ရုရှားကို ဒရုန်းများ ထောက်ပံ့ပေးခြင်းအတွက် အကျိုးဆက်များရင်ဆိုင်ရမည်ဟု အီရန်ကို ပြင်သစ် သတိပေး
Pika (NSS) - ဇွန် ၁၁
ရုရှားနိုင်ငံကို ဒရုန်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ပတ်သက်ပြီး အီရန်နိုင်ငံအနေဖြင့် နောက်ဆက်တွဲအကျိုးဆက်များ ကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ကတိပေးပြောဆိုလိုက်သည်။
မက်ခရွန်သည် ပြီးခဲ့သည့်ရက်ပိုင်းက အီရန်သမ္မတ အီဘရာဟင်ရေစီ နှင့် ဖုန်းဆက်ဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အီရန်နိုင်ငံအနေဖြင့် ရုရှားကို ပေးအပ်နေသော ကူညီထောက်ပံ့ပေးမှုများကို ချက်ချင်းရပ်တန့်စေလိုကြောင်း မက်ခရွန် က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။ ထို့အပြင် မက်ခရွန်သည် အီရန်၏ နျူကလီးယား အစီအစဉ်များ နှင့် ပတ်သက်ပြီး စိုးရိမ်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ရုရှားနိုင်ငံသို့ အီရန်ထုတ်ဒရုန်းများ ထောက်ပံ့ပေးပို့မှုသည် အီရန်နျူကလီးယားသဘောတူညီချက်ကို ပြဌာန်းထား သည့် (၂ဝ၁၅)ခုနှစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန် နှင့် ယူကရိန်းတို့က ပြောကြားခဲ့သည်။
ရုရှားသည် အီရန်နှင့် ၎င်း၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာလုပ်ဆောင်နေပြီး ယူကရိန်း ကို တိုက်ခိုက်ရန်အတွက် အီရန်နိုင်ငံထံမှ တိုက်ခိုက်ရေးဒရုန်းရာချီကို ရယူခဲ့ကြောင်း အမေရိကန်အစိုးရက ဇွန်လ (၉)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့အပြင် အီရန်နှင့် ပြင်သစ် နှစ်ဖက်လုံးသည် ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင်ပတ်သက်ပြီး ဆက်ဆံရေးမည်သို့ မြှင့်တင်ရမည်ဆိုသည့်အချက်များကိုဆွေးနွေးခဲ့ကြပြီး ဆက်ဆံ ရေးနှင့်ပတ်သက်သည့် လမ်းပြမြေပုံတစ်ခုကို သဘောတူညီခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူစိတ်ဝင်စားမှုများပြားခဲ့တဲ့ လိင်ဆက်ဆံရေး အားကစားပြိုင်ပွဲ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ