မြစ်ကြီးနားမြို့အား ပြည်သူများအေးချမ်းလုံခြုံပြီး တရားဥပဒေစိုးမိုးရေးရှိသည့် Safe City ဖြစ်အောင်ဆောင်ရွက်မည်
NP News - မေ ၁၈
ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့အား ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း Safe City ဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Safe City ဖြစ်စေရေးကို ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Safe City Project တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများ နှင့် မြိုတော်ခန်းမသစ်ဆောက်လုပ်နိုင်ရေးအ တွက် မေလ ၁၇ ရက်က ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “မြစ်ကြီးနားမြို့ကို Safe City ၊ Clean City ၊ Flower City နဲ့ Smart City တစ်ခုဖြစ်လာစေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။ အထူး သဖြင့် ပြည်သူတွေ အေးချမ်းလုံခြုံပြီး တရားဥပဒေစိုးမိုးရေးအတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
အလားတူ မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေးကိုလည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ စီမံကိန်းလုပ်ငန်းများအတွက် အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ပြီး သတ် မှတ် ဘဏ္ဍာနှစ်အလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး စနစ် တကျကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြစ်ကြီးနားသည် မြန်မာပြည်မြောက်ဘက် နယ်နိမိတ်နှင့် နီးစပ်၍ ပြည်ထောင်စုလုံခြုံရေးအတွက်အရေးပါသော ဒေသတစ်ခုဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်ထားရှိသည်။
zawgyi version
ျမစ္ႀကီးနားၿမိဳ႕အား ျပည္သူမ်ားေအးခ်မ္းလုံၿခဳံၿပီး တရားဥပေဒစိုးမိုးေရးရွိသည့္ Safe City ျဖစ္ေအာင္ေဆာင္႐ြက္မည္
NP News - ေမ ၁၈
ကခ်င္ျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္သည့္ ျမစ္ႀကီးနားၿမိဳ႕အား ၂ဝ၂၃-၂ဝ၂၄ ဘ႑ာေရးႏွစ္အတြင္း Safe City ျဖစ္ေစေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ Safe City ျဖစ္ေစေရးကို ျပည္နယ္ေငြလုံးေငြရင္း ရန္ပုံေငြျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Safe City Project တြင္ ပါဝင္သည့္ လုပ္ငန္းစီမံကိန္းမ်ား ႏွင့္ ၿမိဳေတာ္ခန္းမသစ္ေဆာက္လုပ္ႏိုင္ေရးအ တြက္ ေမလ ၁၇ ရက္က ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားက ညႇိႏႈိင္းေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္က “ျမစ္ႀကီးနားၿမိဳ႕ကို Safe City ၊ Clean City ၊ Flower City နဲ႔ Smart City တစ္ခုျဖစ္လာေစေရး ႀကိဳးပမ္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္မွာျဖစ္ပါတယ္။ အထူး သျဖင့္ ျပည္သူေတြ ေအးခ်မ္းလုံၿခဳံၿပီး တရားဥပေဒစိုးမိုးေရးအတြက္ မူဝါဒ၊ လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ေျပာသည္။
အလားတူ ၿမိဳ႕ေတာ္ခန္းမသစ္ တည္ေဆာက္ႏိုင္ေရးကိုလည္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။ စီမံကိန္းလုပ္ငန္းမ်ားအတြက္ အႀကံေပးအဖြဲ႕ႏွင့္ လုပ္ငန္းေကာ္မတီမ်ား ဖြဲ႕စည္းသြားမည္ျဖစ္ၿပီး သတ္ မွတ္ ဘ႑ာႏွစ္အလိုက္ လုပ္ထုံးလုပ္နည္းႏွင့္အညီ အရည္အေသြးျပည့္မီစြာ ေဆာင္႐ြက္ႏိုင္ေရး စနစ္ တက်ႀကီးၾကပ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ျမစ္ႀကီးနားသည္ ျမန္မာျပည္ေျမာက္ဘက္ နယ္နိမိတ္ႏွင့္ နီးစပ္၍ ျပည္ေထာင္စုလုံၿခဳံေရးအတြက္အေရးပါေသာ ေဒသတစ္ခုျဖစ္ၿပီး ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ဖြင့္လွစ္ထားရွိသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် သံတံခါးပိမိ၍ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ