ရုရှားလေယာဉ်ကို သိမ်းယူကာ ယူကရိန်းကိုလွှဲပြောင်းပေးမည်ဟု ကနေဒါအစိုးရ အတည်ပြု
Pika (NSS) - ဇွန် ၁၁
ကနေဒါအစိုးရသည် ရုရှားလေကြောင်းလိုင်း Volga-Dnepr က ပိုင်ဆိုင်သော Antonov-124 သယ်ယူပို့ဆောင်ရေး လေယာဉ်ကိုသိမ်းယူကာ ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း အတည်ပြုပြောဆိုခဲ့သည်။
ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရုဒိုး ယူကရိန်းသို့သွားရောက်လည်ပတ်နေစဉ်အချိန်အတွင်း အဆိုပါ ကြေညာ ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါလေယာဉ်ကို ဖမ်းဆီးခြင်းသည် ရုရှား၏ပိုင်ဆိုင်မှုများ သိမ်းယူခြင်းနှင့် ပတ်သက်ပြီး ကနေဒါအစိုးရ၏ ပထမဆုံးခြေလှမ်းတစ်ခုဖြစ်ပြီး ရုရှားကို ဖိအားပေးရန်အတွက် ရည်ရွယ်ထား ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ကနေဒါသယ်ယူပို့ဆောင်ရေးဝန်ကြီး Omar Alghabra က "စစ်ပွဲ စတင်ကတည်းက ကျွန်တော်တို့ဟာ ယူကရိန်း ပြည်သူတွေဖက်နေ ရပ်တည်နေခဲ့ပါတယ်။ ရုရှားက ပိုင်ဆိုင်ပြီး ကနေဒါနိုင်ငံကို ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် အားလုံးကိုဆန့်ကျင်တဲ့ NOTAM ကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော်တို့ ယူကရိန်းနဲ့အတူ ရပ်တည်ပြီး ရုရှားသမ္မတပူတင်ကို ဖိအားပေးဖို့ ဒီသိမ်းဆည်းမှု အပါအဝင် လိုအပ်တဲ့လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်သွားမှာပါ" ဟု ပြောဆိုခဲ့သည်။
ကနေဒါဝန်ကြီးချုပ်ထရုဒိုး သည် ၎င်း၏လက်ထောက်ဝန်ကြီးချုပ် Chrystia Freeland နှင့်အတူ ဇွန်လ(၁ဝ) ရက်တွင် ယူကရိန်းသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ ထရုဒိုးက "ယူကရိန်းအတွက် ငြိမ်းချမ်းရေးကို ကျွန်တော်တို့ လိုချင်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ရုရှားတို့ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့သည့် (၂ဝ၂၂)ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ကနေဒါ သည် ယူကရိန်းအတွက် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၈)ဘီလျံ ပံ့ပိုးပေးမည်ဟု ကတိပြုထားပြီး ရုရှား၏ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများအကြိမ်ကြိမ် ချမှတ်ခဲ့ကြောင်း သိရသည်။ ကနေဒါ သည် အဆိုပါလေယာဉ်ကို ရုရှားကုမ္ပဏီထံမှ စင်းလုံးငှားရမ်းထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အပြီးပိုင်သိမ်းယူ ကာ ယူကရိန်းကို လွှဲပြောင်းပေးအပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်္ဂလန်ဘောလုံးလောကတွင် ဆုဖလားသုံးလုံးရယူနိုင်သော ဒုတိယမြောက်နည်းပြ ဖြစ်ရသည့်အတွက် ဂုဏ်ယူကြောင်း နည်းပြဂွါဒီယိုလာပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ