Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၂)နှစ်အတွင်း ကမ္ဘာ့အဆင့်(၁၅၉) နေရာသို့ရောက်ရှိသွားသည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်း

ရဲပြည့် (NP News) - ဇန်နဝါရီ ၅

မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည် ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်အတွင်း နိုင်ငံတကာပွဲစဉ် (၂၁)ပွဲ ကစားထားရာ (၁၇)ပွဲရှုံးနိမ့်ထားပြီး ကမ္ဘာ့အဆင့် (၁၃၇)နေရာမှ (၁၅၉)သို့ရောက်ရှိသွားပြီဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ၂ဝ၂ဝ ခုနှစ်၊ ဒီဇင်ဘာလက ကမ္ဘာ့အဆင့် (၁၃၇)နေရာတွင် ရပ်တည်နေသော်လည်း ၂ဝ၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ဖီဖာ၏နောက်ဆုံးထုတ်ပြန်ချက်အရ အဆင့်(၁၅၉) အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

မြန်မာအသင်းသည် ၂ဝ၂၁ ခုနှစ်အတွင်း ခြေစမ်းပွဲအပါအဝင် နိုင်ငံတကာပွဲစဉ်(၉)ပွဲကစားထားရာ တစ်ပွဲသာအနိုင်ရထားပြီး (၈)ပွဲအထိ ရှုံးနိမ့်ထားခဲ့သည်။ ထို့ပြင် ၂ဝ၂၂ ခုနှစ်အတွင်း၌လည်း ခြေစမ်းပွဲအပါအဝင် နိုင်ငံတကာပွဲစဉ်(၁၂)ပွဲကစားထားရာ သရေပွဲ(၂)ပွဲရှိခဲ့ပြီး (၁ဝ)ပွဲအထိ ရှုံးနိမ့်ထားခဲ့သည်။ မြန်မာအသင်းသည် ၂ဝ၂၁-၂ဝ၂၂ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်(၂၁)ပွဲတွင် (၁)ပွဲသာအနိုင်ရထားပြီး သရေ(၃)ပွဲနှင့် (၁၇)ပွဲရှုံးနိမ့်ထားကာ ခြေစွမ်းပိုင်းသိသိသာသာ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တိုင်းတွင်လည်း ဂိုးပြတ်အနေအထားများဖြင့် အရေးနိမ့်ထားသည်ကိုတွေ့ရသည်။ မြန်မာလက်ရွေးစင်အသင်း၏ နည်းပြချုပ် အန်တွမ်နီဟေးသည် မြန်မာအသင်းကို နှစ်ကြိမ်ကိုင်တွယ်ခဲ့ပြီး ပထမအကြိမ်ကိုင်တွယ်ခဲ့စဉ်က မြန်မာအသင်းသည် ၂ဝ၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှထွက်ခဲ့ရပြီး ဒုတိယအကြိမ်ကိုင်တွယ်ရာတွင် ၂ဝ၂ဝ အာဆီယံဆူဇူကီးဖလားတွင် အုပ်စုမှထွက်ခဲ့ရသကဲ့သို့ ၂ဝ၂၃ အာရှဖလားဒုတိယအဆင့်ခြေစစ်ပွဲတွင်လည်း အုပ်စုမှထွက်ရပြီး လက်ရှိ ၂ဝ၂၂ အာဆီယံမစ်ဆူဘီရှီဖလားပြိုင်ပွဲတွင်လည်း အုပ်စုမှ လှည့်ပြန်ခဲ့ရပြီလည်းဖြစ်သည်။

ပြီးခဲ့သည့် လာအိုအသင်းနှင့် ကန်မည့်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် နည်းပြ အန်တွမ်နီဟေးက "၂ဝ၂၃ ဆီးဂိမ်းမှာ အသင်းကြီးက ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို မျှတစွာ အသုံးပြုသွားမယ်"ဟု ပြောကြားချက်အရ ၂ဝ၂၃ ဆီးဂိမ်းပြိုင်ပွဲဝင် U-23 အသင်းကိုလည်း ၎င်းက ကိုင်တွယ်သွားဖွယ်ရှိနေသည်။

အဆိုပါ ရှုံးနိမ့်မှုများသည် ကိုဗစ်ကပ်ရောဂါနှင့်အတူ နိုင်ငံရေးပယောဂများကြောင့်ဟု ပြော၍ရသော်လည်း နိုင်ငံအတွက် ကိုယ့်စာပြုမပေးခဲ့သည့် ပြည်ပရောက် လက်ရွေးစင်ကစားသမားကောင်းများကြောင့်ဟုလည်း ဆိုနိုင်သည်။

ပြည်တွင်းလိဂ်တွင်ရှိသည့် ကစားသမားများနှင့် ပြည်ပမှပြန်လာပေးသည့်ကစား သမား(၆)ယောက်လောက်ဖြင့်သာ စုဖွဲ့ထားသည့် မြန်မာအသင်းသည်နိုင်ငံတကာကို ထိုးဖောက်နိုင်ခြင်းမရှိသည်ကို အံ့အားသင့်စရာမရှိသော်လည်း ၎င်းတို့အနေဖြင့်အနည်းဆုံး နိုင်ငံချစ်စိတ်ရှိနေသေးသည်။

မြန်မာနိုင်ငံတွင်ရှိသည့် မြန်မာလူမျိုးများကိုယ်တိုင်သည်လည်း မိမိနိုင်ငံ၏ ဘော လုံးအသင်းကို အမျိုးမျိုးပုတ်ခတ်နေသည့်အတွက် နိုင်ငံ၏အာကစားသည် ကမ္ဘာ့တွင် ပြန်လည်ဦးမော့လာရန် နှစ်ပေါင်းများစွာ ကြာမြင့်နေအုံးမည်မှာ အသေအချာ ပင်ဖြစ်သည်။


zawgyi version

(၂)ႏွစ္အတြင္း ကမာၻ႔အဆင့္(၁၅၉) ေနရာသို႔ေရာက္ရွိသြားသည့္ ျမန္မာလက္ေ႐ြးစင္ေဘာလုံးအသင္း

ရဲျပည့္ (NP News) - ဇန္နဝါရီ ၅

ျမန္မာလက္ေ႐ြးစင္ေဘာလုံးအသင္းသည္ ၂ဝ၂၁ ခုႏွစ္ႏွင့္ ၂ဝ၂၂ ခုႏွစ္အတြင္း ႏိုင္ငံတကာပြဲစဥ္ (၂၁)ပြဲ ကစားထားရာ (၁၇)ပြဲရႈံးနိမ့္ထားၿပီး ကမာၻ႔အဆင့္ (၁၃၇)ေနရာမွ (၁၅၉)သို႔ေရာက္ရွိသြားၿပီျဖစ္သည္။

ျမန္မာအသင္းအေနျဖင့္ ၂ဝ၂ဝ ခုႏွစ္၊ ဒီဇင္ဘာလက ကမာၻ႔အဆင့္ (၁၃၇)ေနရာတြင္ ရပ္တည္ေနေသာ္လည္း ၂ဝ၂၂ခုႏွစ္၊ ဒီဇင္ဘာလ ၂၂ ရက္ ဖီဖာ၏ေနာက္ဆုံးထုတ္ျပန္ခ်က္အရ အဆင့္(၁၅၉) အဆင့္သို႔ ေရာက္ရွိသြားၿပီျဖစ္သည္။

ျမန္မာအသင္းသည္ ၂ဝ၂၁ ခုႏွစ္အတြင္း ေျခစမ္းပြဲအပါအဝင္ ႏိုင္ငံတကာပြဲစဥ္(၉)ပြဲကစားထားရာ တစ္ပြဲသာအႏိုင္ရထားၿပီး(၈)ပြဲအထိ ရႈံးနိမ့္ထားခဲ့သည္။ ထို႔ျပင္ ၂ဝ၂၂ ခုႏွစ္အတြင္း၌လည္း ေျခစမ္းပြဲအပါအဝင္ ႏိုင္ငံတကာပြဲစဥ္(၁၂)ပြဲကစားထားရာ သေရပြဲ(၂)ပြဲရွိခဲ့ၿပီး (၁ဝ)ပြဲအထိ ရႈံးနိမ့္ထားခဲ့သည္။ ျမန္မာအသင္းသည္ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္အတြင္း ယွဥ္ၿပိဳင္ခဲ့သည့္ ပြဲစဥ္(၂၁)ပြဲတြင္ (၁)ပြဲသာအႏိုင္ရထားၿပီး သေရ(၃)ပြဲႏွင့္ (၁၇)ပြဲရႈံးနိမ့္ထားကာ ေျခစြမ္းပိုင္းသိသိသာသာ ထိုးက်သြားခဲ့ျခင္းျဖစ္သည္။ ရႈံးနိမ့္ခဲ့သည့္ ပြဲစဥ္တိုင္းတြင္လည္း ဂိုးျပတ္အေနအထားမ်ားျဖင့္ အေရးနိမ့္ထားသည္ကိုေတြ႕ရသည္။

ျမန္မာလက္ေ႐ြးစင္အသင္း၏ နည္းျပခ်ဳပ္ အန္တြမ္နီေဟးသည္ ျမန္မာအသင္းကို ႏွစ္ႀကိမ္ကိုင္တြယ္ခဲ့ၿပီး ပထမအႀကိမ္ကိုင္တြယ္ခဲ့စဥ္က ျမန္မာအသင္းသည္ ၂ဝ၁၈ အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲမွထြက္ခဲ့ရၿပီး ဒုတိယအႀကိမ္ကိုင္တြယ္ရာတြင္ ၂ဝ၂ဝ အာဆီယံဆူဇူကီးဖလားတြင္ အုပ္စုမွထြက္ခဲ့ရသကဲ့သို႔ ၂ဝ၂၃ အာရွဖလားဒုတိယအဆင့္ေျခစစ္ပြဲတြင္လည္း အုပ္စုမွထြက္ရၿပီး လက္ရွိ ၂ဝ၂၂ အာဆီယံမစ္ဆူဘီရွီဖလားၿပိဳင္ပြဲတြင္လည္း အုပ္စုမွ လွည့္ျပန္ခဲ့ရၿပီလည္းျဖစ္သည္။

ၿပီးခဲ့သည့္ လာအိုအသင္းႏွင့္ ကန္မည့္ပြဲစဥ္မတိုင္မီ သတင္းစာရွင္းလင္းပြဲတြင္ နည္းျပ အန္တြမ္နီေဟးက "၂ဝ၂၃ ဆီးဂိမ္းမွာ အသင္းႀကီးက ကစားသမားေတြနဲ႔ လူငယ္ကစားသမားေတြကို မွ်တစြာ အသုံးျပဳသြားမယ္"ဟု ေျပာၾကားခ်က္အရ ၂ဝ၂၃ ဆီးဂိမ္းၿပိဳင္ပြဲဝင္ U-23 အသင္းကိုလည္း ၎က ကိုင္တြယ္သြားဖြယ္ရွိေနသည္။ အဆိုပါ ရႈံးနိမ့္မႈမ်ားသည္ ကိုဗစ္ကပ္ေရာဂါႏွင့္အတူ ႏိုင္ငံေရးပေယာဂမ်ားေၾကာင့္ဟု ေျပာ၍ရေသာ္လည္း ႏိုင္ငံအတြက္ ကိုယ့္စာျပဳမေပးခဲ့သည့္ ျပည္ပေရာက္ လက္ေ႐ြးစင္ကစားသမားေကာင္းမ်ားေၾကာင့္ဟုလည္း ဆိုႏိုင္သည္။

ျပည္တြင္းလိဂ္တြင္ရွိသည့္ ကစားသမားမ်ားႏွင့္ ျပည္ပမွျပန္လာေပးသည့္ကစား သမား(၆)ေယာက္ေလာက္ျဖင့္သာ စုဖြဲ႕ထားသည့္ ျမန္မာအသင္းသည္ႏိုင္ငံတကာကို ထိုးေဖာက္ႏိုင္ျခင္းမရွိသည္ကို အံ့အားသင့္စရာမရွိေသာ္လည္း ၎တို႔အေနျဖင့္အနည္းဆုံး ႏိုင္ငံခ်စ္စိတ္ရွိေနေသးသည္။

ျမန္မာႏိုင္ငံတြင္ရွိသည့္ ျမန္မာလူမ်ိဳးမ်ားကိုယ္တိုင္သည္လည္း မိမိႏိုင္ငံ၏ ေဘာ လုံးအသင္းကို အမ်ိဳးမ်ိဳးပုတ္ခတ္ေနသည့္အတြက္ ႏိုင္ငံ၏အာကစားသည္ ကမာၻ႔တြင္ ျပန္လည္ဦးေမာ့လာရန္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနအုံးမည္မွာ အေသအခ်ာ ပင္ျဖစ္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းရောက်မြန်မာများ၏ အခက်အခဲများ ဖြေရှင်းကူညီနိုင်ရေး ကာလတို၊ ကာလရှည် စီမံချက်များဖြင့် ဆောင်ရွက်မည်

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved