Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းဘက်မှပစ်ခတ်ခဲ့သည့် ကျည်ဆံများ ရုရှားနယ်စပ်ဒေသကို ညလုံးပေါက်ရောက်လာခဲ့ပြီးနောက် ကလေးငယ်များကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရဟုဆို

ဂျန်ဇက် (NP News) - ဇွန် ၅

ရုရှားပိုင်နက် Belgorod ထဲကို ယူကရိန်းဘက်က ပစ်ခတ်တိုက်ခိုက်တဲ့ ကျည်ဆံများ ကျရောက်မှုကြောင့် (၂)ဦးသေဆုံးခဲ့ပြီး ကလေးငယ်ပေါင်းရာချီကို ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသအုပ်ချုပ်ရေးမှူး ဂလာကောဗ့်က ပြောပါတယ်။

ယူကရိန်းတို့ပစ်ခတ်ခဲ့တဲ့ ကျည်ဆံတွေဟာ ယူကရိန်းနဲ့ ရုရှားနယ်စပ်ဒေသမြို့ဖြစ်တဲ့ Belgorod မြို့ထဲကို ဇွန်လ ၄ ရက်မှာ ညလုံးပေါက်နီးပါးကျရောက်ခဲ့ကြောင်း၊ ကျည်ဆံများကျရောက်မှုကြောင့် ဒေသခံ (၄ဝဝဝ)ကျော်ကို ယာယီနားခိုရာစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ၎င်းကပြောပါတယ်။ Belgorod ဒေသအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဂလာကောဗ့်က "ယူကရိန်းတို့ ပစ်ခတ်တဲ့ ကျည်ဆံတွေဟာ မြို့ထဲကို ညလုံးပေါက်ကျရောက်ခဲ့တယ်" လို့ပြောပါတယ်။

ယူကရိန်း နဲ့ ရုရှားတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယူကရိန်းနဲ့ ရုရှားနယ်စပ်မြို့ကို ယူကရိန်းဘက်က ပစ်ခတ်တဲ့ကျည်ဆံများ မကြာခဏကျရောက်ခဲ့ပေမယ့် ဒီသီတင်းပတ်အတွင်းမှာတော့ ရုရှားမြို့တော် မော်စကိုမြို့အပါအဝင် ရုရှားပိုင်နက်အတွင်းထဲအထိ ကျည်ဆံများကျရောက်မှုတွေရှိလာခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနိုင်ငံသား လက်နက်ကိုင်အဖွဲ့တွေဟာ ရုရှားပိုင်နက် Belgorod ဒေသကိုနယ်စပ်ဖြတ်ကျော်ကာ တိုက်ခိုက်မှုများရှိခဲ့ကြောင်း ရုရှားဘက်က ပြောဆိုခဲ့ပါတယ်။ ဒေသအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဂလာကောဗ့်က Belgorod ဒေသရှိ Shebekino မြို့ နဲ့ Graivoron မြို့မှာနေထိုင်တဲ့ကလေးငယ်ပေါင်း (၆ဝဝ)ကျော်ကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဆိုပါတယ်။ 

၎င်းက "ကလေးတွေဟာ သူတို့ရဲ့မြို့အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ်"လို့ပြောပါတယ်။ Shebekino မြို့ဟာ ယူကရိန်းနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ Belgorod ဒေသအတွင်းရှိ မြို့တစ်မြို့ဖြစ်ကာ လူဦးရေအနည်းဆုံး (၄ဝဝဝဝ)ကျော်နေထိုင်လျက်ရှိနေကြောင်း သိရပါတယ်။ Belgorod ဒေသဟာ လက်ရှိအချိန်မှာ ယူကရိန်းနဲ့ ရုရှားတို့ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း ရှင်သန်နေထိုင်နေရကြောင်း ဒေသအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဂလာကောဗ့်ကပြောပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ ယူကရိန်းကို ရုရှားနိုင်ငံပိုင်နက်များကို တိုက်ခိုက်ခြင်းမလုပ်ဘဲ ယူကရိန်းပိုင်နက်အတွင်းကိုဝင်ရောက်နေတဲ့ ရုရှားတပ်ဖွဲ့တွေကိုပြန်တိုက်ထုတ်ဖို့ ခွင့်ပြုထားပါတယ်။ ယူကရိန်းဟာ ရုရှားပိုင်နက်များကို ထဲထဲဝင်ဝင် တိုက်ခိုက်လာမယ်ဆိုရင် စစ်ပွဲအရှိန်ဟာ လက်ရှိထက် ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း ရုရှားအရေးလေ့လာသူများကပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ဥက္ကလာပမြို့နယ်ရှိ 9 PLUS KTV ၌မီးလောင်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved