Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိုခါမုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခဲ့ရသော ရခိုင်ပြည်နယ်၌ လျှပ်စစ်မီးအား ယခုလကုန်ခန့်တွင်ရာနှုန်းပြည့် ဖြန့်ဖြူးပေးမည်

မျိုးကြီး (NSS) - ဇွန် ၁၁

မိုခါမုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခဲ့ရသော ရခိုင်ပြည်နယ်၌ လျှပ်စစ်မီးအား ယခုဇွန်လကုန်ဝန်းကျင်တွင် ရာနှုန်းပြည့် ပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ ဦးလှသိန်းက NP News ကို ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း(၁၇)မြို့နယ်ရှိသည့်အနက် မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည့် မြို့နယ်ပေါင်း (၁ဝ)မြို့နယ်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်မီးပြတ်တောက်ခဲ့သော (၁ဝ)မြို့နယ်အနက် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ပြီးခဲ့သော ဇွန်လ ၇ ရက်တွင် လျှပ်စစ်မီးပြန်လည်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ရခိုင်မှာ လတ်တလော မီးမရတဲ့မြို့နယ် (၁ဝ)မြို့နယ်ပဲ ရှိတယ်။ အဲဒီမှာ (၂)မြို့နယ် လင်းပြီဆိုတော့ (၈)မြို့နယ်ပဲ ကျန်တယ်။ အဲဒီ (၈)မြို့နယ်တွေကလည်း ဒီလကုန်ရင် လင်းမယ်”ဟု ဦးလှသိန်းက ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးတိုင် (၃ဝဝဝ)ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး လျှပ်စစ်တာဝါတိုင်များ၊ မီးကြိုးများ၊ ထရန်စဖော်မာများသည်လည်း အများအပြားပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်လက်ပြီး ဦးလှသိန်းက “(၁ဝ)မြို့နယ်လောက်မှာ လျှပ်စစ်မီးတိုင်တွေ အလဲဆုံးက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် အဲဒီမြို့(၃)မြို့ကပေါ့။ စစ်တွေမြို့ကတော့ အစိုးရလည်း ရုံးစိုက်တယ်။ မြို့ကလည်း မြို့ကြီးဖြစ်တယ်။ မြို့တော်လည်း ဖြစ်တယ်ဆိုတော့ စစ်တွေမြို့ကို ၂၃ဝ ကေဗွီမဟာဓာတ်အားလိုင်းရောက်အောင် (၇)ရက်နေ့မှာ လုပ်နိုင်ခဲ့တယ်။ အဲဒီမဟာဓာတ်အားလိုင်း ပုဏ္ဏားကျွန်းကနေ ပြန်ခွဲတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့ကြတော့ မရသေးဘူးပေါ့။ မရသေးဘူးဆိုတာက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ကြားမှာ တာဝါတိုင်တွေလည်းရှိတယ်။ နောက် ၆၆ ကေဗွီ တွေလည်းရှိတယ်။ အဲဒီဟာတွေ ပြန်စစ်ရတာပေါ့။ အလားတူပဲ ပုဏ္ဏားကျွန်းကနေ ကျောက်တော်သွားတဲ့ လမ်းတွေမှာ အဲဒီလိုတာဝါတိုင်ပျက်တာတို့၊ ဓါတ်မီးတိုင်ကျိုးတာတွေ ရှိတာပေါ့”ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရေးအတွက် မေလ ၁၈ ရက်မှစတင်ကာ လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၃ဝ ကေဗွီ အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - စစ်တွေဓာတ်အားလိုင်းတို့ကို ဇွန်လ ၇ ရက်၌ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

ထို့ပြင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ကျောက်တော်၊ ပုဏ္ဏားကျွန်း - မြောက်ဦး၊ ပုဏ္ဏားကျွန်း-ရသေ့တောင်၊ ရသေ့တောင် - ဘူးသီးတောင်ဓာတ်အားလိုင်း ပြင်ဆင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပြီး ဇွန်လ စတုတ္ထပတ်နှင့် ဇူလိုင်လ ပထမပတ်တို့တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်၍ မြို့နယ်အားလုံးသို့ လျှပ် စစ်ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ညောင်ဦးမြို့၌ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည် အသက်(၉)နှစ်အရွယ် ကိုရင်(၂)ပါး ရေနစ်ကာ ပျံလွန်တော်မူ

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved