Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မည်သည့်အဖွဲ့အစည်း၌ဖြစ်စေ ပညာသင်ယူနေသည့် ကလေးငယ်များကို ဗုံးကြဲပစ်ခတ်ခြင်း မပြုလုပ်ရန် နစက၊ NUG တို့ကို IBEC ဆရာတော် မေတ္တာရပ်ခံ

မျိုးကြီး (NP News) - မေ ၂၅

မည်သည့်အဖွဲ့အစည်းများ၌ဖြစ်စေ ပညာသင်ယူနေသည့် ကလေးငယ်များကို ဗုံးကြဲပစ်ခတ်ခြင်း မပြုလုပ်ရန် နစက၊ NUG တို့ကို IBEC ဆရာတော်က မေတ္တာရပ်ခံလိုက်သည်။

IBEC ဆရာတော်၊ ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် ဒေါက်တာအရှင်သောဘိတက ယနေ့(မေလ ၂၅ ရက်) နံနက်ပိုင်း၌ ကျင်းပသည့် ကျောင်းဖွင့်ပွဲတွင် မိန့်ခွန်းမိန့်ကြားရာ၌ အထက်ပါကဲ့သို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိနေသည်။

“ပညာသင်ကြားနေသော ကျောင်းတော်သူ၊ ကျောင်းတော်သားများ၊ မည်သည့်အဖွဲ့အစည်းက သင်သင်၊ ဘယ်လိုနေရာဌာနမှာပဲ သင်သင်ပညာသင်ကြားရုံသီးသန့် သင်ကြားနေတဲ့ ကလေးငယ်များကို ကောင်း ကင်ကနေလည်း မကြဲချဖို့၊ မြေပြင်ကနေလည်း မိုင်းတွေ မခွဲကြဖို့၊ သေနတ်တွေ၊ ဗုံးတွေနဲ့လည်း မပစ်ခတ်ကြဖို့ အားလုံးကို မေတ္တာရပ်ခံပါရစေ” ဟု ဒေါက်တာအရှင်သောဘိတက မိန့်ကြားထားသည်။

လက်ရှိအချိန်တွင် စာသင်ကျောင်းများရှိ နိုင်ငံ့ဝန်ထမ်းများဖြစ်သော ဆရာ၊ ဆရာမများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများဖြစ်ပေါ်လျက်ရှိနေသည့်အပြင် ဗုံးခွဲတိုက်ခိုက်သည့်ဖြစ်စဉ်များကိုပါ မြင်တွေ့နေရလျက်ရှိနေသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ဒါတွေ မေတ္တာရပ်ခံပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလို့ခေါ်တဲ့ NUG က ဒူဝါလရှီးလတို့အုပ်စုကိုလည်း ဒါတွေမေတ္တာရပ်ခံပါတယ်။ မလုပ်ကြပါနဲ့လို့ IBEC ဆရာတော်က၊ ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ဆရာတော်က မေတ္တာရပ်ခံတာကို လေးလေးစားစားနဲ့ ခင်ဗျားတို့တွေ ပြုပြင်ပေးကြပါ” ဟု IBEC ဆရာတော်က မိန့်ကြားခဲ့သည်။

ထို့ပြင် ဒေါက်တာအရှင်သောဘိတက နစက၊ NUG၊ လက်နက်ကိုင်အဖွဲ့အသီးသီး၊ PDF ပုဂ္ဂိုလ်များအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းတော်သူ၊ ကျောင်းတော်သားများနှင့် ဘာသာရေးခေါင်း ဆောင်များကို သတ်ဖြတ်နှိပ်စက်ခြင်းများ လုံးဝမပြုလုပ်ကြရန်လည်း ထပ်မံတောင်းဆိုထားသည်။

“ဗုံးသံ၊ အမြှောက်သံတွေနဲ့ ကောင်းကင်ကနေ လေယာဉ်တွေ ဝဲပြီးတော့မှ ပြည်သူတွေရဲ့ ဘဝတွေကို ချေမွနေကြမယ့်အစား မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး လက်ချင်းချိတ်ပြီးတော့မှ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်မိန့်ကြားထားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်း ပြည်တွင်း၌ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသည့်အပြင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော ပြည်သူဦးရေသည်လည်း ထောင်နှင့်ချီကာရှိနေပြီဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲ ပဋိပက္ခများ အဆုံးသတ်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖြေရှာကြရန်လည်း နိုင်ငံတကာအပါအဝင် ပြည်တွင်းအဖွဲ့အစည်းများက တောင်းဆိုလျက်ရှိနေသည်။


zawgyi version

မည္သည့္အဖြဲ႕အစည္း၌ျဖစ္ေစ ပညာသင္ယူေနသည့္ ကေလးငယ္မ်ားကို ဗုံးႀကဲပစ္ခတ္ျခင္း မျပဳလုပ္ရန္ နစက၊ NUG တို႔ကို IBEC ဆရာေတာ္ ေမတၱာရပ္ခံ

မ်ိဳးႀကီး (NP News) - ေမ ၂၅

မည္သည့္အဖြဲ႕အစည္းမ်ား၌ျဖစ္ေစ ပညာသင္ယူေနသည့္ ကေလးငယ္မ်ားကို ဗုံးႀကဲပစ္ခတ္ျခင္း မျပဳလုပ္ရန္ နစက၊ NUG တို႔ကို IBEC ဆရာေတာ္က ေမတၱာရပ္ခံလိုက္သည္။

IBEC ဆရာေတာ္၊ ကမာၻ႔ၿငိမ္းခ်မ္းေရးသံတမန္ ေဒါက္တာအရွင္ေသာဘိတက ယေန႔(ေမလ ၂၅ ရက္) နံနက္ပိုင္း၌ က်င္းပသည့္ ေက်ာင္းဖြင့္ပြဲတြင္ မိန႔္ခြန္းမိန႔္ၾကားရာ၌ အထက္ပါကဲ့သို႔ ေမတၱာရပ္ခံလိုက္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းအပ္လက္ခံလ်က္ရွိေနသည္။

“ပညာသင္ၾကားေနေသာ ေက်ာင္းေတာ္သူ၊ ေက်ာင္းေတာ္သားမ်ား၊ မည္သည့္အဖြဲ႕အစည္းက သင္သင္၊ ဘယ္လိုေနရာဌာနမွာပဲ သင္သင္ပညာသင္ၾကား႐ုံသီးသန႔္ သင္ၾကားေနတဲ့ ကေလးငယ္မ်ားကို ေကာင္း ကင္ကေနလည္း မႀကဲခ်ဖို႔၊ ေျမျပင္ကေနလည္း မိုင္းေတြ မခြဲၾကဖို႔၊ ေသနတ္ေတြ၊ ဗုံးေတြနဲ႔လည္း မပစ္ခတ္ၾကဖို႔ အားလုံးကို ေမတၱာရပ္ခံပါရေစ” ဟု ေဒါက္တာအရွင္ေသာဘိတက မိန႔္ၾကားထားသည္။

လက္ရွိအခ်ိန္တြင္ စာသင္ေက်ာင္းမ်ားရွိ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္ေသာ ဆရာ၊ ဆရာမမ်ားအား ၿခိမ္းေျခာက္ျခင္း၊ ဖမ္းဆီးျခင္းမ်ားျဖစ္ေပၚလ်က္ရွိေနသည့္အျပင္ ဗုံးခြဲတိုက္ခိုက္သည့္ျဖစ္စဥ္မ်ားကိုပါ ျမင္ေတြ႕ေနရလ်က္ရွိေနသည္။

“ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုလည္း ဒါေတြ ေမတၱာရပ္ခံပါတယ္။ အမ်ိဳးသားညီၫြတ္ေရးအစိုးရလို႔ေခၚတဲ့ NUG က ဒူဝါလရွီးလတို႔အုပ္စုကိုလည္း ဒါေတြေမတၱာရပ္ခံပါတယ္။ မလုပ္ၾကပါနဲ႔လို႔ IBEC ဆရာေတာ္က၊ ကမာၻ႔ၿငိမ္းခ်မ္းေရးသံတမန္ဆရာေတာ္က ေမတၱာရပ္ခံတာကို ေလးေလးစားစားနဲ႔ ခင္ဗ်ားတို႔ေတြ ျပဳျပင္ေပးၾကပါ” ဟု IBEC ဆရာေတာ္က မိန႔္ၾကားခဲ့သည္။

ထို႔ျပင္ ေဒါက္တာအရွင္ေသာဘိတက နစက၊ NUG၊ လက္နက္ကိုင္အဖြဲ႕အသီးသီး၊ PDF ပုဂၢိဳလ္မ်ားအေနျဖင့္လည္း ႏိုင္ငံ့ဝန္ထမ္းမ်ား၊ ေက်ာင္းေတာ္သူ၊ ေက်ာင္းေတာ္သားမ်ားႏွင့္ ဘာသာေရးေခါင္း ေဆာင္မ်ားကို သတ္ျဖတ္ႏွိပ္စက္ျခင္းမ်ား လုံးဝမျပဳလုပ္ၾကရန္လည္း ထပ္မံေတာင္းဆိုထားသည္။

“ဗုံးသံ၊ အေျမႇာက္သံေတြနဲ႔ ေကာင္းကင္ကေန ေလယာဥ္ေတြ ဝဲၿပီးေတာ့မွ ျပည္သူေတြရဲ႕ ဘဝေတြကို ေခ်မြေနၾကမယ့္အစား ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားေတြအားလုံး လက္ခ်င္းခ်ိတ္ၿပီးေတာ့မွ ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းမွာ ေတြ႕ဆုံေဆြးေႏြးႏိုင္ၾကပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္” ဟုလည္း ၎က ဆက္လက္မိန႔္ၾကားထားသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ကာ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္း ျပည္တြင္း၌ ပစ္ခတ္တိုက္ခိုက္မႈမ်ား ပိုမိုျဖစ္ပြားလာသည့္အျပင္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရေသာ ျပည္သူဦးေရသည္လည္း ေထာင္ႏွင့္ခ်ီကာရွိေနၿပီျဖစ္သည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၌ ျဖစ္ပြားေနဆဲ ပဋိပကၡမ်ား အဆုံးသတ္ေရးအတြက္ ေတြ႕ဆုံေဆြးေႏြးျခင္းနည္းလမ္းျဖင့္ အေျဖရွာၾကရန္လည္း ႏိုင္ငံတကာအပါအဝင္ ျပည္တြင္းအဖြဲ႕အစည္းမ်ားက ေတာင္းဆိုလ်က္ရွိေနသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဏာရှင်မျိုးစုံကို သေနတ်ဖြင့် တော်လှန်၍မရဘဲ ပညာဖြင့်သာ တော်လှန်ရမည်ဟု ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ဆရာတော် တိုက်တွန်း

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved