Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားအထက်လွှတ်တော်အမတ်ဟောင်းနဲ့ ၎င်းရဲ့ဖခင်ဖြစ်သူတို့ကို မော်စကိုတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

Pika (NP News) - ဒီဇင်ဘာ ၂၈

ရုရှားအထက်လွှတ်တော်အမတ်ဟောင်း Rauf Arashukov နှင့် ၎င်းရဲ့ဖခင်ဖြစ်သူ Raul တို့ကို မော်စကိုတရားရုံးက လူသတ်မှုဖြင့် ဒီဇင်ဘာ(၂၇)ရက်တွင် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း သိရသည်။

ရုရှားအထက်လွှတ်တော်အမတ်ဟောင်း Rauf Arashukov သည် ၂ဝ၁၉ ခုနှစ်တွင် ပါလီမန်အစည်းအဝေး တက်နေ စဥ်အချိန်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ အစိုးရရှေ့နေချုပ် Yury Chaika နှင့် စုံစမ်းစစ်ဆေးရေး ကော်မတီအကြီးအကဲ Aleksandr Bastrykin တို့သည် အမတ်ဟောင်း Rauf Arashukov ကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခြားလွှတ်တော်အမတ်များက ပါလီမန်လွှတ်တော်အစည်းအဝေးအတွင်း ၎င်းကို ပါလီမန်လွတ်ငြိမ်းချမ်းသာခွင့်မှ ဖယ်ရှားရန်အတွက် မဲပေးခဲ့ကြကြောင်းလည်း သိရသည်။ တရားသူကြီးက "Raul နဲ့ Rauf Arashukov တို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ဖို့နဲ့ပတ်သက်ပြီး တားဆီးတာမျိုးတွေကို မတွေ့မိပါဖူး" ဟု ပြောဆိုခဲ့သည်။

ဒေသန္တရလူငယ်လှုပ်ရှားမှုအဖွဲ့၏ လက်ထောက်ခေါင်းဆောင် Aslan Zhukov နှင့် ရုရှားတောင်ပိုင်း Karachay-Cherkessia ‌‌ဒေသခေါင်းဆောင် Fral Shebzukhov တို့ကို သတ်ဖြတ်ရန်ကြံစည်မှုတွင် အမတ်ဟောင်းနှင့် ၎င်း၏ ဖခင်ဖြစ်သူတို့သည် အပြစ်ရှိကြောင်း ဂျူရီလူကြီးမင်းများက တွေ့ရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။၎င်းတို့သားအဖနှစ်ဦးသည် အပြစ်မရှိကြောင်း လုံလောက်စွာ သက်သေမပြနိုင်ဘဲ သက်ညှာမှုခံထိုက်ကြောင်း ပြောဆိုသည့်တရားသူကြီးမှာ တစ်ဦးသာရှိကြောင်း RIA Novosti သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါအမတ်ဟောင်း၏ဖခင်ဖြစ်သူ Raul Arashukov သည် ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom ထံမှ ရူဘယ် (၄ ဒသမ ၄) ဘီလျံခိုးယူမှုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့သည်။ ဂျူရီလူကြီးမင်းများသည် စက်တင်ဘာလတွင် ၎င်းတို့ နှစ်ဦးစလုံးသည် ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom ထံမှ ရူဘယ်(၃ဝ) ဘီလျံခိုးယူရန် ရည်ရွယ်ချက်ဖြင့် ရာဇဝတ် ဂိုဏ်းဖွဲ့ရန် ကြိုးပမ်းမှုဖြင့် အပြစ်ရှိကြောင်း ထပ်မံတွေ့ရှိခဲ့သည်။ အမတ်ဟောင်း Rauf Arashukov သည် ၂ဝ၁၈ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သော လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့သော အုပ်စုထဲတွင်ပါဝင်ပြီး သတ်ဖြတ်မှုကို စီစဥ်သောသူဖြစ်ကြောင်း သိရသည်။


Zawgyi Version;

႐ုရွားအထက္လႊတ္ေတာ္အမတ္ေဟာင္းနဲ႔ ၎ရဲ႕ဖခင္ျဖစ္သူတို႔ကို ေမာ္စကိုတရား႐ုံးက ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းခ်မွတ္

Pika (NP News) - ဒီဇင္ဘာ ၂၈

႐ုရွားအထက္လႊတ္ေတာ္အမတ္ေဟာင္း Rauf Arashukov ႏွင့္ ၎ရဲ႕ဖခင္ျဖစ္သူ Raul တို႔ကို ေမာ္စကိုတရား႐ုံးက လူသတ္မႈျဖင့္ ဒီဇင္ဘာ(၂၇)ရက္တြင္ ေထာင္ဒဏ္တစ္သက္ခ်မွတ္ခဲ့ ေၾကာင္း သိရသည္။

႐ုရွားအထက္လႊတ္ေတာ္အမတ္ေဟာင္း Rauf Arashukov သည္ ၂ဝ၁၉ ခုႏွစ္တြင္ ပါလီမန္အစည္းအေဝး တက္ေန စဥ္အခ်ိန္အတြင္း ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။ အစိုးရေရွ႕ေနခ်ဳပ္ Yury Chaika ႏွင့္ စုံစမ္းစစ္ေဆးေရး ေကာ္မတီအႀကီးအကဲ Aleksandr Bastrykin တို႔သည္ အမတ္ေဟာင္း Rauf Arashukov ကို ကိုယ္တိုင္ကိုယ္က် ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အျခားလႊတ္ေတာ္အမတ္မ်ားက ပါလီမန္လႊတ္ေတာ္အစည္းအေဝးအတြင္း ၎ကို ပါလီမန္လြတ္ၿငိမ္းခ်မ္းသာခြင့္မွ ဖယ္ရွားရန္အတြက္ မဲေပးခဲ့ၾကေၾကာင္းလည္း သိရသည္။

တရားသူႀကီးက "Raul နဲ႔ Rauf Arashukov တို႔ကို ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းခ်မွတ္ဖို႔နဲ႔ပတ္သက္ၿပီး တားဆီးတာမ်ိဳးေတြကို မေတြ႕မိပါဖူး" ဟု ေျပာဆိုခဲ့သည္။ ေဒသႏၲရလူငယ္လႈပ္ရွားမႈအဖြဲ႕၏ လက္ေထာက္ေခါင္းေဆာင္ Aslan Zhukov ႏွင့္ ႐ုရွားေတာင္ပိုင္း Karachay-Cherkessia ‌‌ေဒသေခါင္းေဆာင္ Fral Shebzukhov တို႔ကို သတ္ျဖတ္ရန္ႀကံစည္မႈတြင္ အမတ္ေဟာင္းႏွင့္ ၎၏ ဖခင္ျဖစ္သူတို႔သည္ အျပစ္ရွိေၾကာင္း ဂ်ဴရီလူႀကီးမင္းမ်ားက ေတြ႕ရွိထားၿပီးျဖစ္ေၾကာင္းလည္း သိရသည္။ ၎တို႔သားအဖႏွစ္ဦးသည္ အျပစ္မရွိေၾကာင္း လုံေလာက္စြာ သက္ေသမျပႏိုင္ဘဲ သက္ညႇာမႈခံထိုက္ေၾကာင္း ေျပာဆိုသည့္တရားသူႀကီးမွာ တစ္ဦးသာရွိေၾကာင္း RIA Novosti သတင္းဌာနက ေဖာ္ျပခဲ့သည္။

အဆိုပါအမတ္ေဟာင္း၏ဖခင္ျဖစ္သူ Raul Arashukov သည္ ႐ုရွားစြမ္းအင္ကုမၸဏီ Gazprom ထံမွ ႐ူဘယ္ (၄ ဒသမ ၄) ဘီလ်ံခိုးယူမႈျဖင့္ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့သည္။ ဂ်ဴရီလူႀကီးမင္းမ်ားသည္ စက္တင္ဘာလတြင္ ၎တို႔ ႏွစ္ဦးစလုံးသည္ ႐ုရွားစြမ္းအင္ကုမၸဏီ Gazprom ထံမွ ႐ူဘယ္(၃ဝ) ဘီလ်ံခိုးယူရန္ ရည္႐ြယ္ခ်က္ျဖင့္ ရာဇဝတ္ ဂိုဏ္းဖြဲ႕ရန္ ႀကိဳးပမ္းမႈျဖင့္ အျပစ္ရွိေၾကာင္း ထပ္မံေတြ႕ရွိခဲ့သည္။ အမတ္ေဟာင္း Rauf Arashukov သည္ ၂ဝ၁၈ ခုႏွစ္ ၾသဂုတ္လက ျဖစ္ပြားခဲ့ေသာ လူသတ္မႈတစ္ခုကို က်ဴးလြန္ခဲ့ေသာ အုပ္စုထဲတြင္ပါဝင္ၿပီး သတ္ျဖတ္မႈကို စီစဥ္ေသာသူျဖစ္ေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုဂ္ဂလိက ဆေးရုံများတွင် လုပ်ကိုင်သူများအနေဖြင့် တည်ဆဲဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း နစက အသိပေး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved