(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူးမင်း) ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်ပြသနိုင်ဟုဆို
စော (NSS) - ဇွန် ၁၃
(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူးမင်း) ၏ သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း ထုတ်ပြန်ထားသည်။၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယမန်နေ့(ဇွန်လ ၁၂ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါပြပွဲများကို ဩဂုတ်လ(၁၆)ရက်မှ (၁၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြပွဲပြသသူများနှင့် ဝယ်ယူသူများကိုလည်း ပါဝင်တက်ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းပြပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ Online နှင့် Offline ပုံစံနှစ်မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲကို ၁၅ဝဝဝဝ စတုရန်းမီတာ အကျယ်အဝန်းတွင်ကျင်းပသွားမည်ဖြစ်ပြီး ပြခန်းပေါင်း (၁၅) ခု ထည့်သွင်းပြသမည်ဖြစ်ကြောင်း သိရသည်။
ပါဝင်ပြသလိုသည့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် (၃ x ၃ မီတာ) ပြခန်းတစ်ခန်းအတွက် ယွမ်ငွေ (၆၅ဝဝ) ကျသင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
ထို့ပြင် ပြပွဲကာလအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ FACTS Sir Lanka , International Gem & Jewellery Show 2024 ပြပွဲကိုလည်း သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Cinnamon Grand ၌ (၂ဝ၂၄)ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်မှ (၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များလည်း တက်ရောက်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညမထွက်ရအမိန့်ကို ကျော်လွန်ကာ ဖွင့်လှစ်ထားသော ရန်ကုန်မြို့ရှိ Honey Nest Bar ကို ရှောင်တခင်စစ်ဆေးခဲ့ပြီး လူအချို့ကို အမှုဖွင့်ထား
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း