Jinping rebuffs Blinken bid to restart military hotline” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တွံတေးမြို့ပြပြောက်ကျားအဖွဲ့က ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်နှင့် ဓါးပြတိုက်မှု (၃)ကြိမ် ကျူးလွန်ထားမှုများကို နစက ထုတ်ဖော်

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved