နိုင်ငံတောင်ပိုင်းကို ထိုင်းနိုင်ငံကနေခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်တဲ့နိုင်ငံအဖြစ် တောင်းဆိုလှုပ်ရှားမယ့်သူတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်သတိပေး
ဂျန်ဇက် (NP News) - ဇွန် ၁ဝ
ထိုင်းနိုင်ငံတောင်ပိုင်းကို ကိုယ်ပိုင်လွတ်လပ်ရေးရယူသင့်၊ မသင့်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး လူထုဆန္ဒခံ ယူပွဲကျင်းပပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်နေသူများကို အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းကို "Pattani State" အမည်ရှိ မွတ်စလင်နိုင်ငံအဖြစ် ရှိသင့်၊ မရှိသင့်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲပြုလုပ်မယ့်သတင်းများထွက်ပေါ်လာပြီးနောက် အရေးယူဆောင်ရွက်ဖို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကို ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ထိုင်းအမှတ် ၄ တပ်မရဲ့ ဒုတိယအကြီးအကဲက လုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်းနိုင်ငံကနေ ပက်တာနီ ပြည်နယ်ကို ကိုယ်ပိုင်လွတ်လပ်တဲ့ မွတ်စလင်နိုင်ငံအဖြစ်တည်ထောင်ဖို့ ဆန္ဒခံယူပွဲကျင်းပမယ့်အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ အဲဒီဆန္ဒခံယူပွဲက ထိုင်းနိုင်ငံအတွင်းကနေ ခွဲထွက်ဖို့ကြိုးပမ်းတာဖြစ်ပြီး တရားမဝင်လှုပ်ရှားမှုဖြစ်ကြောင်း ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဒေသလေးခုရှိ ကျောင်းသားတွေဟာ Prince of Songkla တက္ကသိုလ်ကို စုရုံးရောက်ရှိလာပြီး ထိုင်းနိုင်ငံတောင်ပိုင်း ပက်တာနီကို ထိုင်းနိုင်ငံကနေခွဲထွက်ဖို့အတွက် ဆန္ဒခံယူပွဲပြုလုပ်ရေး ဦးဆောင်လှုံဆော်နေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းများထွက်ပေါ်နေပါတယ်။ ထိုင်း ဗိုလ်ချုပ် ပရာမတ်က ကျောင်းသားများအနေနဲ့လွတ်လပ်စွာပြောရေးဆိုခွင့်ရှိပေမယ့် နိုင်ငံဥပဒေ၊ နိုင်ငံပိုင်နက် နယ်မြေများနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ချိုးဖောက်မှု မရှိအောင်ဂရုစိုက်သင့်ကြောင်း၊ ထိုင်းလုံခြုံရေးအဖွဲ့တွေဟာ ပက်တာနီပြည်နယ်ကို ခွဲထွက်ပြီး နိုင်ငံအဖြစ်တည်ထောင်ဖို့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းပြောပါတယ်။
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး Mr Supoj က "ထိုင်းနိုင်ငံကခွဲထွက်ပြီး ကိုယ်ပိုင်လွတ် လပ်ရေး ရယူဖို့ ဆန္ဒခံယူပွဲပြုလုပ်မယ့် လုပ်ရပ်က တရားမဝင်သလို ဘယ်သူမှအကျိုးရှိမှာမဟုတ်ဘူး၊ ထိုင်းတောင်ပိုင်းမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ဥပဒေတွေကို သတ်မှတ်ကြေညာရမယ်။ ပြည်သူတွေဘေးအန္တရာယ်မဖြစ်စေဖို့ပြည်သူတွေ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့ လုံခြုံရေးဥပဒေတွေ သတ်မှတ်ရမယ်" လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဒေသဖွံဖြိုးရေးတံတား မိုင်းခွဲဖျက်ဆီးခံရ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ