Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့ထိပ်တန်းကြက်သားတင်ပို့ရာ ဘရာဇီးလ်နိုင်ငံက ပထမဆုံး ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားနေကြောင်း အတည်ပြု

ရောင်နီ (NP News) - မေ ၁၇

ကမ္ဘာ့ထိပ်တန်း ကြက်သားတင်ပို့တဲ့ ဘရာဇီးလ်နိုင်ငံဟာ ပြင်းထန်ကြက်ငှက်တုပ်ကွေး (HPAI) ကူးစက်ဖြစ်ပွားနေ ကြောင်း ပထမဆုံးအကြိမ် အတည်ပြုခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက တနင်္လာနေ့(မေလ ၁၅ ရက်) မှာ ပြော ကြားခဲ့ပါတယ်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) ရဲ့ လမ်းညွှန်ချက်မှာ ဘရာဇီးလ်အစိုးရရဲ့အဆိုအရ တောရိုင်းငှက်တွေမှာ HPAI ကူးစက်ဖြစ်ပွားမှုနှစ်ရပ် တွေ့ရှိခဲ့ပြီး ဘရာဇီးလ်နိုင်ငံမှ ကြက်ထွက်ကုန်များ တင်သွင်းခြင်းကို တားမြစ်ပိတ်ပင် သင့်ကြောင်း ဖော်ပြထားပါတယ်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ဟာ ကြက်ငှက်အစုအဝေးတစ်ခုလုံးကို သေစေနိုင်ပြီး မွေးမြူရေးကဏ္ဍအတွက် ကြီးကြီးမားမား ဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။ ဘရာဇီးလ်ရဲ့ကြက်သားတင်ပို့မှုနှုန်းဟာ ယမန်နှစ်က ၂၇ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း အက်စပီရီတို ဆန်တိုပြည်နယ် ကမ်းရိုးတန်းမှ ရွှေ့ပြောင်းလာ တဲ့ ငှက်နှစ်ကောင်မှာ တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစားခွဲ H5N1 ကို တွေ့ရှိရကြောင်း ဘရာဇီးအစိုးရက အတည်ပြု ခဲ့ပါတယ်။

ဘရာဇီးရဲ့ အဓိကကြက်မွေးမြူရေးပြည်နယ်များမှာ တောင်ဘက်စွန်းနဲ့ အနောက်ဗဟိုမှာ တည်ရှိပြီး ဘရာဇီးအခြေ စိုက် BRF ရဲ့ CEO ဖြစ်သူ မီဂေါလ်ဂူလာတီ က ပြင်းထန်သော ရောဂါဖြစ်ပွားစေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် မအံ့သြမိကြောင်းနဲ့ ကုမ္ပဏီဟာ မည်သည့်အခြေအနေအတွက်မဆို ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက တရုတ်၊ ဂျပန်၊ တောင်အာဖရိကနဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံတွေဟာ ဘရာဇီးမှ ကြက်သား ထွက်ကုန် အဓိကတင်သွင်းတဲ့နိုင်ငံတွေ ဖြစ်ကြပြီး တရုတ်နိုင်ငံဟာ စီးပွားဖြစ် ကြက်မွေးမြူရေးခြံများမှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် အမေရိကန်ပြည်နယ် ၄ဝ နီးပါးမှ ကြက်တင်သွင်းမှုကို တားမြစ်ခဲ့ပါတယ်။
ဘရာဇီးရဲ့ အိမ်နီးချင်း အာဂျင်တီးနားမှာလည်း ဖေဖော်ဝါရီလ နှောင်းပိုင်းက ကြက်ငှက်တုပ်ကွေးရောဂါကို တောင်ပိုင်း ရီယိုနီဂရိုးပြည်နယ်ရှိ ကြက်မွေးမြူရေးလုပ်ငန်းမှာ ပထမဆုံးတွေ့ရှိပြီးနောက် ၄င်းရဲ့ကြက်သားတင်ပို့ မှုကို ဆိုင်းငံ့ထားခဲ့ပြီး မတ်လနှောင်းပိုင်းမှာတော့ ကြက်ငှက်တုပ်ကွေးကင်းစင်သော ဒေသများမှ တင်ပို့မှု ပြန်လည် စတင်ခဲ့ပါတယ်။ အမေရိကန်၊ ဥရောပနဲ့ ဗြိတိန်တို့မှာ ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကြက်၊ ကြက်ဆင်နဲ့ အခြားငှက်များ စံချိန်တင် သေဆုံးခဲ့ပြီး တောင်အမေရိက၊ အာဖရိကနဲ့ အာရှမှာလည်း ပျံ့နှံ့နေလျက် ရှိပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါဟာ လူသားသို့ ကူးစက်နိုင်ပေမယ့် ဒီလိုဖြစ်ရပ်မျိုးကြောင်း ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောကြားထားပါတယ်။

Zawgyi Version;
ရောင်နီ (NP News) - မေ ၁၆






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေတိုးအဖွဲ့က အာရှတိုက်တွင် ဩဇာလွှမ်းမိုးမှုကို ပိုမိုမြှင့်တင်ရန်ကြိုးပမ်းနေကြောင်း မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved