Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်လိုက်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင် အသိပေး

ဂျန်ဇက် (NP News) - ဇွန် ၁ဝ

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင်က ၎င်းအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ယနေ့ (ဇွန်လ ၁ဝ ရက်)မှာသတင်းထုတ်ပြန်လိုက်ပါတယ်။

ဘော်ရစ်ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းများကို လိုက်နာမှုရှိ၊ မရှိဆိုတဲ့အချက်ကိုလွှတ်တော်အတွင်း စုံစမ်းစစ်ဆေးမေးမြန်းခံရပြီးနောက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့စည်းကမ်းများထုတ်ပြန်ခဲ့ပေမယ့် ဝန်ကြီးချုပ်ရုံးမှာတော့ အခြားဝန်ထမ်းတွေနဲ့အတူ ပါတီပွဲတွေ ကျင်းပခဲ့တယ်လို့ စွပ်စွဲဝေဖန်မှုများရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ 

ဘော်ရစ်ဂျွန်ဆင်ဟာ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် စည်းကမ်းများကို ချိုးဖောက်တယ်ဆိုပြီး လွှတ်တော်အတွင်း စွဲချက်တင်ခံရကာ ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ခဲ့ရသူဖြစ်ကြောင်းသိရပါတယ်။ ဘော်ရစ်ဂျွန်ဆင်က "ကျွန်တော်အနေနဲ့ လက်ရှိအချိန်ကစတင်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်။ အဲဒီလိုမျိုးနုတ်ထွက်လိုက်ရလို့ ဝမ်းနည်းရပါတယ်။ စွပ်စွဲပြောဆိုချက်တွေ မှန်ကန်ကြောင်း ခိုင်မာတဲ့သက်သေပြနိုင်ခြင်းမရှိပေမယ့် လူနည်းစုက ကျွန်တော်ကို နုတ်ထွက်ဖို့ ဖိအားပေးတာမျိုးတွေရှိခဲ့တယ်။လွှတ် တော်အတွင်းကနေ မောင်းထုတ်ဖို့ ကြိုးပမ်းခဲ့ကြတယ်"လို့ပြောပါတယ်။

ဘော်ရစ်ဂျွန်ဆင်ဟာလက်ရှိအချိန်မှာ ဝန်ကြီးချုပ်တာဝန်ယူချိန်အတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခဲ့တယ်လို့ပြောဆိုပြီး လွှတ် တော်ကိုလှည့်စားဖို့ ကြိုးပမ်းခဲ့ခြင်းရှိ၊ မရှိဆိုတဲ့အချက်ကို စုံစမ်းစစ်ဆေးခံနေရကြောင်းလွှတ်တော်စုံစမ်းရေးကော်မတီကပြောပါတယ်။ လွှတ်တော် စုံစမ်းရေးကော်မတီက ဘော်ရစ် ဂျွန်ဆင်ဟာ လွှတ်တော်ကို ဝေဖန်ပြစ်တင်ပြီး လှည့်စားဖို့ ကြိုးပမ်းကြောင်း စစ်ဆေးတွေ့ရှိရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ (၁ဝ)ရက်ကြာ ဆိုင်းငံ့ခံရမှာဖြစ်ကြောင်းပြောပါတယ်။ ဘော်ရစ်ဂျွန်ဆင်က လွှတ်တော်ရဲ့စုံစမ်းရေးကော်မတီဟာ ၎င်းကို လွှတ်တော်အတွင်းကနေ မောင်းထုတ်ဖို့ ကြိုးပမ်းခဲ့ကြောင်း ဝေဖန်ထားပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်း၌ထုတ်လုပ်မည့် SKD နှင့် CKD ကားများကို အကောက်ခွန်နှုန်းလျော့ချပေးနေ

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved