ဘီလာရုစ်နိုင်ငံတွင် ရုရှား၏ နျူကလီးယားလက်နက်များ ဖြန့်ကျက်ချထားခြင်းနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဝေဖန်
Pika (NP News) - မေ ၂၇
ဘီလာရုစ်နိုင်ငံတွင် ရုရှား၏ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များဖြန့်ကျက်ချထားမှုကို အပျက်သဘောဆောင်သောလုပ်ရပ်တစ်ခုဟုခံစားမိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ၎င်း၏နိုင်ငံတွင် ရုရှား၏နျူကလီးယားလက်နက်များ ဖြန့်ကျက်ချထားရေးစတင်နေပြီဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ ရုရှား၏နျူကလီးယားလက်နက်များဘေးကင်းလုံခြုံအောင် ဘီလာရုစ်နိုင်ငံသားများက အကောင်းဆုံးထိန်းသိမ်းပေးထားမည်ဖြစ်ကြောင်း ရုရှားအစိုးရအနေဖြင့် မစိုးရိမ်သင့်ကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက ပြောကြားခဲ့သည်။
အမေရိကန်ရှိ ရုရှားသံရုံးက "ရုရှားနဲ့ ဘီလာရုစ်တို့ရဲ့လုံခြုံရေးအတွက် နျူကလီးယားလက်နက်တွေဖြန့်ကျက်ချထားခွင့်ရှိပါတယ်"ဟု တုံ့ပြန်ပြောဆိုထားသည်။
ထို့ပြင် ရုရှားအစိုးရ၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာဥပဒေများနှင့်လုံးဝကိုက်ညီကြောင်း ရုရှားသံရုံးကပြောကြားခဲ့သည်။ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဘီလာရုစ်နိုင်ငံတွင် ဖြန့်ကျက်ချထားမည်ဖြစ်သော်လည်း အဆိုပါလက်နက်များကို ထိန်းသိမ်းရေးနှင့် အသုံးချရေးသည် ရုရှားအစိုးရ၏ဆုံးဖြတ်ချက်အပေါ်မူတည်ကြောင်း သံရုံးကပြောကြားခဲ့သည်။
ရုရှားသံတမန်များက "အခြားသူတွေကို ပြစ်တင်ဝေဖန်ခြင်းမလုပ်ခင်မှာ အမေရိကန်အစိုးရဟာ လေ့လာမှုတွေအရင်လုပ်သင့်ပါတယ်။ အမေရိကန်ဟာ ဥရောပမှာ သူတို့ရဲ့နျူကလီးယားလက်နက်တွေကို ဆယ်စုနှစ်များစွာကြာအောင်ထားရှိခဲ့တာပါ"ဟုပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် အမေရိကန်၏မဟာဗျူဟာမြောက်နျူကလီးယားလက်နက်များသည် နေတိုးအဖွဲ့ဝင်နိုင်ငံ(၅)နိုင်ငံဖြစ်သည့် ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူရကီတို့တွင်ရှိကြောင်းသိရသည်။ ရုရှားသမ္မတပူတင်သည် ၎င်း၏နျူကလီးယားလက်နက်များကို မတ်လနှောင်းပိုင်းတွင် ဘီလာရုစ်နိုင်ငံတွင် ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
ရုရှားနှင့်ယူကရိန်းစစ်ပွဲတွင် ဗြိတိန်သည် ယူကရိန်းသို့ ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ရုရှားဘက်က ယခုကဲသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပူတင်ကပြောကြားခဲ့သည်။ ဘီလာရုစ်နိုင်ငံအပေါ် ရန်လိုသော အနောက်တိုင်းမူဝါဒများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အမေရိကန်ကနျူကလီးယားလက်နက်များဖြန့်ကျက်ချထားမှုနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန်အတွက် ဘီလာရုစ်အစိုးရသည် ၎င်း၏ပိုင်နက်အတွင်းတွင် နျူကလီးယားလက်နက်များ ဖြန့်ကျက်ထားရန် ရုရှားအစိုးရကို တောင်းဆိုခဲ့ကြောင်းသိရသည်။
zawgyi version
ဘီလာ႐ုစ္ႏိုင္ငံတြင္ ႐ုရွား၏ န်ဴကလီးယားလက္နက္မ်ား ျဖန႔္က်က္ခ်ထားျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ေဝဖန္
Pika (NP News) - ေမ ၂၇
ဘီလာ႐ုစ္ႏိုင္ငံတြင္ ႐ုရွား၏ မဟာဗ်ဴဟာေျမာက္ န်ဴကလီးယားလက္နက္မ်ားျဖန႔္က်က္ခ်ထားမႈကို အပ်က္သေဘာေဆာင္ေသာလုပ္ရပ္တစ္ခုဟုခံစားမိေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဘီလာ႐ုစ္သမၼတ လူကာရွန္ကိုက ၎၏ႏိုင္ငံတြင္ ႐ုရွား၏န်ဴကလီးယားလက္နက္မ်ား ျဖန႔္က်က္ခ်ထားေရးစတင္ေနၿပီဟု ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။ ႐ုရွား၏န်ဴကလီးယားလက္နက္မ်ားေဘးကင္းလုံၿခဳံေအာင္ ဘီလာ႐ုစ္ႏိုင္ငံသားမ်ားက အေကာင္းဆုံးထိန္းသိမ္းေပးထားမည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရအေနျဖင့္ မစိုးရိမ္သင့္ေၾကာင္း ဘီလာ႐ုစ္သမၼတလူကာရွန္ကိုက ေျပာၾကားခဲ့သည္။
အေမရိကန္ရွိ ႐ုရွားသံ႐ုံးက "႐ုရွားနဲ႔ ဘီလာ႐ုစ္တို႔ရဲ႕လုံၿခဳံေရးအတြက္ န်ဴကလီးယားလက္နက္ေတြျဖန႔္က်က္ခ်ထားခြင့္ရွိပါတယ္"ဟု တုံ႔ျပန္ေျပာဆိုထားသည္။
ထို႔ျပင္ ႐ုရွားအစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားသည္ ႏိုင္ငံတကာဥပေဒမ်ားႏွင့္လုံးဝကိုက္ညီေၾကာင္း ႐ုရွားသံ႐ုံးကေျပာၾကားခဲ့သည္။ မဟာဗ်ဴဟာေျမာက္ န်ဴကလီးယားလက္နက္မ်ားကို ဘီလာ႐ုစ္ႏိုင္ငံတြင္ ျဖန႔္က်က္ခ်ထားမည္ျဖစ္ေသာ္လည္း အဆိုပါလက္နက္မ်ားကို ထိန္းသိမ္းေရးႏွင့္ အသုံးခ်ေရးသည္ ႐ုရွားအစိုးရ၏ဆုံးျဖတ္ခ်က္အေပၚမူတည္ေၾကာင္း သံ႐ုံးကေျပာၾကားခဲ့သည္။
႐ုရွားသံတမန္မ်ားက "အျခားသူေတြကို ျပစ္တင္ေဝဖန္ျခင္းမလုပ္ခင္မွာ အေမရိကန္အစိုးရဟာ ေလ့လာမႈေတြအရင္လုပ္သင့္ပါတယ္။ အေမရိကန္ဟာ ဥေရာပမွာ သူတို႔ရဲ႕န်ဴကလီးယားလက္နက္ေတြကို ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ထားရွိခဲ့တာပါ"ဟုေျပာဆိုခဲ့သည္။
လက္ရွိအခ်ိန္တြင္ အေမရိကန္၏မဟာဗ်ဴဟာေျမာက္န်ဴကလီးယားလက္နက္မ်ားသည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ(၅)ႏိုင္ငံျဖစ္သည့္ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ အီတလီ၊ နယ္သာလန္ႏွင့္ တူရကီတို႔တြင္ရွိေၾကာင္းသိရသည္။ ႐ုရွားသမၼတပူတင္သည္ ၎၏န်ဴကလီးယားလက္နက္မ်ားကို မတ္လေႏွာင္းပိုင္းတြင္ ဘီလာ႐ုစ္ႏိုင္ငံတြင္ ျဖန႔္က်က္ခ်ထားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ဖူးသည္။
႐ုရွားႏွင့္ယူကရိန္းစစ္ပြဲတြင္ ၿဗိတိန္သည္ ယူကရိန္းသို႔ ခဲယမ္းမီးေက်ာက္မ်ား ေထာက္ပံ့ေပးရန္ ဆုံးျဖတ္ခဲ့ျခင္းေၾကာင့္ ႐ုရွားဘက္က ယခုကဲသို႔လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ပူတင္ကေျပာၾကားခဲ့သည္။ ဘီလာ႐ုစ္ႏိုင္ငံအေပၚ ရန္လိုေသာ အေနာက္တိုင္းမူဝါဒမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ အေမရိကန္ကန်ဴကလီးယားလက္နက္မ်ားျဖန႔္က်က္ခ်ထားမႈႏွင့္ပတ္သက္ၿပီး ျဖစ္ေပၚလာေသာ ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္ႏိုင္ရန္အတြက္ ဘီလာ႐ုစ္အစိုးရသည္ ၎၏ပိုင္နက္အတြင္းတြင္ န်ဴကလီးယားလက္နက္မ်ား ျဖန႔္က်က္ထားရန္ ႐ုရွားအစိုးရကို ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံမှာ လေလွင့်ခွေးဖမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေကို ပြန်လည်ပြင်ဆင်ဖို့တောင်းဆို
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ