Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
EAO (၇)ဖွဲ့မှ ရခိုင်ပြည်နယ်အပါအဝင် အခြားသော မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဟုဆို

ရဲပြည့် (NP News) - မေ ၁၈

NCA လက်မှတ်ရေးထိုးထားသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့မှ ရခိုင်ပြည်နယ်အပါအ ဝင် အခြားသော မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ချင်းမိုင်မြို့တွင် မေလ ၁၇ ရက်နှင့် ၁၈ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးထားသည် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် (NCA-S EAO) (၇)ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် မေလ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပျက်စီး ဆုံးရှုံးမှုများကြီးမားခဲ့သည့်အတွက် (NCA-S EAO) (၇)ဖွဲ့ မှ များစွာစိတ်ထိခိုက်ကြေကွဲဝမ်းနည်းခဲ့ရကြောင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် အခြားသော မိုခါမုန်တိုင်းဒဏ်သင့် ပြည်နယ်များနှင့် တိုင်းဒေသကြီးများ၏ အရေးအပေါ် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့ပြင် NCA-S EAO နှင့် AHA Centre တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး အရပ်သားကာကွယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နည်းလမ်းရှာဖွေ လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

ဆက်လက်ပြီး ၂ဝ၂၃ ခုနှစ် မတ်လနှောင်းပိုင်းက ကျင်းပခဲ့သည့် (NCA-S EAO) (၇)ဖွဲ့၏ အလွတ်သဘောတွေ့ဆုံညှိနှိုင်းရေးအဖွဲ့ နှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့၏ အလွတ်သဘော အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောထားစုစည်းချက်များကိုပါ သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

(NCA-S EAO) (၇)ဖွဲ့ အနေဖြင့် NCA ၏ အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး ၊ သက်ဆိုင်သူများအားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့် အရပ်သားများအပေါ် အကာအကွယ်ပေးရေးစသည့် မူများအပေါ် ခိုင်မာစွာရပ်တည်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်းဖြေရှင်းရေး ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

zawgyi version

ရဲပြည့် (NP News) - မေ ၁၈







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယခုပညာသင်နှစ်အတွက် ပညာရေးအသုံးစရိတ်ကို ‌ငွေကျပ်ဘီလျံ(၃ဝဝဝ)‌ကျော် ခွင့်ပြုပေးထား

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved