Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ အမေရိကန်၊ ဖိလစ်ပိုင် နဲ့ ဂျပန်တို့ သုံးနိုင်ငံပေါင်းပြီး စစ်ရေးလေ့ကျင့်မယ်

ဂျန်ဇက် (NP News) - မေ ၂၉ 

တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ အမေရိကန်အစိုးရဟာ ဂျပန်၊ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ဇွန်လ ၁ ရက်မှ ဇွန်လ ၇ ရက်အထိ ပြုလုပ်သွားမှာဖြစ် ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က "Bataan ‌ဒေသမှာပြုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းဟာ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုတွေကို အားကောင်းစေမယ့်အပြင် ရေကြောင်းဥပဒေစိုးမိုးရေးနဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုလည်း ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်"လို့ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်း ပွားလျက်ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်အဆိုပါစစ်ရေးလေ့ကျင့်ခန်းဟာ  အငြင်းပွားမှုများရှိနေတဲ့တရုတ်နိုင်ငံကို ရည်ရွယ်ခြင်းမျိုးမရှိကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အာမန်ဘာလီလိုက ပြောပါတယ်။ 

၎င်းက "ကျွန်တော်တို့ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့လေ့ကျင့်မှုတွေမှာ ပူးပေါင်းပါဝင်ဖို့ အမေရိကန်နဲ့ ဂျပန် တို့ကတောင်းဆိုမှုတွေရှိလာခဲ့လို့ လက်ခံခဲ့တာပါ"လို့ပြောပါတယ်။ အဆိုပါ သုံးနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့တွေကြား စစ်ရေးလေ့ကျင့်ခန်းဟာ အမေရိကန် နဲ့ အာရှတိုက်ရှိ မဟာမိတ်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်ခြင်းကို ပြသလိုက်တာလည်းဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်ခန်းမှာ ကမ်းခြေ စောင့်တပ်ဖွဲ့ဝင် (၄ဝဝ)ကျော်နဲ့ စစ်သင်္ဘော(၄)စင်းပါဝင်မှာဖြစ်ပြီး သြစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း လေ့လာသူအဖြစ်တက်ရောက်မှာဖြစ်ပါတယ်။ 

အမေရိကန် နဲ့ ဖိလစ်ပိုင်တို့ဟာ ပြီးခဲ့တဲ့လမှာ နှစ်နိုင်ငံစစ်ဘက်ကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ပြီး အဲဒီစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း ရော့ကဒ်ဒုံးကျည်များ၊ တိုက်လေယာဉ်များပါဝင်ခဲ့ပြီး စစ်ပွဲပုံစံကိုရည်ရွယ်ကာ စစ်ရေးလေ့ကျင့် ခန်းလုပ်ဆောင်ခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရပါတယ်။


zawgyi version


ဂျန်ဇက် (NP News) - မေ ၂၉ 






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆိုင်ကယ်အဟောင်းများ သယ်လာသည့် ကုန်ကား(၂)စီးကို လက်နက်ကိုင် အင်အား(၃ဝ)ခန့်က ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးမှု သံဖြူဇရပ်၌ဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved