Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် သတ်ဖြတ်မှုများပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဗြိတိန်တော်ဝင်မင်းသားဟယ်ရီကို တာလီဘန်အဖွဲ့ဝေဖန်

Pika (NP NEWS) - ဇန်နဝါရီ ၇

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီသည် အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ရဟတ်ယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်စဉ်အချိန်အတွင်း လူပေါင်း(၂၅)ဦးကို သတ်ခဲ့ကြောင်း ၎င်း၏ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိတွင် ရေးသားထားသည်ဟုဖော်ပြခဲ့ပြီးနောက် လက်ရှိအချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေသည့် တာလီဘန်အဖွဲ့က မင်းသားဟယ်ရီကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။

မင်းသားဟယ်ရီ၏ "Spare"အမည်ရှိ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ဇန်နဝါရီလ (၁ဝ)ရက်တွင် တစ်ကမ္ဘာလုံးမှာ ရောင်းချခြင်းမပြုမီ ရက်ပိုင်းအလို၌ စပိန်နိုင်ငံတွင်ရောင်းချခဲ့ကြောင်းသိရသည်။

အဆိုပါကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲတွင် အစ်ကိုဖြစ်သူဝီလျံနှင့် ပြဿနာဖြစ်ခဲ့သည့်အကြောင်းအရာများအပြင် ၎င်း၏လူပျိုဘဝကို မည်ကဲ့သို့ဆုံးရှုံးခဲ့ရသည်ဆိုသည့် အကြောင်းအရာများကိုပါထည့်သွင်းရေးသားဖော်ပြထားကြောင်းသိရသည်။

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲတွင် အသက်(၃၈)နှစ်အရွယ် မင်းသားဟယ်ရီသည် ၎င်း၏ခရီးစဉ်နှစ်ခုကိုပြန်ပြောထားကြောင်းလည်းသိရသည်။ အဆိုပါခရီးစဉ်နှစ်ခုအတွင်း ပထမတစ်ကြိမ်အတွင်း(၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် လေကြောင်းလမ်းညွှန်သူအဖြစ်လုပ်ဆောင်ခဲ့ပြီး ဒုတိယတစ်ကြိမ်(၂ဝ၁၂)ခုနှစ်တွင် Apache တွဲဖက်ရဟတ်ယာဉ်မှူးအဖြစ် ထမ်းဆောင်ခဲ့ချိန်အတွင်း သတ်ခဲ့သော လူအရေအတွက်ကိုလည်း ရေးသားဖော်ပြထားကြောင်းသိရသည်။

မင်းသားဟယ်ရီက"အဲ့ဒီကိန်းဂဏန်းတွေက ကျွန်တော့်ကိုအားရစေမှာမဟုတ်ပေမယ့် အရှက်လည်းမရစေပါဘူး၊၊ တိုက်ပွဲတွေ အရှိန်မြင့်လာချိန်မှာတော့ အဲ့ဒီ(၂၅)ဦးကို သတ်မိခဲ့တာပါ၊၊ လူကောင်းတွေကို လူဆိုးတွေက မသတ်ခင် ကျွန်တော်တို့က လူဆိုးတွေကိုအရင်သတ်လိုက်တာပါ။ ဒါဟာ စစ်တုရင်ကွက်ကနေ စစ်တုရင်ရုပ်တွေကို ဖယ်ထုတ်လိုက်သလိုပါပဲ"ဟုပြောဆိုခဲ့သည်။

မင်းသားဟယ်ရီ၏မှတ်ချက်များကို တာလီဘန် ဦးဆောင်သော အာဖဂန်နစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Abdul Qahar Balkhi က ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်းသိရသည်။

Abdul Qahar Balkhi က "အာဖဂန်နစ္စတန်နိုင်ငံကို အနောက်နိုင်ငံတွေရဲ့ သိမ်း ပိုက်မှုဟာ လူ့သမိုင်းမှာ အဆိုးရွားဆုံးအခိုက်အတန့်တစ်ခုဖြစ်ပါတယ်၊၊ မင်းသားဟယ်ရီရဲ့ မှတ်ချက်တွေဟာ တာဝန်ယူမှုမရှိဘဲ အပြစ်မဲ့သူတွေကို သတ်ဖြတ်ခဲ့တဲ့ သိမ်းပိုက်ရေးတပ်ဖွဲ့လက်အောက်မှာ အာဖဂန်နစ္စတန်လူမျိုးတွေ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို မငဲ့ညာသလိုပါပဲ"ဟုပြောဆိုခဲ့သည်။

အခြားတာလီဘန်အရာရှိတစ်ဦးက "သူသတ်ခဲ့တဲ့ တစ်ယောက်ချင်းစီက စစ်တုရင်ရုပ်တွေမဟုတ်ပါဘူး၊၊ သူတို့ပြန်အလာကိုစောင့်နေကြတဲ့ မိသားစုတွေ အများကြီးရှိကြပါတယ်"ဟုပြောဆိုခဲ့သည်။

ဗြိတိန်ကာကွယ်‌ရေးဝန်ကြီးဌာနနှင့် မင်းသားဟယ်ရီ၏ကိုယ်စားလှယ်များသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။


zawgyi version

အာဖဂန္နစၥတန္ႏိုင္ငံတြင္ သတ္ျဖတ္မႈမ်ားျပဳလုပ္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ၿဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီကို တာလီဘန္အဖြဲ႕ေဝဖန္

Pika (NP NEWS) - ဇန္နဝါရီ ၇

ၿဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီသည္ အာဖဂန္နစၥတန္ႏိုင္ငံတြင္ စစ္ရဟတ္ယာဥ္မႉးအျဖစ္တာဝန္ထမ္းေဆာင္စဥ္အခ်ိန္အတြင္း လူေပါင္း(၂၅)ဦးကို သတ္ခဲ့ေၾကာင္း ၎၏ကိုယ္တိုင္ေရးအတၱဳပၸတၱိတြင္ ေရးသားထားသည္ဟုေဖာ္ျပခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္တြင္ အာဖဂန္နစၥတန္ႏိုင္ငံကို အုပ္ခ်ဳပ္ေနသည့္ တာလီဘန္အဖြဲ႕က မင္းသားဟယ္ရီကို ျပစ္တင္ေဝဖန္ခဲ့ေၾကာင္း သိရသည္။

မင္းသားဟယ္ရီ၏ "Spare"အမည္ရွိ ကိုယ္တိုင္ေရးအတၳဳပၸတၱိကို ဇန္နဝါရီလ (၁ဝ)ရက္တြင္ တစ္ကမာၻလုံးမွာ ေရာင္းခ်ျခင္းမျပဳမီ ရက္ပိုင္းအလို၌ စပိန္ႏိုင္ငံတြင္ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။

အဆိုပါကိုယ္တိုင္ေရးအတၳဳပၸတၱိထဲတြင္ အစ္ကိုျဖစ္သူဝီလ်ံႏွင့္ ျပႆနာျဖစ္ခဲ့သည့္အေၾကာင္းအရာမ်ားအျပင္ ၎၏လူပ်ိဳဘဝကို မည္ကဲ့သို႔ဆုံးရႈံးခဲ့ရသည္ဆိုသည့္ အေၾကာင္းအရာမ်ားကိုပါထည့္သြင္းေရးသားေဖာ္ျပထားေၾကာင္းသိရသည္။ အဆိုပါကိုယ္တိုင္ေရးအတၳဳပၸတၱိထဲတြင္ အသက္(၃၈)ႏွစ္အ႐ြယ္ မင္းသားဟယ္ရီသည္ ၎၏ခရီးစဥ္ႏွစ္ခုကိုျပန္ေျပာထားေၾကာင္းလည္းသိရသည္။

အဆိုပါခရီးစဥ္ႏွစ္ခုအတြင္း ပထမတစ္ႀကိမ္အတြင္း(၂ဝဝ၇-၂ဝဝ၈ ခုႏွစ္တြင္ ေလေၾကာင္းလမ္းၫႊန္သူအျဖစ္လုပ္ေဆာင္ခဲ့ၿပီး ဒုတိယတစ္ႀကိမ္(၂ဝ၁၂)ခုႏွစ္တြင္ Apache တြဲဖက္ရဟတ္ယာဥ္မႉးအျဖစ္ ထမ္းေဆာင္ခဲ့ခ်ိန္အတြင္း သတ္ခဲ့ေသာ လူအေရအတြက္ကိုလည္း ေရးသားေဖာ္ျပထားေၾကာင္းသိရသည္။

မင္းသားဟယ္ရီက"အဲ့ဒီကိန္းဂဏန္းေတြက ကြၽန္ေတာ့္ကိုအားရေစမွာမဟုတ္ေပမယ့္ အရွက္လည္းမရေစပါဘူး၊၊ တိုက္ပြဲေတြ အရွိန္ျမင့္လာခ်ိန္မွာေတာ့ အဲ့ဒီ(၂၅)ဦးကို သတ္မိခဲ့တာပါ၊၊ လူေကာင္းေတြကို လူဆိုးေတြက မသတ္ခင္ ကြၽန္ေတာ္တို႔က လူဆိုးေတြကိုအရင္သတ္လိုက္တာပါ။ ဒါဟာ စစ္တုရင္ကြက္ကေန စစ္တုရင္႐ုပ္ေတြကို ဖယ္ထုတ္လိုက္သလိုပါပဲ"ဟုေျပာဆိုခဲ့သည္။

မင္းသားဟယ္ရီ၏မွတ္ခ်က္မ်ားကို တာလီဘန္ ဦးေဆာင္ေသာ အာဖဂန္နစၥတန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ Abdul Qahar Balkhi က ျပစ္တင္ေဝဖန္ခဲ့ေၾကာင္းလည္းသိရသည္။

Abdul Qahar Balkhi က "အာဖဂန္နစၥတန္ႏိုင္ငံကို အေနာက္ႏိုင္ငံေတြရဲ႕ သိမ္း ပိုက္မႈဟာ လူ႔သမိုင္းမွာ အဆိုး႐ြားဆုံးအခိုက္အတန္႔တစ္ခုျဖစ္ပါတယ္၊၊ မင္းသားဟယ္ရီရဲ႕ မွတ္ခ်က္ေတြဟာ တာဝန္ယူမႈမရွိဘဲ အျပစ္မဲ့သူေတြကို သတ္ျဖတ္ခဲ့တဲ့ သိမ္းပိုက္ေရးတပ္ဖြဲ႕လက္ေအာက္မွာ အာဖဂန္နစၥတန္လူမ်ိဳးေတြ ခံစားခဲ့ရတဲ့ စိတ္ဒဏ္ရာေတြကို မငဲ့ညာသလိုပါပဲ"ဟုေျပာဆိုခဲ့သည္။

အျခားတာလီဘန္အရာရွိတစ္ဦးက "သူသတ္ခဲ့တဲ့ တစ္ေယာက္ခ်င္းစီက စစ္တုရင္႐ုပ္ေတြမဟုတ္ပါဘူး၊၊ သူတို႔ျပန္အလာကိုေစာင့္ေနၾကတဲ့ မိသားစုေတြ အမ်ားႀကီးရွိၾကပါတယ္"ဟုေျပာဆိုခဲ့သည္။

ၿဗိတိန္ကာကြယ္‌ေရးဝန္ႀကီးဌာနႏွင့္ မင္းသားဟယ္ရီ၏ကိုယ္စားလွယ္မ်ားသည္ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ျပန္လည္တုံ႔ျပန္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကီဗင်မက်ကာသီကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခန့်အပ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved