Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကိုယ်အလေးချိန်ထိန်းဖို့အတွက် သကြားမပါတဲ့ အချိုတုများ မစားသုံးကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြု
ရောင်နီ (NP News) - မေ ၁၇
Saccharin နဲ့ Stevia ကဲ့သို့သော သကြားမဟုတ်တဲ့အချိုဓာတ်တွေကို ခန္ဓာကိုယ်အလေးချိန်ထိန်းဖို့အတွက် စားသုံးခြင်း အသုံးမပြုသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္လာနေ့ (မေလ ၁၅ ရက်) မှာ ပြောကြား ခဲ့ပါတယ်။
ကျန်းမာရေးအဖွဲ့ရဲ့အကြံပြုချက်မှာ သကြားမပါတဲ့အချိုတုများမှာ ဓာတုနဲ့ ပြုပြင်ထားတဲ့ အချိုဓာတ်များ ပါဝင်နေ ကြောင်း WHO မှ ၎င်းရဲ့လမ်းညွှန်ချက်အသစ်မှာ ပြောကြားခဲ့ပါတယ်။ အချိုဓာတ်ဟာ သကြားအစားထိုး ကယ်လိုရီ နည်းတဲ့ အခြားရွေးချယ်စရာများဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချဖို့ (သို့မဟုတ်) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ အထောက်အကူအဖြစ် ယေဘုယျအားဖြင့် စျေးကွက်မှာ ရောင်းချကြပါတယ်။
၎င်းတို့မှာ acesulfame K၊ aspartame၊ advantame၊ cyclamates၊ neotame၊ saccharin၊ sucralose၊ stevia စတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ WHO က ဆိုပါတယ်။ ဒါ့အပြင် WHO ဟာ သွေးတိုးရောဂါနဲ့ နှလုံးရောဂါကဲ့သို့သော မကူးစက်နိုင်တဲ့ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက်လည်း ယင်းအချိုတုများ အသုံးပြုခြင်းကို တားမြစ်ထား ပါတယ်။
သကြားမဟုတ်တဲ့အချိုတုများကို အသုံးပြုခြင်းဟာ လူကြီးများ (သို့မဟုတ်) ကလေးများအတွက် ခန္ဓာကိုယ် အဆီလျှော့ချရာမှာ ရေရှည်အကျိုးမရှိကြောင်း အထောက်အထားများကို စနစ်တကျပြန်လည်သုံးသပ်ခြင်းရဲ့ တွေ့ရှိချက်များကိုအခြေခံပြီး ၎င်းရဲ့အကြံပြုချက်မှာ ပြောကြားခဲ့ပါတယ်။
ဆန်းစစ်ချက်ရဲ့ရလဒ်များဟာ အမျိုးအစား ၂ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနဲ့ အရွယ်ရောက် ပြီးသူများ သေဆုံးမှု အပါအဝင် အချိုဓာတ်ကို ရေရှည်အသုံးပြုခြင်းကြောင့် မလိုလားအပ်တဲ့သက်ရောက်မှုများ ရှိနိုင်တယ်လို့ အကြံပြုထားပါတယ်။
"သကြားမဟုတ်တဲ့ အချိုဓာတ်များသော သကြားများကို အစားထိုးခြင်းဟာ ရေရှည်မှာ ကိုယ်အလေးချိန် ထိန်းဖို့ အထောက်အကူမပြုပါ" လို့ WHO ရဲ့ အာဟာရနဲ့အစားအစာ ဘေးကင်းရေးဆိုင်ရာ ဒါရိုက်တာ ဖရန်စီစကို ဘရန်နာ က ပြောကြားခဲ့ပါတယ်။
ယင်း အချိုဓာတ်များဟာ မရှိမဖြစ်လိုအပ်သော အစားအစာများ မဟုတ်တဲ့အပြင် အာဟာရတန်ဖိုးလည်းမရှိဘူးလို့ ဆိုပါတယ်။ "လူတွေက သကြားတု စားသုံးမှုကို လျှော့ချဖို့ တခြားနည်းလမ်းတွေဖြစ်တဲ့ သဘာဝအတိုင်း ဖြစ်ပေါ် နေတဲ့၊ သကြားပါတဲ့ အစားအစာတွေ၊ သစ်သီးတွေ၊ အချိုမပါတဲ့ အစားအစာတွေနဲ့ အဖျော်ယမကာတွေ စားသုံး ခြင်းလိုမျိုး နည်းလမ်းတွေကို စဉ်းစားဖို့ လိုပါတယ်" လို့ ၎င်းက ဆိုပါတယ်။
သို့ပေမယ့် အဆိုပါအကြံပြုချက်ဟာ သွားတိုက်ဆေး၊ အရေပြားခရင်မ်နဲ့ ဆေးဝါးများကဲ့သို့ သကြားမဟုတ်သော အချိုဓာတ်ပါဝင်တဲ့ တစ်ကိုယ်ရည်စောင့်ရှောက်မှုနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ထုတ်ကုန်များနဲ့ သက်ဆိုင်ခြင်း မရှိ ကြောင်း WHO မှ ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ရောင်နီ (NP News) - မေ ၁၇
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
ကမ္ဘာ့ထိပ်တန်းကြက်သားတင်ပို့ရာ ဘရာဇီးလ်နိုင်ငံက ပထမဆုံး ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားနေကြောင်း အတည်ပြု
RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US
Copyright © News Services Station | All Right Reserved