ရွှေပေါက်ကံမြို့သစ်ရှိ ဒန်အရည်ကြိုလုပ်ငန်းတစ်ခု၌ ဘလောက်တုံးများ အပူလွန်ကာ ပေါက်ကွဲမှုဖြစ်ပွား
NSS - ဇွန် ၁၇
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ ဒန်အရည်ကြိုလုပ်ငန်းတစ်ခုတွင် ဘလောက်တုံးများ အပူလွန်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(ဇွန်လ ၁၇ ရက်)၊ နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် ရွှေပေါက်ကံ၊ မြို့သစ်ရပ်ကွက်၊ မက္ခ ရာမင်းသားကြီးလမ်း၊ အမှတ် (၂၃၂/ဃ)ရှိ UTA ဒန်အရည်ကြိုလုပ်ငန်းတွင် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။
အဆိုပါ ဒန်ရည်ကြိုလုပ်ငန်းတွင် ပိုင်ရှင် အပါအဝင် အလုပ်သမား(၇)ဦးသည် ဘီယာဗူးခွံများ ဖိ၍ပြုလုပ်ထားသည့် ဘလောက်တုံးများအား အရည်ကြိုနေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၎င်းမှဆိုသည်။
ပေါက်ကွဲမှုကြောင့် အဆိုပါလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် ဦးအောင်ရွှေဦးဆိုသူတွင် ခန္ဓာကိုယ်၌ အပူလောင်ဒဏ်ရာများ ရရှိခဲ့ပြီး စိုးရိမ်ရအခြေအနေရှိကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာစီလိုနာက မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူရန်ကြိုးပမ်းနေ
RELATED POSTS
20 Sep 2024 | လူမှုရေး,ပြည်တွင်း
19 Sep 2024 | လူမှုရေး,ပြည်တွင်း
19 Sep 2024 | လူမှုရေး,ပြည်တွင်း