Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားနိုင်ငံရဲ့စစ်ရေးရည်မှန်းချက်အသစ်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ထုတ်ဖော်ပြောဆို

Pika (NP News) - ဒီဇင်ဘာ ၂၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အာဏာရအလုပ်သမားပါတီအစည်းအဝေးတွင် ၂ဝ၂၃ ခုနှစ် အတွက် မြောက်ကိုရီးယားစစ်တပ်၏ စစ်ရေးရည်မှန်းချက်အသစ်များကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဒီဇင်ဘာ(၂၈)ရက်တွင် ဖော်ပြခဲ့သည်။

အာဏာရအလုပ်သမားပါတီ၏ (၈)ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးတွင် ကင်ဂျုံအန်းသည် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာသောအခြေအနေများ၊ စိန်ခေါ်မှုအသစ်များနှင့် ကျယ်ပြန့်သော နိုင်ငံရေးကိစ္စများကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရန်သူများကို ဆန့်ကျင်နိုင်ရေး ဦးတည်ချက်ဖြင့် မြောက်ကိုရီးယားစစ်တပ်၏ ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန် ရည်မှန်း ချက်များ ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။

KCNA သတင်းဌာနက "မြောက်ကိုရီးယား၏အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့၊ ရန်သူတွေကို တွန်းလှန်နိုင်အောင် အာဏာရအလုပ်သမားပါတီနဲ့ အစိုးရက လိုက်နာရမယ့် နိုင်ငံရေးအခြေခံမူနဲ့ စစ်ရေးရည်မှန်း ချက်အသစ်တွေကို ကင်ဂျုံအန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ နိုင်ငံရေးအခြေအနေ အမျိုးမျိုး အတွက် ၂ဝ၂၃ ခုနှစ်မှာ မြောက်ကိုရီးယားစစ်တပ်ရဲ့ကာကွယ်ရေးစွမ်းရည်တွေကို မြင့်တင်ဖို့ အဓိက ရည်မှန်းချက် အသစ်တွေလည်း ပါဝင်ခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။

အဆိုပါ စစ်ရေးရည်မှန်းချက်အသစ်များနှင့်ပတ်သက်ပြီး KCNA သတင်းဌာနက အသေးစိတ်ဖော်ပြခြင်းမျိုး မရှိခဲ့ သော်လည်း ကင်ဂျုံအန်း၏ မှတ်ချက်များအရ မြောက်ကိုရီးယားနိုင်ငံသည် စစ်ရေးတည်ဆောက်မှုများကို ဆက်လက်အရှိန်မြင့်လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း သိရသည်။ အဆိုပါအစည်းအဝေးပွဲအတွင်းတွင် ကင်ဂျုံအန်းသည် ယခုနှစ်အတွင်း သိပ္ပံ၊ ပညာရေးနှင့် ကျန်းမာရေးနယ်ပယ် များတွင် တွေ့ရှိခဲ့သည့် ဆိုးဝါးသော ချို့ယွင်းချက်ချက်များကိုထောက်ပြခဲ့ပြီး ၎င်းတို့ကိုကျော်လွှားရန် နည်းလမ်း များကိုအကြံပြုခဲ့ကာ လာမည့်နှစ်အတွက် အဓိကကျသောလုပ်ငန်းတာဝန်များကို ချမှတ်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ပိတ်ဆို့အရေးယူမှုများ၊ ကိုရိုနာဗိုင်းရပ်စ်ဆန့်ကျင်ရေး lockdown များနှင့် သဘာဝ ဘေးအန္တရာယ်များကို ခံနေရသော်လည်း စီးပွားရေးလုပ်ငန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိနေကြောင်း သိရသည်။


Zawgyi Version;


Pika (NP News) - ဒီဇင်ဘာ ၂၈






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားအထက်လွှတ်တော်အမတ်ဟောင်းနဲ့ ၎င်းရဲ့ဖခင်ဖြစ်သူတို့ကို မော်စကိုတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved