SPIEF စီးပွားရေးဖိုရမ်ကို မိတ်ဆွေမပီသတဲ့နိုင်ငံတွေရဲ့သတင်းအဖွဲ့အစည်းများ တက်ရောက်သတင်းယူခွင့်ပေးမှာမဟုတ်ကြောင်း ရုရှားအစိုးရပြော
ဂျန်ဇက် (NP News) - ဇွန် ၄
ရုရှားနိုင်ငံ စိန့်ပီတာဘရက်မြို့မှာကျင်းပဖို့ရှိနေတဲ့ St. Petersburg International Economic Forum (SPIEF) စီးပွားရေးဖိုရမ်ကို တက်ရောက်သတင်းရယူဖို့မိတ်ဆွေမပီသတဲ့နိုင်ငံတွေက သတင်းဌာနတွေတက်ရောက်သတင်းရယူခြင်းကို တားမြစ်ပိတ်ပင်သွားမှာဖြစ်ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က "မိတ်ဆွေမပီသတဲ့ နိုင်ငံတွေက သတင်း ထောက်တွေကို တက်ရောက်သတင်းယူခွင့်မပေးဖို့လက်ရှိအချိန်မှာ ဆုံးဖြတ်ထားတယ်။ (SPIEF) စီးပွားရေးဖိုရမ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေက ကြီးမားပါတယ်။ မိတ်ဆွေမပီသတဲ့ နိုင်ငံတွေကသတင်းသမားတွေ တက်ရောက်ခွင့်မရပေမယ့် အခြားဂျာနယ်လစ်သတင်းထောက်တွေတော့ တက်ရောက်ခွင့်ရမှာပါ"လို့ပြောပါတယ်။
ရုရှားဟာ ၂ဝ၂၁ ခုနှစ်မှာ မိတ်ဆွေမပီသတဲ့နိုင်ငံတွေစာရင်းကို ထုတ်ပြန်ခဲ့ရာ ရုရှားသံတမန်တွေကို နှင်ထုတ်တဲ့နိုင်ငံတွေ၊ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်တဲ့ နိုင်ငံတွေအပါအဝင် ရန်လိုမှုရှိတဲ့နိုင်ငံတွေ ပါဝင်ခဲ့ကြောင်းသိရပါတယ်။ ရုရှားက သတ်မှတ်ထားတဲ့မိတ်ဆွေမပီသတဲ့ နိုင်ငံတွေစာရင်းထဲမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ အပါအဝင်အနောက်အုပ်စုနိုင်ငံများ နဲ့ ဥရောပကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများပါဝင်လျက်ရှိနေကြောင်းသိရပါတယ်။
ရုရှားဟာ အဆိုပါ မိတ်ဆွေမပီသတဲ့နိုင်ငံတွေထဲ ပါဝင်နေတဲ့နိုင်ငံတွေကို အမည်ပျက်စာရင်းတင်သွင်းထားသလို အဲဒီနိုင်ငံတွေက အဖွဲ့အစည်းတွေကို လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်တွေကန့်သတ်ထားကြောင်းသိရပါတယ်။ ရုရှားနိုင်ငံမှာကျင်းပမယ့် စီးပွားရေးဖိုရမ်ကို ကမ္ဘာတဝှမ်းက ကုမ္ပဏီတွေနဲ့ အပြန် အလှန်ကုန်သွယ်ရေး ကောင်းမွန်စေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကကျင်းပခဲ့တဲ့ (SPIEF) စီးပွားရေးဖိုရမ်ကို နိုင်ငံပေါင်း (၃ဝ)ကျော်က သတင်းထောက်၊ ဂျာနယ်လစ်ပေါင်း (၄ဝဝဝ)ကျော် တက်ရောက်သတင်းရယူခဲ့ကြောင်းသိရပါတယ်။
ဒီနှစ်အတွင်းကျင်းပမယ့် (SPIEF) စီးပွားရေးဖိုရမ်ကို ဇွန်လ ၁၄ ရက်ကနေ ဇွန်လ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြို့ပင်ကောက်မြို့တွင် ရပ်ထားသောတွဲကားအား ဆိုင်ကယ်မှဝင်တိုက်မိ၍ အမျိုးသား(၂)ဦးသေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ