Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိုခါမုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသည့် ရခိုင်ပြည်နယ်၌ ကျောင်းအပ်လက်ခံသော ကာလအတွင်း ကျောင်းသား/သူ (၃၂၀၀၀၀)ကျော် အပ်နှံထား

မျိုးကြီး (NP News) - မေ ၃၀

မိုခါမုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခဲ့ရသည့် ရခိုင်ပြည်နယ်၌ ကျောင်းအပ်လက်ခံသော ကာလအတွင်း ကျောင်းသား/သူဦးရေ(၃၂၀၀၀၀)ကျော် အပ်နှံထားကြောင်း သတင်းရရှိသည်။

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း(၁၇)မြို့နယ်တွင် လူနေအိမ်နှင့် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ၎င်းတို့အထဲတွင် အခြေခံပညာကျောင်းများသည်လည်း ပျက်စီးမှုများပြားခဲ့သည်။

ထိုသို့ ပျက်စီးခဲ့သော ကျောင်းများအား ပြန်လည်ပြုပြင်နေခြင်းနှင့်အတူ လက်ရှိတွင် ကျောင်းအပ်နှံမှုများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း၌ မေ ၂၃ ရက်မှ ယနေ့(မေ ၃၀ ရက်)အထိ အခြေခံပညာကျောင်းများသို့ လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/သူဦးရေမှာ (၃၂၀၀၀၀)ကျော်ရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးဖြစ်သူ ဦးဘထွေးစိန်က NP News ကို ပြောသည်။

“ကျောင်းကတော့ ၃၂၀၀၀၀ ကျော် အပ်ထားပြီ။ ဒီနေ့အထိပေါ့။ နဂိုနှစ်တွေတုန်းက (၅)သိန်းကျော်ရှိတယ်။ ဟုတ်တယ် ဒီမှာ နည်းနေသေးတဲ့အနေအထားက မုန်တိုင်းတိုက်ခဲ့တာကြောင့် ပတ်သက်ကောင်း၊ ပတ်သက်နိုင်တယ်ပေါ့။ ကျောင်းတွေလည်း ပြင်နေတာဖြစ်တဲ့အခါကြတော့ လာမအပ်ဖြစ်သေးတာ လည်းရှိတယ်ပေါ့” ဟု ပညာရေးမှူးဦးဘထွေးစိန်က ပြောသည်။

ရခိုင်ပြည်နယ်၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော ကျောင်းများကို ပြန်လည်ပြင်ဆင်လျက်ရှိရာတွင် အတော်အသင့်ပြီး စီးနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“ကျောင်းတွေ ပြင်ဆင်တာ အဆင်ပြေပါတယ်။ ကျောင်းတွေ ပြင်ရင်းနဲ့ဖွင့်မယ်ပေါ့နော်။ ဇွန်လ ၁ ရက်နေ့မှာ စာသင်မယ်ပေါ့နော်။ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အခက်အခဲကတော့ မရှိပါဘူး။ အစိုးရကလည်း၊ ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းသုံးပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ဘောပင်ခဲတံတွေ၊ မူလတန်းဆိုရင် ကျောင်းဝတ်စုံတွေပါ ပေးထားပါတယ်” ဟု ဦးဘထွေးစိန်က ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ကျောင်းပေါင်း(၃၀၀၀)ကျော်အား အုပ်စု(၂)စုခွဲကာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းပေါင်း (၂၄၁၀)ကို ဖွင့်လှစ်ကာ စာသင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ဇွန်လတတိယပတ်၌ ကျန်ရှိသော ကျောင်းများကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း နစကဘက်က ပြောဆိုထားသည်။

နိုင်ငံတစ်ဝန်း၌ ကျောင်းအပ်နှံသည့်ကာလအား မေ ၂၃ ရက်မှ မေ ၃၁ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ကျောင်းများစတင်ဖွင့်လှစ်မည့် ဇွန်လတွင်လည်း ကျောင်းအပ်နှံကာ ပညာသင်ယူမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။


zawgyi version

မိုခါမုန္တိုင္းဒဏ္ အျပင္းထန္ဆုံး ခံခဲ့ရသည့္ ရခိုင္ျပည္နယ္၌ ေက်ာင္းအပ္လက္ခံေသာ ကာလအတြင္း ေက်ာင္းသား/သူ (၃၂၀၀၀၀)ေက်ာ္ အပ္ႏွံထား

မ်ိဳးႀကီး (NP News) - ေမ ၃၀

မိုခါမုန္တိုင္းဒဏ္ အျပင္းထန္ဆုံးခံခဲ့ရသည့္ ရခိုင္ျပည္နယ္၌ ေက်ာင္းအပ္လက္ခံေသာ ကာလအတြင္း ေက်ာင္းသား/သူဦးေရ(၃၂၀၀၀၀)ေက်ာ္ အပ္ႏွံထားေၾကာင္း သတင္းရရွိသည္။

မုန္တိုင္းဒဏ္ေၾကာင့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ေပါင္း(၁၇)ၿမိဳ႕နယ္တြင္ လူေနအိမ္ႏွင့္ အေဆာက္အအုံမ်ားစြာ ပ်က္စီးဆုံးရႈံးမႈ ရွိခဲ့ၿပီး ၎တို႔အထဲတြင္ အေျခခံပညာေက်ာင္းမ်ားသည္လည္း ပ်က္စီးမႈမ်ားျပားခဲ့သည္။

ထိုသို႔ ပ်က္စီးခဲ့ေသာ ေက်ာင္းမ်ားအား ျပန္လည္ျပဳျပင္ေနျခင္းႏွင့္အတူ လက္ရွိတြင္ ေက်ာင္းအပ္ႏွံမႈမ်ားကိုလည္း လက္ခံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ရခိုင္ျပည္နယ္အတြင္း၌ ေမ ၂၃ ရက္မွ ယေန႔(ေမ ၃၀ ရက္)အထိ အေျခခံပညာေက်ာင္းမ်ားသို႔ လာေရာက္ေက်ာင္းအပ္ႏွံသည့္ ေက်ာင္းသား/သူဦးေရမွာ (၃၂၀၀၀၀)ေက်ာ္ရွိၿပီျဖစ္ေၾကာင္း ရခိုင္ျပည္နယ္ပညာေရးမႉးျဖစ္သူ ဦးဘေထြးစိန္က NP News ကို ေျပာသည္။

“ေက်ာင္းကေတာ့ ၃၂၀၀၀၀ ေက်ာ္ အပ္ထားၿပီ။ ဒီေန႔အထိေပါ့။ နဂိုႏွစ္ေတြတုန္းက (၅)သိန္းေက်ာ္ရွိတယ္။ ဟုတ္တယ္ ဒီမွာ နည္းေနေသးတဲ့အေနအထားက မုန္တိုင္းတိုက္ခဲ့တာေၾကာင့္ ပတ္သက္ေကာင္း၊ ပတ္သက္ႏိုင္တယ္ေပါ့။ ေက်ာင္းေတြလည္း ျပင္ေနတာျဖစ္တဲ့အခါၾကေတာ့ လာမအပ္ျဖစ္ေသးတာ လည္းရွိတယ္ေပါ့” ဟု ပညာေရးမႉးဦးဘေထြးစိန္က ေျပာသည္။

ရခိုင္ျပည္နယ္၌ မုန္တိုင္းဒဏ္ေၾကာင့္ ပ်က္စီးခဲ့ေသာ ေက်ာင္းမ်ားကို ျပန္လည္ျပင္ဆင္လ်က္ရွိရာတြင္ အေတာ္အသင့္ၿပီး စီးေနၿပီျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။

“ေက်ာင္းေတြ ျပင္ဆင္တာ အဆင္ေျပပါတယ္။ ေက်ာင္းေတြ ျပင္ရင္းနဲ႔ဖြင့္မယ္ေပါ့ေနာ္။ ဇြန္လ ၁ ရက္ေန႔မွာ စာသင္မယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ေနပါတယ္။ အခက္အခဲကေတာ့ မရွိပါဘူး။ အစိုးရကလည္း၊ ပညာေရးဝန္ႀကီးဌာနကလည္း ေက်ာင္းသုံးပုံႏွိပ္စာအုပ္ေတြ၊ ဗလာစာအုပ္ေတြ၊ ေဘာပင္ခဲတံေတြ၊ မူလတန္းဆိုရင္ ေက်ာင္းဝတ္စုံေတြပါ ေပးထားပါတယ္” ဟု ဦးဘေထြးစိန္က ဆိုသည္။

ရခိုင္ျပည္နယ္ရွိ ေက်ာင္းေပါင္း(၃၀၀၀)ေက်ာ္အား အုပ္စု(၂)စုခြဲကာ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ဇြန္လ ၁ ရက္ေန႔တြင္ ေက်ာင္းေပါင္း (၂၄၁၀)ကို ဖြင့္လွစ္ကာ စာသင္ၾကားေပးမည္ျဖစ္ေၾကာင္းႏွင့္ ဇြန္လတတိယပတ္၌ က်န္ရွိေသာ ေက်ာင္းမ်ားကို ဆက္လက္ဖြင့္လွစ္ သင္ၾကားေပးမည္ျဖစ္ေၾကာင္း နစကဘက္က ေျပာဆိုထားသည္။

ႏိုင္ငံတစ္ဝန္း၌ ေက်ာင္းအပ္ႏွံသည့္ကာလအား ေမ ၂၃ ရက္မွ ေမ ၃၁ ရက္ေန႔အထိ သတ္မွတ္ထားေသာ္လည္း ေက်ာင္းမ်ားစတင္ဖြင့္လွစ္မည့္ ဇြန္လတြင္လည္း ေက်ာင္းအပ္ႏွံကာ ပညာသင္ယူမႈမ်ား ျပဳလုပ္ႏိုင္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒုတပ်ချုပ်နှင့် တရုတ်စစ်ဘက်ထောက်လှမ်းရေးညွှန်ချုပ်တို့ နေပြည်တော်၌ တွေ့ဆုံ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved