ဘီလျံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ် ရုတ်တရက်ကွယ်လွန်ကြောင်းသတင်းနဲ့ပတ်သက်၍ ခိုင်လုံတဲ့သတင်း မတွေ့ရှိရသေး
Htay Oung (NP News) - မေ ၁၅
ဘီလျံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ် နှလုံးရောဂါဖြင့် ကွယ်လွန်ကြောင်း သတင်းများ လွှင့်တင်နေကြပါတယ်။
နိုင်ငံတကာမီဒီယာများမှာ အမေရိကန်ဒီမိုကရက်တစ်ပါတီရဲ့အမာခံ အလှူရှင် သူဋ္ဌေးကြီးနဲ့ပတ်သက်တဲ့ ရုတ်တရက် ကွယ်လွန်ကြောင်း သတင်းကို ယနေ့ မေလ ၁၅ ရက်၊ နေ့လည်ပိုင်း စာရေးချိန်အထိ မတွေ့ရသေးပါ။
စတော့စျေးကွက်မှာ အယ်လွန်မတ်စ်ရဲ့တက်စလာနဲ့ ဖို့ဒ်မော်တော်ကား ကုမ္ပဏီအကြား ကွာဟချက်ကို ပိတ်ဆို့ဖို့ အတွက် ဟန်ဂေရီနွယ်ဖွား အမေရိကန်နိုင်ငံသား သဋ္ဌေးကြီးက ကန်ဒေါ်လာ ၇၈ သန်းနဲ့ အလောင်းအစား ပြုလုပ် နေကြောင်း သတင်းကိုသာ ယနေ့ နာရီပိုင်း အတွင်း တွေ့ရှိရပါသေးတယ်။ ကျန်သတင်းများမှာ လွန်ခဲ့ တဲ့ ၂ ရက်မှ ၈ ရက်အတွင်း ဖြစ်ပါတယ်။
#HtayOung, #OungMarine
#ဂျော့ဆိုရော့စ် #တက်စလာ #ဖို့ဒ်မော်တော်ကားကုမ္ပဏီ #အမေရိကန်ဒီမိုကရက်တစ်ပါတီ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းဘေးဒဏ်သင့် ပြည်သူများအား လုပ်ငန်းရှင်နှင့် စေတနာရှင်များက ငွေကျပ်သိန်းပေါင်း (၁၃ဝဝဝဝ)ကျော် လှူဒါန်း
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း