စစ်ပွဲစတင်ပြီးနောက်ပိုင်း အမြှောက်အစင်းရေ (၅၁ဝဝ)အပါအဝင် ယူကရိန်းစစ်ဘက်သုံး လက်နက် သောင်းချီကို ဖျက်ဆီးနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇွန် ၁၅
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့တဲ့အချိန်ကနေ လက်ရှိအချိန်အထိ ယူကရိန်းစစ်ဘက်သုံး အမြှောက်အစင်းရေ(၅၁ဝဝ)ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အိုင်ဂေါ်ကိုနာရှန်ကိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး အိုင်ဂေါ်ကိုနာရှန်ကိုက "ယူကရိန်းကို အထူးစစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ပြီးနောက်ပိုင်း ကျွန်တော်တို့ဟာ ယူကရိန်းစစ်လက်နက်ပစ္စည်းအများအပြားကိုဖျက်ဆီးပစ်နိုင်ခဲ့တယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်ဘက်က အသုံးပြုနေတဲ့ တိုက်လေယာဉ် ၄၄၂ စီး၊ ရဟတ်ယာဉ် ၂၃၈ စင်း၊ မောင်းသူမဲ့လေယာဉ် ဒရုန်း ၄၆ဝ၅ စင်း၊ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည် ၄၂၆ စင်း၊ တင့်ကား ၉၉၈၂ စီး၊ ဘက်စုံသုံးရော့ကဒ်စနစ် ၁၁၂၄ စီး၊ စစ်ဘက်သုံးအမြှောက်နဲ့မော်တာ ၅၁၁၁ စီး၊ စစ်ဘက်သုံးယာဉ်အစီးရေ ၁ဝ၉၄၇ စီးဖျက်ဆီးနိုင်ခဲ့တယ်" လို့ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို အထူးစစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ပြီးနောက် ယူကရိန်းပိုင်နက်ဒေသလေးခုကို သိမ်းပိုက်ထားနိုင်ကြောင်းသိရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားကို ဇွန်လ ၄ ရက်မှာ တန်ပြန် ထိုးစစ်ဆင်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်ဆုံးရှုံးမှုများ ပိုမိုများပြားလျက်ရှိနေကြောင်းသိရပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံရထားတဲ့ ဒွန်းညက်စ်၊ ဇာပိုရိုဟီဒေသ၊ ဒိုးနက်စ် ဒေသများကို ဇွန်လ ၄ ရက်နောက်ပိုင်းကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ယူကရိန်းတပ်ဖွဲ့ဝင် ၇၅ဝဝ ကျော် ထိခိုက်သေဆုံးထားကြောင်းသိရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ဇွန်လ ၁၃ ရက်ကအဆိုပါ ဒေသသုံးခုကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်မျက်နှာဖွင့်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ခဲ့ရကြောင်း ရုရှားဒုတိယဗိုလ်ချုပ်ကြီး ကိုနာရှန်ကိုကပြောပါတယ်။
ယူကရိန်းဟာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု နိုင်ငံများရဲ့အကူအညီနဲ့ ရုရှားသိမ်းပိုက်ထားတဲ့မြို့တွေကို ပြန်သိမ်းပိုက်ဖို့တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် အောင်မြင်မှုမရဘဲဖြစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုအတွင်း အမေရိကန်၊ဂျာမနီ၊ ပြင်သစ် နဲ့ ဗြိတိန်တို့ထောက်ပံ့ပေးထားတဲ့စစ်လက်နက်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရုရှားဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်အတွင်း ဓာတ်အားရရှိရန် ကျန်ရှိနေသည့်မြို့နယ်များကို ဇူလိုင်လပထမပတ်အတွင်း ရရှိအောင် ဆောင်ရွက်ပေးရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း