Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လူစိတ်ဝင်စားမှုများပြားခဲ့တဲ့ လိင်ဆက်ဆံရေး အားကစားပြိုင်ပွဲ (ဘာသာပြန်ဆောင်းပါး)

မောင်သံလွင် (NSS) - ဇွန် ၁၂

မကြာသေးခင်က အင်တာနက်မှာ ထူးထူးဆန်းဆန်း သတင်းတစ်ခုကို ဆူညံပွက်လောရိုက် ပြောဆိုလာကြပါတယ်။ အဲဒီသတင်းကတော့ ဆွီဒင်နိုင်ငံက “လိင်ဆက်ဆံ” တာကို အားကစားနည်း တစ်မျိုးလို့သတ်မှတ်လိုက်ပြီး ပြိုင်ပွဲတစ်ရပ်ကို ဇွန်လ ၈ ရက်ကစပြီး ရက်သတ္တပတ်ပေါင်းများစွာ ကျင်းပသွားဖို့ရှိတယ်လို့ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းပါ။ DW ဂျာမန်သတင်းဌာနက ဒီကိစ္စကို စုံစမ်းမေးမြန်းပြီး ပြန်လည်တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့ ဂုဏ်သိက္ခာရှိ သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ The Times of India ရဲ့ ဝက်ဘ်ဆိုက်ပေါ်က ခေါင်းကြီးပိုင်းမှာ “ မကြာခင် ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်း ဥရောပ ချန်ပီယံ လုပွဲကြီးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ်” ဆိုတဲ့ သတင်းတက်လာပါတယ်။ သတင်းရဲ့ အဆိုအရ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အနေနဲ့ တရားဝင် အသိအမှတ်ပြု လိုက်ပြီး ဘယ်သူအတော်ဆုံးလဲဆိုတာ ဆုံးဖြတ်တဲ့ ပြိုင်ပွဲတစ်ရပ်ကို လက်ခံကျင်းပပေးသွားမယ်။ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေက နေ့စဉ် ၆ နာရီ အထိကြာမြင့်တဲ့ အဆန်းတကြယ်ယှဉ်ပြိုင်မှု တွေမှာ ပါဝင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

တခြား သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ဒီသတင်းကိုဖော်ပြခဲ့ကြပါတယ်။ 

တချို့ ပါကစ္စတန်သတင်းဝက်ဘ်ဆိုက်တွေကလည်း ဒီသတင်းကိုဖော်ပြခဲ့ကြပါတယ်။ This Greek သတင်းဌာနကတော့ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ဂရိပြိုင်ပွဲဝင်တွေကိုတောင် ဖေါ်ပြလိုက်ပါသေး တယ်။ ဂုဏ်သိက္ခာရှိ တောင်အာဖရိက သတင်းဌာန IOL နဲ့ နိုက်ဂျီးရီးယန်း ဝက်ဘ်ဆိုက်တစ်ခုတို့မှာလည်း ဒီသတင်းကိုဖော်ပြခဲ့ကြပါတယ်။ 

နာမည်ကျော် ဂျာမန် သတင်းမီဒီယာ RTL က ကြည့်ရှုသူတွေကို မေးခွန်းတစ်ခုမေးပြီး စစ်တမ်း ကောက်ယူပါသေးတယ်။ မေးခွန်းက “လိင်ဆက်ဆံတာကို အားကစားတစ်ရပ်အဖြစ် အသိအမှတ်ပြုတဲ့ အပေါ် သင်ဘယ်လိုထင်ပါသလဲ”တဲ့။ 

စီအန်ဘီစီ CNBC နဲ့ ချိတ်ဆက်ထားတဲ့ အိန္ဒိယသတင်းမီဒီယာဌာနကြီးတစ်ခုကဆိုရင်၊ ပြိုင်ပွဲမှာ ဘယ်လို ပါဝင်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုပါ ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်း မှာ ဆွီဒင် လိင်ဆက်ဆံ‌ရေးအဖွဲ့ "Swedish Sex Federation" ဆိုတာနဲ့ချိတ်ဆက်ထားတဲ့ အီးမေးလ် လိပ်စာတစ်ခုလည်း ပါဝင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီ ဝက်ဆိုက်လိပ်စာက တကယ်ရှိပါ တယ်။ ဒါပေမဲ့ URL မတူတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုဆီကို ဦးတည်သွားပါတယ်။ အဲဒီမှာ ပြိုင်ပွဲ စတင်မယ့်အချိန်ကျဖို့ အချိန်မှတ်ပေး running a countdown နေတာကိုတွေ့ရပါတယ်။ နောက်ပြီး ပြိုင်ပွဲကို အဲဒီဝက်ဘ်ဆိုက်ကနေ လိုက်ဖ်ရှိုးလွှင့်မှာလို့လည်း ကြေညာထားပါတယ်။

ဒီသတင်းက အမှန်အကန်ဖြစ်ဖို့ သိပ်ကိုစိတ်လှုပ်ရှားဖို့ ကောင်းလွန်းနေပါတယ်။ တစ်ချက်လောက် စေ့စေ့စပ်စပ်စုံစမ်းကြည့်ကြပါစို့။ 

ကြေငြာချက်- ဆွီဒင်နိုင်ငံက လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အနေနဲ့ အသိအမှတ်ပြုလိုက်ပြီး နောက် ဒီသီတင်းပတ်ထဲမှာ လိင်ဆက်ဆံခြင်း ပြိုင်ပွဲတစ်ရပ် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ပါ လိမ့်မယ်။  

အချက်အလက်စစ်ဆေးချက် 

“ဒီသတင်းအချက်အလက်အားလုံးက မှားပါတယ်” လို့ စတော့ဟုမ်းမှာရှိတဲ့ ဆွီဒင်အားကစားအဖွဲ့ ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် အန်နာဆက်ဇ်မန်း Anna Setzman ကစာနဲ့ရေးပြီး DW သတင်းဌာနကို ဖြေကြား ပါတယ်။ “အခုဆိုရင်၊ ဆွီဒင်နိုင်ငံနဲ့ ဆွီဒင်အားကစားနဲ့ပတ်သက်တဲ့ သတင်းအမှားတစ်ခုဟာ တချို့သော နိုင်ငံတကာသတင်း မီဒီယာတွေမှာ ပြန့်နှံ့နေပါတယ်။ ဒါတွေဟာ မမှန်ဘူးလို့ ပြင်းပြင်း ထန်ထန်ငြင်းဆို ပါတယ်”လို့ သူမက ပြောလိုက်ပါတယ်။

ဒီသတင်း ဘယ်လိုစဖြစ်လာတာလဲ

ဆွီဒင် နေ့စဉ်သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Göteborgs-Posten ကဖေါ်ပြတဲ့ သတင်းအဆိုအရ ဒီ ဇတ်လမ်းတစုံလုံးဟာ Dragan Bratic ဒရာဂန်ဘရာ့တစ်ဆိုတဲ့ ဆွီဒင်အမျိုးသားတစ်ယောက်က စတင်ခဲ့တာလို့ သိရပါတယ်။

သတင်းစာမှာဖော်ပြထားချက်အရ ဘရာ့တစ်ဟာ ဖေါ်ချွတ်ကပွဲရုံပေါင်းများစွာပိုင်ဆိုင်ပြီး လိင်ဆက် ဆံခြင်းကိုလည်း အားကစားတစ်ရပ်အဖြစ် သတ်မှတ်ပေးစေလိုသူဖြစ်ပါတယ်။ သူက ဒီနှစ် ဇန်နဝါရီလ တုန်းက အားကစားအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရဖို့လျှောက်ထားခဲ့ပါတယ်။ ဆွီဒင်အားကစား အဖွဲ့ချုပ်ကို DW သတင်းဌာနက စုံစမ်းမေးမြန်းတဲ့အခါ လိင်ဆက်ဆံရေး အဖွဲ့တစ်ခုရှိပါတယ်လို့ဆိုတဲ့ လူတစ်ယောက်က အဖွဲ့ဝင်အဖြစ်လျှောက်ထားလာခဲ့တာရှိကြောင်း၊ ဒါပေမယ့် အဲဒီလျှောက်ထားချက်ကို မေလထဲတုန်းကပယ်ချခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ 

“တချို့နိုင်ငံတကာ မီဒီယာတွေရဲ့ သတင်းတွေမှာ၊ လိင်ဆက်ဆံရေးအဖွဲ့ဟာ ဆွီဒင်အား ကစားအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီလို့ ဆိုတဲ့သတင်းကြောင့်၊  ဆွီဒင် အားကစားအဖွဲ့ချုပ်အနေနဲ့ အများရဲ့အာရုံစိုက်တာကို ခံလာရပါတယ်”လို့ ဆက်ဇ်မန်းက သူမရဲ့ကြေငြာချက်မှာပြောပါတယ်။“ဒါဟာ ဆွီဒင် အားကစားနဲ့ ဆွီဒင်နိုင်ငံကို အိုးမဲသုတ်ဖို့ ရည်ရွယ်တဲ့သတင်းအတုပါ”လို့ဆိုပါတယ်။ 

အားကစားအဖွဲ့ချုပ်ကတော့ လိင်ဆက်ဆံရေးအဖွဲ့ဆိုတာနဲ့ မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မရှိပါဘူးလို့ ပြတ်ပြတ်သားသားငြင်းဆိုပါတယ်။ မည်သည့် လိင်ဆက်ဆံရေးအဖွဲ့မှ ဆွီဒင် အားကစား အဖွဲ့ချုပ်မှာ အဖွဲ့ဝင်အဖြစ်ပါဝင်တာမရှိပါဘူး”လို့ ဆက်ဇ်မန်းက ပြောပါတယ်။ 

လိင်ဆက်ဆံရေးဆိုတာ မဖွယ်မရာ

လိင်ဆက်ဆံတယ်ဆိုတဲ့ကိစ္စဟာ နိုင်ငံအတော်များများမှာ မဖွယ်မရာ ကိစ္စပါ။ နော့ဒစ်နိုင်ငံတွေမှာ တော့ တမူထူးခြားတဲ့ ပြိုင်ပွဲတွေကျင်းပရာမှာ ထင်ရှားကျော်ကြားပါတယ်။ ဥပမာ ဇနီးမယားကို ချီပွေ့ပြေးရတဲ့ပြိုင်ပွဲ၊ ကမ္ဘာ့ပေါင်းခံချွေးထုတ် ချန်ပီယံလုပွဲ (ပါဝင်ယှဉ်ပြိုင်သူတစ်ယောက် သေဆုံးသွား တဲ့ ၂ဝ၁ဝ ခုနှစ်ပြိုင်ပွဲပြီးတဲ့နောက် အဲဒီပြိုင်ပွဲမကျင်းပတော့ပါ)၊ အသက် ၂၅ နှစ်ပြည့်လို့မှ အိမ်ထောင်မပြုသေးသူကို သစ်ကြံပိုးခေါက်မှုံ့တွေနဲ့ ဖြန်းပက်တဲ့ဓလေ့  စသဖြင့်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် လိင်ဆက်ဆံမှု ပြိုင်ပွဲဆိုတာကတော့ အဲဒီမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။ 

တောင်အာရှဒေသက သတင်းမီဒီယာတချို့က အချက်အလက်မှန်-မမှန်မစစ်ဆေးဘဲ အဲဒီအကြောင်း ကို စိတ်ဝင်တစားဖော်ပြခဲ့ကြတာတွေ့ရပါတယ်။ 

တခြား မီဒီယာတွေမှာလည်း တလွဲဦးတည်သွားစေတဲ့ ဆောင်းပါးတွေဖော်ပြခဲ့ပါတယ်။ ရမက်နှိုးဆွမှုနဲ့ လိင်ဆက်ဆံမှုတို့နဲ့ ပတ်သက်တဲ့ ရှေးဟောင်း သံသကရိုက်ကျမ်း တစ်ခုဖြစ်တဲ့ ကာမသျှတ္တရဆိုင်ရာ ဗဟုသုတက ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေကို ဘယ်လိုအထောက်အကူပြု လိမ့်မယ်ဆိုတာကို ဆောင်းပါးတစောင်ကရှင်းပြထားပြီး နောက်ဆုံး စာပိုဒ်ရောက်တော့မှ ဒီချန်ပီယံရှစ်ပြိုင်ပွဲ သတင်းက အတုကြီးပါလို့ ရေးသားထားပါတယ်။

အချုပ်ပြောရရင် ဒီသတင်းဟာ သတင်းဌာနတွေကရော၊ ဖတ်ရှု နားထောင်ကြသူတွေပါ အလွန်စိတ်ဝင် စားတဲ့ အလိမ်အညာ သတင်းတု တစ်ခုသာဖြစ်ပါကြောင်း။ 

                                                                                                               

Ref: Fact check: No, Sweden is not holding a 'sex championship'

- Why singles in Denmark get covered in cinnamon

- Fact Check: Examining Reports on Sweden’s Alleged First-ever Sex Championship                                                                                         


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာစံနှုန်းကို ဖောက်သည်နိုင်ငံများ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန် နစကဝန်ကြီးဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved