Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို မန္တလေး၌ စတင်ကျင်းပလျက်ရှိပြီး ပုပ်ရဟန်းမင်းကြီး အပါအဝင် နိုင်ငံတကာအဖွဲ့များက ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့

NP News - ‌ဇွန် ၆

နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်၌ ယနေ့(ဇွန်လ ၆ ရက်)၊ နေ့လည်(၂) နာရီအချိန်တွင် စတင်ကျင်းလျက်ရှိသည်။

အဆိုပါ အခမ်းအနားကို နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက တက်ရောက်ကာ ဖူးမြော်ကြည်ညိုလျက်ရှိ‌ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အပါအဝင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာစသည့်နိုင်ငံများမှ ဘာသာရေးအဖွဲ့အစည်းများကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ကာ အခမ်းအနား၌ ဖတ်ကြားမှုများပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် ဗုဒ္ဓသာသနာတော်အတွက် ကြီးမား သော ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ကြောင်း ပေးပို့သည့်ဝမ်းနည်းကြောင်း သဝဏ်လွှာများ၌ ဖော်ပြထားသည်။

လက်ရှိတွင် ဗန်းမော်ကျောင်းတိုက်၌ အန္တိမအဂ္ဂိဈာပန သာဓုကီဠန အခမ်းအနားကို ကျင်းပလျက်ရှိပြီး မကြာခင်အချိန်တွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါလေဆိပ်ဟောင်း၌ ဆရာတော်ကြီး၏ ရုပ်ကလာပ်အား တေဇောဓာတ်မီးပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် (ဇွန် ၇ ရက်‌) နံနက်(၅)နာရီအချိန်ခန့်တွင် ဗန်းမော်ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်ခဲ့သော အရိုးဓာတ်ပြာတော်များကို မန္တလေးမြို့ရှိ မရမ်းခြံဆိပ်ကမ်းမှတဆင့် ဧရာဝတီမြစ်အတွင်းသို့ ရေမျှောပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက် တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီးသည် ပြီးခဲ့သည့် (မေလ ၂၅ ရက်)၊ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူခဲ့ခြင်းဖြစ်သည်။

အရှင်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် မန္တလေးမြို့ရှိ ဗန်းမော်ကျောင်းတိုက်တွင် ပျံလွန်မူခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပျံလွန်တော်မူချိန်၌ သက်တော်သည် (၉၄)နှစ်ရှိပြီဖြစ်ကာ ဝါတော်သည် (၇၄)ဝါရှိပြီဖြစ်သည်။

ဗန်းမော်ဆရာတော်ကြီးသည် သက်တော်ရှည် ဆရာတော်ကြီးဖြစ်သည့်အပြင် (၂ဝ၁ဝ) ပြည့်နှစ်မှစ၍ ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌအဖြစ် (၁၃)နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တာဝန်ထမ်းဆောင်ခဲ့ချိန်၌ ဆရာတော်ကြီးသည် သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ပြီး ယခုကဲ့သို့ ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးလည်း ဖြစ်သည်။

ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ကုမာရာဘိဝံသအလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော်ဦးဘိုးသစ်၊ မယ်တော်ဒေါ် အေးသိုက်တို့က ဖွားမြင်တော်မူခဲ့ကြောင်း သိရသည်။

ထို့နောက် ဗန်းမော်ဆရာတော်အလောင်းလျာသည် ၁၃ဝ၄ ခုနှစ် ဝါဆိုလဆန်း(၈)ရက်တွင် တောင်သာမြို့နယ်၊ ဆင်မင်းကျေးရွာ၊ ဆင်မင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြုကာ မိဘနှစ်ပါးတို့၏ ပစ္စယာနဂ္ဂဟကိုခံယူပြီး ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၁၃၁ဝ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁ဝ)ရက်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ထို့နောက် ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့၊ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့၊ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt) ဘွဲ့၊ Doctor of Letters (D.Litt) ဘွဲ့၊ ကိုးရီးယားနိုင်ငံ Sehan University မှ ဆက်ကပ်သော ဘာသာရေးအတွေ းအခေါ်ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D) ပါရဂူဘွဲ့တို့ကို ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင်(၆၆) ပါးအဖွဲ့၌ ပါဝင်ကာ မန္တလေးတိုင်းအတွင်း လှည့်လည်ဟောပြောမှုပြု၍ သာသ နာပြုတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒေါက်တာအရှင်ကုမာရာဘိဝံသည် ၂ဝ၁ဝ ပြည့်နှစ်၊ ဇူလိုင်လမှ လက်ရှိအချိန်အထိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် လည်း သာသနာ့တာဝန်များကို ထပ်မံဆောင်ရွက်တော်မူခဲ့သည်။

ထိုကဲ့သို့ ဗုဒ္ဓသာသနာတော်အကျိုးကို ဆောင်ရွက်တော်မူခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရက အဘိဓဇအဂ္ဂမဟာသဒ္ဓ မ္မဇောတိကဘွဲ့ တံဆိပ်တော်၊ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်၌ ၂ဝ၂၃ ခုနှစ်၏ (၅)လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု (၂၅)ခုဝင်‌ရောက်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved