Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မြို့ရှိ အခွန်ရုံး နှင့် နေရာ(၆)ခုတွင် ဖောက်ခွဲမှုများ ကျူးလွန်ထားသော Brave Eagle အဖွဲ့မှ ခေါင်းဆောင် အပါအဝင်(၅)ဦးကို ဖမ်းဆီးရမိဟု နစကထုတ်ပြန်

NP News - ဇွန် ၁၁

ရန်ကုန်မြို့ရှိ အခွန်ရုံး နှင့် နေရာ(၆)ခုတွင် ဖောက်ခွဲမှုများ ကျူးလွန်ထားသော Brave Eagle အဖွဲ့မှ ခေါင်းဆောင် အပါအဝင်(၅)ဦးကို ဖမ်းဆီးရမိကြောင်း နစကမှထုတ်ပြန်ထားသည်။

နစကမှ ဇွန်လ(၁ဝ)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ(၅)ရက်‌၊ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းအခွန်များဦးစီးမှူးရုံး(၃)လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာန၏ ပြည်သူများထိုင်ရန်ပြုလုပ်ထားသည့် စတီးခုံများဘေးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းပေါက်ကွဲမှုကြောင့် အခွန်ဌာနမှ ဝန်ထမ်း(၅)ဦးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖြစ်စဥ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ရာ ဖြစ်စဥ်အားကျူးလွန်ခဲ့သူသည် ဇွန်လ(၅)ရက်၊ နေ့လည်ပိုင်းတွင် ပန်းဆိုးတန်းလမ်းပေါ်မှ အခွန်ဦးစီးမှူးရုံးသို့ နီ/ညိုရောင်လက်ဆွဲအိတ်နှင့် စက္ကူဖိုင်တို့ကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ကြောင်း နစကမှဆိုထားသည်။

ထို့နောက် ၎င်းသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တတိယထပ်ရှိ စတီးထိုင်ခုံတွင် (၂)မိနစ်ခန့်ထိုင်၍ လက် ဆွဲအိတ်ကို ထိုင်ခုံဘေးတွင်ချထားကာ အဝေးမှရီမုဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတင်းပေးမှုအရ ဇွန်လ(၇) ရက်၊ နံနက်ပိုင်းတွင် ရီမုမိုင်းဖောက်ခွဲမှုတွင် ပါဝင်ခဲ့သူသည် ကြည့်မြင်တိုင်မြို့နယ်၊ အုန်းပင်လမ်းနှင့် ဗိုလ်သူရလမ်းပေါ်ရှိ တိုက်အမှတ်(၂၇)(၂)လွှာ၊ အခန်း(B) တွင် နေထိုင်ကြောင်းသိရပြီး သွားရောက်ဖမ်းဆီးခဲ့ရာ ကျူးလွန်သူသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရာ တိုက်ခန်းအတွင်းမှ လက်ပစ်ဗုံး လေးလုံး၊ လက်လုပ်‌ဗုံး တစ်လုံးနှင့် ၎င်းအသုံးပြုခဲ့သည့် အင်္ကျီနှင့် ပုဆိုးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ဆက်လက်စုံစစ်စစ်ဆေးမှုအရ ၎င်းသည် အဆိုပါ တိုက်ခန်းအား အိမ်ခြံမြေပွဲစားမှတစ်ဆင့် ၂၀၂၃ ခုနှစ် ၊ ဧပြီလမှ ဇူလိုင်လအထိ တစ်လလျှင် ကျပ်နှစ်သိန်းခွဲဖြင့် ငှားရမ်းနေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဇွန်လ(၈)ရက်၊ ညနေပိုင်းတွင် တိုက်ခန်းတွင် ငှားရမ်းနေထိုင်ခဲ့သူ အောင်မြင်သူအား ၎င်းနေထိုင်သည့် စမ်း‌ချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အောင်မြင်သူ၏ ထွက်ဆိုချက်အရ ဇွန်လ(၈)ရက်၊ ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်ရှိ အောင်သပြေ(၃)၊ ဟိုတယ်အခန်း အမှတ်(၂၁၇)တွင် အောင်မြင့်မြတ်နှင့် ဓနနောင်ဝင်းတို့ (၂)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖမ်းဆီးရမိသူ အောင်မြင်သူ၏ ထွက်ဆိုချက်အရ ဇွန်လ(၈)ရက်၊ ညပိုင်းတွင် လှိုင်မြို့နယ် (၃)ရပ်ကွက်၊ တိုက်အမှတ်(၁ဝ)၊ အခန်း(၇)၌ ကျော်စည်သူအား ဖမ်းဆီးရမိခဲ့ပြီး ကျော်စည်သူ၏ ထွက်ဆိုချက်အရ ဇွန်လ(၉)ရက်၊ ညနေပိုင်းတွင် ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း(၈)လမ်း၊ အထက်တိုက်အမှတ်(၇၂)၊ အခန်းအမှတ်(3A)တွင် အောင်ခန့်ပိုင်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။

ဖြစ်စဥ်တွင် လက်လုပ်မိုင်းဖောက်ခွဲခဲ့သည့် အမျိုးသား(၅)ဦးနှင့်အတူ လက်ပစ်ဗုံး လေးလုံး၊ လက်လုပ်‌ဗုံး တစ်လုံးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ အောင်မြင်သူသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လဒုတိယပတ်တွင် Dark Shadow အဖွဲ့ခေါင်းဆောင်ဖမ်းဆီးရန် ကျန်ရှိသူ ချမ်းငြိမ်းသူက အကြမ်းဖက်လုပ်ရပ်များလုပ်‌ ဆောင်ရန် STF အဖွဲ့မှ ဖမ်းဆီးရန်ကျန်ရှိသူ နွေနွေ၊ ယသော်တို့နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့က ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် လက်နက်၊ ခဲယမ်းနှင့် ငွေကြေးများကို ထောက်ပံ့ပေးခဲ့ကြောင်း နစကမှ ဆိုထားသည်။

၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန်ရှိသူ နွေနွေ၏ခိုင်းစေမှုဖြင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် Brave Eagle အဖွဲ့အား အောင်မြင်သူ ခေါင်းဆောင်၍ အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း နစကမှ ဖော်ထုတ်သိရှိရသည်။

ထို့နောက် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ Brave Eagle အဖွဲ့သည် ရန်ကုန်မြို့အတွင်း၌ ဖောက်ခွဲမှု(၇)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းတို့၏ ဆက်လက်ထွက်ဆိုချက်အရ မိုင်းထောင်ဖောက်ခွဲမှုများ ဆောင်ရွက်ရာတွင် ဖမ်းဆီးရန်ကျန်ရှိသည့် နွေနွေနှင့် ချမ်းငြိမ်းသူတို့ နှစ်ဦးက ငွေကြေး‌ထောက်ပံ့ပေးခဲ့ပြီး တစ်ကြိမ်ဖောက်ခွဲသူအား ငွေကျပ် (၁)သိန်းနှုန်းဖြင့်လည်းကောင်း၊ အခြေအနေကြည့်ရှုပေးသူအား ငွေကျပ် သုံးသောင်းနှုန်းဖြင့် ထောက်‌ပံ့ပေးခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ပြင် အဆိုပါ Brave Eagle အဖွဲ့သည် ယခုလအတွင်း ဗဟန်းမြို့နယ် Mytel တာဝါတိုင်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအား မိုင်းထောင်ဖောက်ခွဲရန် စီစဥ်ထားရှိကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပ‌ဒေအရ ထိရောက်စွာအရေးယူနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စားသုံးကုန်ဈေးနှုန်းများကို ထိုက်သင့်သည့်ဈေးထက် ဈေးတင်ရောင်းချနေသော ဝိသမလောဘသားများကို စစ်ဆေးရန် တပ်ချုပ်တိုက်တွန်း

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved