Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကယားပြည်နယ်ရှိ BGF တပ်ရင်း(၂)ခုကို KNPLF အဖြစ် ပြန်လည်အမည်ပြောင်းကာ လက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်

NP News - ဇွန် ၂ဝ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၂)ခုသည် KNPLF အဖြစ် ပြန်လည်အမည်ပြောင်းကာ လက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

မယ်စဲ့မြို့နယ်၊ ပန်တိမ်းအခြေစိုက် BGF တပ်ရင်းအမှတ်(၁ဝဝ၄)နှင့် (၁ဝဝ၅) တပ်ရင်း(၂)ခုသည် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF) အဖြစ် အမည်ပြောင်းကာ ခွဲထွက်ရပ်တည်သွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များကလည်း ပြောဆိုမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ကလလတ(KNPLF)လက်နက်ကိုင်အဖွဲ့အား ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွင်း၌ နိုင်ငံတော်အစိုးရဘက်က နယ်ခြားစောင့်တပ်(BGF)အဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် ၎င်း BGF တပ်ရင်း(၂)ခုသည် ခွဲထွက်ပြီး ကလလတ(KNPLF)အဖြစ် ပြန်လည်အမည်တပ်ကာ အစိုးရ၏ စခန်းများကို 4K တပ်ပေါင်းစုအဖြစ် မဟာမိတ်စုဖွဲ့ထားသည့် KNU/KNLA၊ KNPP/KA၊ KNDF တို့နှင့်ပူးပေါင်းကာ တိုက်ခိုက်လျက်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်း ဇွန်လ ၁၄ ရက်မှစတင်ကာ KNPLF ပါဝင်သော အဖွဲ့များသည် မယ်စဲ့မြို့မရဲစခန်းအပါအဝင် ဗျူဟာကုန်း နှင့် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများရှိကြောင်း ထုတ်ပြန်ပြောဆိုမှု များလည်း ရှိနေသည်။

ထို့ပြင် မယ်စဲ့မြို့နယ်တစ်ဝိုက်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ဒါကတော့ စစ်ရေးအရ ဟိုဘက်က သာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ။ ဒီအဖွဲ့က တကယ်ပြောရမယ်ဆိုရင် အစိုးရနဲ့ အဆင်ပြေနေတဲ့ အဖွဲ့ကို။ အစိုးရနဲ့ အဆင်ပြေတဲ့အဖွဲ့ဆိုတော့ နိုင်ငံရေးအရ အခုဟာက နစကကို ဆန့်ကျင်တဲ့သူတွေက ပြန်တိုက်ကြတာဆိုတော့ အဲဒီလိုတိုက်နေရင်းကနေ သူတို့က တိတ်တိတ်ကူညီတာတွေ ရှိတယ်ဆိုတော့ အဲဒါတွေကို သိပြီးတော့ ဒီဘက်က ဖမ်းတာ၊ ဆီးတာ အရေးယူတာ လုပ်လာတဲ့အခါမှာ ကျန်တဲ့ တပ်ရင်း(၂)ရင်းကလည်း ပြန်တောခိုသွားတာပေါ့။ အဲဒီတော့ အဲဒါမျိုးဖြစ်စဉ်က ဘယ်လိုအခြေအနေမှာ ဖြစ်တတ်တုန်းဆိုတော့ သူတို့ကာယကံရှင်တွေက ဘယ်ဘက်က သာမလဲပေါ့နော်။ သာနေတယ်လို့ ထင်တဲ့ဘက်ကို ပူးပေါင်းကြတာ များတယ်။ အဲဒီတော့ အဲဒီဒေသမှာ အခြေအနေတွေက ဟိုဘက်က သာနေတဲ့အနေအထားလို့ သုံးသပ်ရမှာပေါ့”ဟု လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက NP News ကို သုံးသပ်ပြောဆိုထားသည်။

ထိုသို့ BGF တပ်ရင်း(၂)ခု ခွဲထွက်သွားခြင်းသည် နစကအစိုးရအတွက် ရန်သူပိုများသွားစေကြောင်းလည်း ဦးရဲထွန်းက ဆက်လက်သုံးသပ်ထားသည်။

ထို့ပြင် တပ်မတော်လုံခြုံရေးအဖွဲ့သည် ယခုရက်ပိုင်း ဇွန်လ ၁၇ ရက်တွင် KNPLF ဌာနချုပ်ကို လေယာဉ်ဗုံးကြဲကာ ပြန်လည်တိုက်ခိုက်မှုများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ 

လက်ရှိတွင် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တစ်ဝိုက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူ (၄ဝဝဝ)ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်သူများအတွက် အကျိုးရှိနိုင်မည့် သိုလှောင်ရုံကုန်အပ်စနစ်ကို ဆောင်ရွက်ရန် ပြင်ဆင်နေ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved