Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုအရ နစက၏ NSPNC နှင့် AA ပါဝင်သည့် မဟာမိတ်(၃)ဖွဲ့တို့ မနက်ဖြန်တွင် မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးမည်

မျိုးကြီး (NP News) - မေ ၃၁

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ နစက၏ NSPNC နှင့် AA လက်နက်ကိုင်အဖွဲ့ ပါဝင်သည့် မဟာ မိတ်(၃)ဖွဲ့တို့သည် မနက်ဖြန်(ဇွန်လ ၁ ရက်)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲကို ဇွန်လ ၁ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ မိုင်းလားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ဆိုထားသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ကို မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ညီမနောင်မဟာမိတ်(၃)ဖွဲ့မှ ကိုယ်စားလှယ်များသည် ယမန်နေ့(မေလ ၃ဝ ရက်)တွင် မိုင်းလားမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်များက ဆိုထားသည်။

ထို့ကြောင့် မနက်ဖြန်တွင် မိုင်းလားမြို့၌ နစက၏ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)မှ ကိုယ်စားလှယ်များနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ကိုယ်စားလှယ်များသည် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။


အဆိုပါတွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရန်အတွက် တရုတ်နိုင်ငံဘက်က ကြားဝင်ညှိနှိုင်းပေးခြင်းဖြစ် ကြောင်းသိရပြီး ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာကောပေါင်က တရုတ်နိုင်ငံကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“တရုတ်ကနေပြီးတော့ ဆော်သြတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ နစကနဲ့တွေ့ဆုံပြီး သူတို့ရဲ့အနာ ဂတ်၊ ရည်မှန်းချက်တွေဖော်ဆောင်ဖို့ တိုက်တွန်းတဲ့ဟာကို လက်တွေ့အကောင်အထည်စဖော်တယ်လို့ မြင်ပါတယ်။ ဘာတွေဆွေးနွေးကြမယ်ဆိုတာတော့ အသေးစိတ်တော့ မသိဘူးပေါ့နော်” ဟု လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက NP News ကို သုံးသပ်ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် အနောက်နိုင်ငံများနှင့်မတူဘဲ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားပြီး ငြိမ်းချမ်းရေးကဏ္ဍတွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးနေကြောင်း နစကဘက်က ပြောဆိုထားဖူးသည်။

“အဲဒီတော့ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဘယ်သူက တကယ်ငြိမ်းချမ်းရေးလိုချင်တာလဲ။ ဘယ်သူက မလိုချင်တာလဲ။ ဘယ်သူက သိပ်ပြီးတော့ တင်းမာတဲ့ စေ့စပ်လို့မရနိုင်တဲ့ ရပ်တည်ချက်တွေ၊ အမြင်တွေကိုင်ထားသလဲဆိုတာကိုသိဖို့က တရုတ်ပါ ပါလို့ရှိရင်တော့ ပိုကောင်းတာပေါ့။ တရုတ်က တိုက်တွန်းရုံပဲ တိုက် တွန်းပြီးတော့ သူမပါရဘူးဆိုရင် အစည်းအဝေးမှာ ဘယ်သူတောင်းဆိုတာက တရားတယ်။ ဘယ်သူတောင်းဆိုတာက မတရားဘူးဆိုတာ မမြင်ရဘူးလေ။ ဆိုတော့ သူပါလို့ရှိရင်တော့ ထိန်းနိုင်တာပေါ့။ စေ့စပ်ပြီးတော့ ညှိနှိုင်းလို့ရတဲ့အနေအထားမျိုး ဖြစ်နိုင်တာပေါ့” ဟု ဦးရဲထွန်းက သုံးသပ်ထားသည်။

NSPNC နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ နစကအနေဖြင့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော AA၊ TNLA၊ MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း တွေ့ရှိရသည်။


zawgyi version

တ႐ုတ္၏ ၾကားဝင္ညႇိႏႈိင္းေပးမႈအရ နစက၏ NSPNC ႏွင့္ AA ပါဝင္သည့္ မဟာမိတ္(၃)ဖြဲ႕တို႔ မနက္ျဖန္တြင္ မိုင္းလားၿမိဳ႕၌ ေတြ႕ဆုံေဆြးေႏြးမည္

မ်ိဳးႀကီး (NP News) - ေမ ၃၁

တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ညႇိႏႈိင္းေပးမႈအရ နစက၏ NSPNC ႏွင့္ AA လက္နက္ကိုင္အဖြဲ႕ ပါဝင္သည့္ မဟာ မိတ္(၃)ဖြဲ႕တို႔သည္ မနက္ျဖန္(ဇြန္လ ၁ ရက္)တြင္ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါေတြ႕ဆုံပြဲကို ဇြန္လ ၁ ရက္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ အထူးေဒသ(၄)၊ မိုင္းလားၿမိဳ႕၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ညီေနာင္မဟာမိတ္(၃)ဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္မ်ားက ဆိုထားသည္။

ညီေနာင္မဟာမိတ္(၃)ဖြဲ႕ကို ျမန္မာႏိုင္ငံအမွန္တရားႏွင့္တရားမွ်တေသာ အမ်ိဳးသားပါတီ/ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္(MNTJP/MNDAA)၊ ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး/တေအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(PSLF/TNLA)၊ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္(ULA/AA)အဖြဲ႕တို႔ျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

ေတြ႕ဆုံေဆြးေႏြးပြဲသို႔ တက္ေရာက္ရန္အတြက္ ညီမေနာင္မဟာမိတ္(၃)ဖြဲ႕မွ ကိုယ္စားလွယ္မ်ားသည္ ယမန္ေန႔(ေမလ ၃ဝ ရက္)တြင္ မိုင္းလားၿမိဳ႕သို႔ ေရာက္ရွိလာခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မ်ားက ဆိုထားသည္။

ထို႔ေၾကာင့္ မနက္ျဖန္တြင္ မိုင္းလားၿမိဳ႕၌ နစက၏ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္သည့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ(NSPNC)မွ ကိုယ္စားလွယ္မ်ားႏွင့္ ညီေနာင္မဟာမိတ္(၃)ဖြဲ႕မွ ကိုယ္စားလွယ္မ်ားသည္ ေတြ႕ဆုံေဆြးေႏြးၾကမည္ျဖစ္သည္။

အဆိုပါေတြ႕ဆုံေဆြးေႏြးမႈျဖစ္ေျမာက္ရန္အတြက္ တ႐ုတ္ႏိုင္ငံဘက္က ၾကားဝင္ညႇိႏႈိင္းေပးျခင္းျဖစ္ ေၾကာင္းသိရၿပီး ေဆြးေႏြးပြဲ၌ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ ႏိုင္ငံျခားေရးရာအထူးသံတမန္ မစၥတာေကာေပါင္က တ႐ုတ္ႏိုင္ငံကိုယ္စားလွယ္အျဖစ္ ပါဝင္တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

“တ႐ုတ္ကေနၿပီးေတာ့ ေဆာ္ၾသတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြ နစကနဲ႔ေတြ႕ဆုံၿပီး သူတို႔ရဲ႕အနာ ဂတ္၊ ရည္မွန္းခ်က္ေတြေဖာ္ေဆာင္ဖို႔ တိုက္တြန္းတဲ့ဟာကို လက္ေတြ႕အေကာင္အထည္စေဖာ္တယ္လို႔ ျမင္ပါတယ္။ ဘာေတြေဆြးေႏြးၾကမယ္ဆိုတာေတာ့ အေသးစိတ္ေတာ့ မသိဘူးေပါ့ေနာ္” ဟု လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္းက NP News ကို သုံးသပ္ေျပာဆိုထားသည္။

ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ားႏွင့္မတူဘဲ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလိုလားၿပီး ၿငိမ္းခ်မ္းေရးက႑တြင္လည္း ပါဝင္ကူညီေဆာင္႐ြက္ေပးေနေၾကာင္း နစကဘက္က ေျပာဆိုထားဖူးသည္။

“အဲဒီေတာ့ ဒီေတြ႕ဆုံေဆြးေႏြးပြဲမွာ ဘယ္သူက တကယ္ၿငိမ္းခ်မ္းေရးလိုခ်င္တာလဲ။ ဘယ္သူက မလိုခ်င္တာလဲ။ ဘယ္သူက သိပ္ၿပီးေတာ့ တင္းမာတဲ့ ေစ့စပ္လို႔မရႏိုင္တဲ့ ရပ္တည္ခ်က္ေတြ၊ အျမင္ေတြကိုင္ထားသလဲဆိုတာကိုသိဖို႔က တ႐ုတ္ပါ ပါလို႔ရွိရင္ေတာ့ ပိုေကာင္းတာေပါ့။ တ႐ုတ္က တိုက္တြန္း႐ုံပဲ တိုက္ တြန္းၿပီးေတာ့ သူမပါရဘူးဆိုရင္ အစည္းအေဝးမွာ ဘယ္သူေတာင္းဆိုတာက တရားတယ္။ ဘယ္သူေတာင္းဆိုတာက မတရားဘူးဆိုတာ မျမင္ရဘူးေလ။ ဆိုေတာ့ သူပါလို႔ရွိရင္ေတာ့ ထိန္းႏိုင္တာေပါ့။ ေစ့စပ္ၿပီးေတာ့ ညႇိႏႈိင္းလို႔ရတဲ့အေနအထားမ်ိဳး ျဖစ္ႏိုင္တာေပါ့” ဟု ဦးရဲထြန္းက သုံးသပ္ထားသည္။

NSPNC ႏွင့္ ညီေနာင္မဟာမိတ္(၃)ဖြဲ႕တို႔၏ ေတြ႕ဆုံေဆြးေႏြးပြဲႏွင့္ပတ္သက္၍ နစကအေနျဖင့္ လက္ရွိအခ်ိန္အထိ တစ္စုံတစ္ရာထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မေတြ႕ရေသးေပ။

ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္အတြင္း တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ AA၊ TNLA၊ MNDAA တို႔အၾကား တိုက္ပြဲျဖစ္ပြားမႈမ်ားရွိခဲ့ေၾကာင္း ေတြ႕ရွိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံကူးလက်မှတ်အပါအဝင် အထောက်အထားကတ်များ ပျောက်ဆုံးခဲ့သော မြန်မာများအနေဖြင့် ပြန်လည်ထုတ်ယူနိုင်ကြောင်း ထိုင်းရှိ မြန်မာသံရုံးအသိပေး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved