အာရပ်နိုင်ငံများ ပိုမိုပါဝင်လာမယ်ဆိုရင် BRICS အဖွဲ့ရဲ့ဝင်ရိုးစုံကမ္ဘာဖောင်ဒေးရှင်းပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း ရုရှားအစိုးရပြော
ရောင်နီ (NSS) - ဇွန် ၁၇
BRICS အဖွဲ့ထဲကို အာရပ်ကမ္ဘာရဲ့နိုင်ငံများ ပိုမိုပူးပေါင်းပါဝင်လာမယ်ဆိုရင် BRICS အဖွဲ့ဟာ ဝင်ရိုးစုံကမ္ဘာဖောင်ဒေးရှင်းဟာ ပိုမိုကောင်းမွန်လာဖွယ်ရှိနေကြောင်း၊ ဒါပေမယ့် BRICS အဖွဲ့ဟာ လက်ရှိအချိန်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံရေးကို အပြီးသတ်မဆုံးဖြတ်ရသေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရောဗ့်က ပြောပါတယ်။
အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ BRICS အဖွဲ့နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက “အဲဒီနိုင်ငံအားလုံးဟာ အလွန်ခိုင်မာတဲ့နိုင်ငံတွေပါပဲ၊ သူတို့အားလုံးက အာရပ်နဲ့ အစ္စလာမ့်ကမ္ဘာမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်နေတဲ့ ခေါင်းဆောင်တွေပါ။ ဒါက BRICS ကို ကြွယ်ဝလာစေမှာ သေချာပါတယ်”လို့ စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) မှ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း BRICS ဟာ အများဆန္ဒအရ ဆုံးဖြတ်ချက်ချရတာ ဖြစ်တာကြောင့် ၎င်းတို့ကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆွေးနွေးသွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ BRICS အဖွဲ့ရဲ့ အင်အားတိုးချဲ့မှုကို ရုရှားက ထောက်ခံပေမယ့်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုတွေမှာ ရှုပ်ထွေးမှုအချို့ ရှိနိုင်တယ်လို့ လာရော့ဗ်က ဆိုပါတယ်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းစစ်ပွဲ စတင်ချိန်နောက်ပိုင်း BRICS အဖွဲ့ရဲ့ စုစည်းမှုဟာ ပိုမိုခိုင်မာ အားကောင်းလာခဲ့ပါတယ်။ BRICS မှာပါဝင်ဖို့ ဝင်ခွင့်လျှောက်လွှာတင်သူတွေမှာ အာရပ်နိုင်ငံလေးနိုင်ငံအပြင် အာဂျင်တီးနားနဲ့အီရန်နိုင်ငံလည်းပါဝင်ပြီး ရုရှားနဲ့ ကျယ်ပြန့်တဲ့စီးပွားရေးစစ်ပွဲဆင်နွှဲဖို့ အနောက် နိုင်ငံတွေက နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွေကို ထိန်းချုပ်ထားတာကြောင့် BRICS အစုအဖွဲ့အပေါ် နိုင်ငံတကာရဲ့စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပါတယ်။ BRICS ဟာ အမေရိကန်ဦးဆောင်တဲ့ G7 အဖွဲ့ ၊ ဥရောပသမဂ္ဂ (EU) ရဲ့ အဓိကပြိုင်ဘက်လည်း ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြင်းမူမြို့ရှိ မြို့ရှောင်လမ်းတွင် ဦးခေါင်းပြတ် ရုပ်အလောင်း တစ်လောင်းတွေ့ရှိ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ