Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကိုဗစ်ကပ်ရောဂါမတိုင်မီ ပညာသင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျောင်းသားဦးရေ(၂)သိန်းခန့်သည် ကျောင်းနှင့်ကင်းကွာနေသေးကြောင်းတွေ့ရှိရဟု စာတမ်းတစ်စောင်ဖော်ပြ

မျိုးကြီး (NSS) - ဇွန် ၁၄

ကိုဗစ်ကပ်ရောမတိုင်မီ ပညာသင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျောင်းသားဦးရေ (၂)သိန်းခန့်သည် ကျောင်းနှင့်ကင်းကွာနေသေးကြောင်း တွေ့ရှိရသည်ဟု စာတမ်းတစ်စောင်က ဖော်ပြထားသည်။

နေပြည်တော်၌ ပြီးခဲ့သော လပိုင်းအတွင်း ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂ဝ၂၃)တွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖတ်ကြားတင်ပြခဲ့သော စာတမ်း၌ အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် (၅)နှစ်အထက် လူဦးရေ ၄၆ ဒသမ ၅ သန်းရှိပြီး နိုင်ငံတစ်ဝန်း ကျောင်းလုံးဝမနေဘူးသူ (၈ ဒသမ ၁)ရာခိုင်နှုန်းရှိကာ အလယ်တန်းအထိ ပညာသင်ယူခဲ့သူ (၁၈ ဒသမ ၂)သန်းခန့်နှင့် အထက်တန်းပညာသင်ယူခဲ့သူ (၇)သန်းကျော်ခန့်ရှိကြောင်း သိရသည်။

လူဦးရေ (၃)သန်းနီးပါးခန့်သာ ဘွဲ့ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းနေမြဲသူများ တိုးတက်လာစေရန်အတွက် နှစ်ချို့ကင်းကွာကျောင်းသားများ ကျောင်းတွင်းသို့ ပြန်လည်ရောက်ရှိစေရေး နည်းလမ်းများရှာဖွေရန် လိုအပ်လျက်ရှိပြီး ၎င်းကဲ့သို့ နည်းလမ်းများရှာဖွေနိုင်ရန်အတွက် ယခုစာတမ်းအား ပြုစုရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါစာတမ်းတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့၏ ၂ဝ၁၇-၂ဝ၁၈ မှ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အထိ နှစ်အလိုက် တက်ရောက်ပညာသင်ယူခဲ့သော ကျောင်းသားဦးရေအား သရုပ်ဖော်စာရင်းအင်းပညာ နည်းလမ်းဖြင့် အသုံးပြုလေ့လာခဲ့ကြောင်း ဆိုထားသည်။

၎င်းကဲ့သို့ လေ့လာမှုများအရ ၂ဝ၁၇-၂ဝ၁၈၊ ၂ဝ၁၈-၂ဝ၁၉ နှင့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်များတွင် နှစ်စဉ်ကျောင်းသားဦးရေ စုစုပေါင်း (၉)သန်းနီးပါးရှိခဲ့ကြောင်း စာတမ်း၌ ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာလအလွန် ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၅)သန်းကျော်အထိ လျော့ကျသွားခဲ့ပြီး ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် (၇)သန်းကျော်သို့ ပြန်လည်တိုးတက်လာခဲ့ကြောင်း စာတမ်းက ဆိုထားသည်။

သို့သော် ကိုဗစ်-၁၉ မတိုင်မီ ပညာသင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျောင်းသားဦးရေ (၂)သိန်းနီးပါးခန့်သည် ကျောင်းနှင့် ကင်းကွာနေသေးကြောင်း တွေ့ရှိရသည်ဟုလည်း စာတမ်း၌ ထည့်သွင်းတင်ပြထားသည်။

ထို့ကြောင့် နှစ်ချို့ကင်းကွာကျောင်းသားများကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ကျောင်းသားများအနေဖြင့် မူလထွက်ထားသည့်အတန်းများတွင် တက်ရောက်လိုပါက အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် မလိုဘဲ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် စာတမ်း၌ အကြံပြုတင်ပြထားသည်။

ထို့ပြင် ကျောင်းနှင့်ကင်းကွာနေသော ကျောင်းသားသည် မူလတက်ရောက်ခဲ့သည့်အတန်းကို မတက်ရောက်လိုပဲ အသက်အရွယ်နှင့်ကိုက်ညီသော အတန်းသို့ ကျော်တက်လိုပါက တစ်ဆင့်နိမ့်အတန်း၏ အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုစေပြီး တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လည်း အကြံပြုတင်ပြထားသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခု ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၌ အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ KG+12 အခြေခံပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက်ရုံလုံခြုံရေးဝန်ထမ်းအား သတ်၍ စက်ရုံအတွင်းမှ ဝါယာကြိုးများခိုးယူမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved