Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်တွင် ကျောင်းဆရာမတစ်ဦးကို အသက်(၆)နှစ်အရွယ်ကလေးတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်

Pika (NP News) - ဇန်နဝါရီ ၇

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်တွင် ဆရာမတစ်ဦးကို သေနတ်ဖြင့်ပစ်ခဲ့သော အသက်(၆)နှစ်အရွယ် ကလေးတစ်ဦးကို ရဲများကဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်၊၊

အဆိုပါပစ်ခတ်မှုသည် နယူးပေါ့ပ်နယူးမြို့ရှိ ရစ်ခ်နက် မူလတန်းကျောင်းတွင် ဇန်နဝါရီလ ၆ ရက် နေ့လည်(၂)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနအကြီးအကဲစတိဗ်ဒရူးကပြောကြားခဲ့သည်။

အဆိုပါပစ်ခတ်မှုတွင် အသက်(၆)နှစ်အရွယ်ကလေးသည် သေနတ်မည်သို့ရရှိခဲ့သည်ဆိုသည့် အချက်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း အဆိုပါဖြစ်ရပ်မှာ မတော်တဆပစ်ခတ်မှုတစ်ခုမဟုတ်ကြောင်း စတိဗ်ဒရူးကပြောကြားခဲ့သည်။

ပစ်ခတ်မှုပြီးနောက် အမည်မဖော်လိုသော အသက်(၃ဝ)နှစ်အရွယ် ဆရာမသည် အသက်အန္တရာယ်ရှိသော ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဆရာမကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုများလုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။

အဆိုပါဖြစ်ရပ်သည် ပထမတန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆရာမနှင့်ကလေးငယ်ကြား ငြင်းခုံမှုများဖြစ်ပွားခဲ့ပြီးနောက် ယင်းကဲ့သို့ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ပစ်ခတ်မှုတွင် အသုံးပြုခဲ့သော သေနတ်၏အမျိုးအမည်ကို ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားခြင်းမျိုးမရှိခဲ့သော်လည်း ကလေးငယ်သည်ပစ္စတိုသေနတ်ကိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

အာဏာပိုင်များသည် အဆိုပါဖြစ်ရပ်နှင့်ဆက်စပ်သော မည်သည့်ကိစ္စကိုမဆို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဒေါက်တာဂျီရော့ချ်ပါကာကပြောကြားခဲ့သည်။

ဒေါက်တာဂျီရော့ချ်ပါကာက "ဒီဖြစ်ရပ်ဟာ တကယ်ကိုကြောက်စရာကောင်းပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက ဘယ်တော့မှမဖြစ်သင့်ပါဘူး။ ဒီလိုမျိုးထပ်မဖြစ်ဖို့ ကျွန်တော်တို့သေချာဆောင်ရွက်သွားမှာပါ"ဟုပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် ကျောင်းကို ဇန်နဝါရီလ(၉)ရက်အထိပိတ်ထားမည်ဖြစ်ပြီး ယခုကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာတွင် ကျောင်းသားများနှင့် မိဘများက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

နယူးပေါ့ပ်နယူးမြို့သည် လူပေါင်း(၁၈ဝဝဝဝ)ခန့်နေထိုင်ကြပြီး မြို့တော်ရစ်ချ်မွန်း ၏တောင်ဘက် မိုင်(၇ဝ)အကွာတွင်တည်ရှိကြောင်းလည်းသိရသည်။


zawgyi version

အေမရိကန္တြင္ ေက်ာင္းဆရာမတစ္ဦးကို အသက္(၆)ႏွစ္အ႐ြယ္ကေလးတစ္ဦးက ေသနတ္ျဖင့္ပစ္ခတ္

Pika (NP News) - ဇန္နဝါရီ ၇

အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယားျပည္နယ္တြင္ ဆရာမတစ္ဦးကို ေသနတ္ျဖင့္ပစ္ခဲ့ေသာ အသက္(၆)ႏွစ္အ႐ြယ္ ကေလးတစ္ဦးကို ရဲမ်ားကဖမ္းဆီးထိန္းသိမ္းထားေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္၊၊

အဆိုပါပစ္ခတ္မႈသည္ နယူးေပါ့ပ္နယူးၿမိဳ႕ရွိ ရစ္ခ္နက္ မူလတန္းေက်ာင္းတြင္ ဇန္နဝါရီလ ၆ ရက္ ေန႔လည္(၂)နာရီအခ်ိန္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲဌာနအႀကီးအကဲစတိဗ္ဒ႐ူးကေျပာၾကားခဲ့သည္။

ပစ္ခတ္မႈတြင္ အသက္(၆)ႏွစ္အ႐ြယ္ကေလးသည္ ေသနတ္မည္သို႔ရရွိခဲ့သည္ဆိုသည့္ အခ်က္ကို ရွင္းရွင္းလင္းလင္းမသိရွိရေသးေသာ္လည္း အဆိုပါျဖစ္ရပ္မွာ မေတာ္တဆပစ္ခတ္မႈတစ္ခုမဟုတ္ေၾကာင္း စတိဗ္ဒ႐ူးကေျပာၾကားခဲ့သည္။

အဆိုပါပစ္ခတ္မႈၿပီးေနာက္ အမည္မေဖာ္လိုေသာ အသက္(၃ဝ)ႏွစ္အ႐ြယ္ ဆရာမသည္ အသက္အႏၲရာယ္ရွိေသာ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါဆရာမကို ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီး ေဆးကုသမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။

အဆိုပါျဖစ္ရပ္သည္ ပထမတန္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဆရာမႏွင့္ကေလးငယ္ၾကား ျငင္းခုံမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။

ပစ္ခတ္မႈတြင္ အသုံးျပဳခဲ့ေသာ ေသနတ္၏အမ်ိဳးအမည္ကို ရဲတပ္ဖြဲ႕ကထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳးမရွိခဲ့ေသာ္လည္း ကေလးငယ္သည္ပစၥတိုေသနတ္ကိုအသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။

အာဏာပိုင္မ်ားသည္ အဆိုပါျဖစ္ရပ္ႏွင့္ဆက္စပ္ေသာ မည္သည့္ကိစၥကိုမဆို စုံစမ္းစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ခ႐ိုင္ပညာေရးမႉး ေဒါက္တာဂ်ီေရာ့ခ်္ပါကာကေျပာၾကားခဲ့သည္။

ေဒါက္တာဂ်ီေရာ့ခ်္ပါကာက "ဒီျဖစ္ရပ္ဟာ တကယ္ကိုေၾကာက္စရာေကာင္းပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးက ဘယ္ေတာ့မွမျဖစ္သင့္ပါဘူး။ ဒီလိုမ်ိဳးထပ္မျဖစ္ဖို႔ ကြၽန္ေတာ္တို႔ေသခ်ာေဆာင္႐ြက္သြားမွာပါ"ဟုေျပာၾကားခဲ့သည္။

အဆိုပါျဖစ္ရပ္ေၾကာင့္ ေက်ာင္းကို ဇန္နဝါရီလ(၉)ရက္အထိပိတ္ထားမည္ျဖစ္ၿပီး ယခုကိစၥႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးရာတြင္ ေက်ာင္းသားမ်ားႏွင့္ မိဘမ်ားက ကူညီပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

နယူးေပါ့ပ္နယူးၿမိဳ႕သည္ လူေပါင္း(၁၈ဝဝဝဝ)ခန႔္ေနထိုင္ၾကၿပီး ၿမိဳ႕ေတာ္ရစ္ခ်္မြန္း ၏ေတာင္ဘက္ မိုင္(၇ဝ)အကြာတြင္တည္ရွိေၾကာင္းလည္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဖဂန်နစ္စတန်နိုင်ငံတွင် သတ်ဖြတ်မှုများပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဗြိတိန်တော်ဝင်မင်းသားဟယ်ရီကို တာလီဘန်အဖွဲ့ဝေဖန်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved