မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ပူးတွဲစစ်ရေးလေကျင့်သွားမည်ဟု အင်ဒိုနီးရှားရေတပ်အကြီးအကဲပြော
ဂျန်ဇက် (NP News) - ဇွန် ၈
အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းစုများ၏ North Natuna ပင်လယ်ပြင်တွင် ကျင်းပမည့် အာဆီယံနိုင်ငံများ၏ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာစစ်တပ် အပါအဝင် အာဆီယံနိုင်ငံများ၏ စစ်တပ်များ ပူးပေါင်းလေ့ကျင့်သွားဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် Admiral Yudo Margono က ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အာဆီယံအဖွဲ့ဝင်ငံအားလုံး၏ ပထမဆုံးအကြိမ် ပူးပေါင်းပြုလုပ်သော စစ်ရေး လေ့ကျင့်ခန်းဖြစ်လာဖွယ်ရှိနေကြောင်း ၎င်းက ပြောသည်။
၎င်းက "ကျွန်တော်တို့ဟာ ASEAN Solidity Exercise (ENatuna) (or) Asec01N အမည်ရှိ အာဆီယံနိုင်ငံများ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို North Natuna ပင်လယ်ပြင်မှာ လေ့ကျင့်သွားမှာပါ" ဟု ပြောသည်။ အရှေ့တီမော အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ စစ်တပ်အကြီးအကဲ ၁၁ ဦးစလုံးသည် လာမည့် စက်တင်ဘာလတွင် အာဆီယံ၏ ပထမဆုံးအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ရန် သဘောတူညီ ခဲ့ကြောင်း Admiral Yudo Margono က ပြောသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ ပူးပေါင်းပါဝင်မည် ဖြစ်ပြီး တိုက်ခိုက်ရေး၊ စစ်ရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်သော လေ့ကျင့်ခန်းများပါဝင်မည် မဟုတ်ကြောင်း အင်ဒိုနီးရှားရေတပ်ဗိုလ်ချုပ်ကြီး က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပသော အကြိမ် ၂ဝ မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်း အဝေးကို မြန်မာနိုင်ငံမှ လွှဲပြီး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်ခဲ့ကြောင်း၊ မြန်မာစစ်တပ်ကိုယ်စားပြုအဖြစ် ဗိုလ်ချုပ်ဖြိူးဇော်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား ရေတပ် ဦးစီးချုပ် Admiral Yudo Margono က" ကျွန်တော်တို့ဟာ မြန်မာ စစ်တပ်အကြီးအကဲကို အစည်းအဝေးတက်ရောက်ဖို့ အတင်းအကြပ်လုပ်လို့မရဘူး။ ကျွန်တော်တို့ဟာ မြန်မာစစ်တပ်အကြီးအကဲကို ဖိတ်ကြားခဲ့ပေမယ့် အခြားကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ဖို့ စေလွှတ်ခဲ့တယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်ရှိ ငါးဖမ်းသမားများနှင့် လယ်သမားများအတွက်လိုအပ်သောကိရိယာများ ထပ်မံကူညီပေးသွားမည်ဟု UNDP အဖွဲ့ပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း