Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံကြားအထင်အမြင်လွဲမှားမှုများကို ဖြေရှင်းနိုင်ရန်အတွက်ဟုဆို

Pika (NSS) - ဇွန် ၁၇

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်နိုင်ငံသို့ သွားရောက်မည့် ၎င်း၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား အထင်အမြင်လွဲမှားမှုများကို ဖြေရှင်းရန်နှင့် မှားယွင်းသောတွက်ချက်မှုများကို ရှောင်ရှားခြင်းဖြင့် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ရန်ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

အန်တိုနီဘလင်ကန်က"နှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြောင့်  ထိပ်တိုက်ရင်ဆိုင်မှုတွေ ဒါမှမဟုတ် ပဋိပက္ခတွေ မဖြစ်အောင်  သံတမန်ဆက်ဆံရေးကို လိုအပ်ပါတယ်။ ဒါက အမေရိကန်နဲ့ တရုတ်တို့ထံကနေ ကမ္ဘာကမျှော်လင့်ထားတဲ့အရာတစ်ခုပါပဲ"ဟုပြောဆိုခဲ့သည်။

အန်တိုနီဘလင်ကန်သည် ဇွန်လ(၁၈)ရက် နှင့် (၁၉)ရက်တို့တွင် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်မည်ဖြစ်ပြီး (၅)နှစ်အတွင်း အမေရိကန်ထိပ်တန်းသံတမန်တစ်ဦး၏ ပထမဆုံးခရီးစဉ်တစ်ခုဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် တရုတ်၏ စပိုင်မိုးပျံပူဖောင်းများ အမေရိကန်လေပိုင်နက်ထဲသို့ ဝင်ရောက်ပျံသန်းခဲ့ခြင်းကြောင့် နှစ်နိုင်ငံကြား တင်းမာမှုများရှိခဲ့ပြီး အန်တိုနီဘလင်ကန်သည် တရုတ်နိုင်ငံသို့သွားရောက်မည့်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ရွှေ့ဆိုင်းခဲ့သော တရုတ်နိုင်ငံ၏ခရီးစဉ်ကို ပြန်လည်စတင်ရန် စီစဉ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။ 

တရုတ်နိုင်ငံသို့ (၅)နှစ်အတွင်း ပထမဆုံးသွားရောက်မည့်ခရီးစဉ်၏ ပထမဆုံးရည်မှန်းချက်သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို အကောင်းဆုံးစီမံခန့်ခွဲရန်အတွက် ပွင့်လင်းပြီး အားကောင်းသည့် ဆက်ဆံရေးကို ထူထောင်ရန်ဖြစ်ကြောင်း အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။ ထို့ပြင် အခြားရည်ရွယ် ချက်တစ်ခုသည် အမေရိကန်၏ အကျိုးစီးပွားနှင့် တန်ဖိုးများကို ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားရန်နှင့် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှု အကြပ်အတည်းနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စများအပါအဝင် ဖြစ်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးကို စူးစမ်းလေ့လာရန်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

အလားတူ တရုတ်က ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားများ၏ ကိစ္စကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် (၂ဝဝ၆)ခုနှစ်က်တည်းက ဖမ်းဆီးထိန်းသိမ်းထားသော အမေရိကန်သင်းအုပ်ဆရာဒေးဗစ်လင်းနှင့်  (၂ဝ၁၆)ခုနှစ်တွင် သူလျှိုလုပ်သည်ဟု စွပ်စွဲခံထားရသော အမေရိကန်စီးပွားရေးသမားကိုင်လီအပါအဝင် အမေရိကန်နိုင်ငံသားများကို စွဲချက်အမျိုးမျိုးဖြင့်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက သံဃာအပါး (၁၀၀၀)လှူဒါန်းပွဲနှင့် ဆီမီး (၁၀၀၀၀)ပူဇော်ပွဲကို ရွှေတိဂုံစေတီတော်၌ ကျင်းပမည်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved