မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပမည်
ယွန်း (NSS) - ဇွန် ၁၃
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း နစကထံမှ သိရသည်။
ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ရုပ်ရှင်ဘောလုံးအသင်း အပါအဝင် ဂီတဘောလုံးအသင်း၊ Forever FC ဘောလုံးအသင်းနှင့် ညွန့်ပေါင်းအသင်းတို့မှ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ဇွန်လ(၁၆)ရက်၊ ညနေ(၃)နာရီအချိန်တွင် ရုပ်ရှင်ဘောလုံးအသင်းနှင့် Forever FC ဘောလုံးအသင်းတို့က ယှဥ်ပြိုင်ကစားမည်ဖြစ်ပြီး ညနေ(၅)နာရီတွင် ညွန့်ပေါင်းအသင်းနှင့် ဂီတဘောလုံးအသင်းတို့မှ ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် နိုင်ငံကျော်အနုပညာရှင်များက ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲ ကျင်းပမည့် ဇွန်လ(၁၇)ရက်၊ (၂)နာရီအချိန်တွင် အနုပညာရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းရန်ပုံငွေပွဲအတွက် ဘောလုံးပွဲလက်မှတ်များအား တစ်စောင်လျှင် ငွေကျပ်(၃ဝဝဝ)နှုန်းဖြင့် သုဝဏ္ဏအားကစားကွင်း၊ ဂိတ်အမှတ် (၅)တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေဘောလုံးပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေများအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွမ်းခြံကုန်းတွင် ဓားဖြင့် အခုတ်ခံရမှုကြောင့် အမျိုးသား (၁)ဦး သေဆုံး
RELATED POSTS
20 Sep 2024 | လူမှုရေး,ပြည်တွင်း
19 Sep 2024 | လူမှုရေး,ပြည်တွင်း
19 Sep 2024 | လူမှုရေး,ပြည်တွင်း