Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနဲ့စစ်ဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲကိုအစီအစဉ်အတိုင်းကျင်းပနိုင်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးပြော

ဂျန်ဇက် (NP News) - မေ ၁၅

ယူကရိန်းနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားခြင်းများကိုရွှေ့ဆိုင်းသွားဖွယ်ရှိနေကြောင်း သမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက နိုင်ငံအတွင်းမှာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေခြင်းများကို ဆက်လက်ထားရှိမှာဖြစ်တယ်လို့လည်း ဝါရှင်တန်ပိုစ့် သတင်းစာနဲ့အင်တာဗျူးမှာထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ယူကရိန်းဟာ လက်ရှိအချိန်မှာ ရုရှားနဲ့စစ်ဖြစ်နေတဲ့အတွက် စစ်အုပ်ချုပ်ရေးဥပဒေသတ်မှတ်ထားသလို ရွေးကောက်ပွဲကို ကျင်းပနိုင်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတက ပြောခဲ့တာဖြစ်ပါတယ်။

ယူကရိန်းဟာ လွှတ်တော်ရွေးကောက်ပွဲကို အောက်တိုဘာလအတွင်းကျင်းပဖို့ နဲ့ သမ္မတရွေးကောက်ပွဲကို လာမယ့် နှစ်မှာကျင်းပဖို့ ယခင်ကစီစဉ်ထားကြောင်းသိရပါတယ်။ သမ္မတဇီလန်စကီးက "ကျွန်တော်တို့နိုင်ငံအတွင်းမှာ စစ်အုပ်ချုပ်ရေးဥပဒေ ဆက်လက် သတ်မှတ်ထားမယ်ဆိုရင် ရွေးကောက်ပွဲကိုကျင်းပလို့မရနိုင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်အုပ်ချုပ်ရေးသတ်မှတ်ထားချိန်အတွင်း ရွေးကောက်ပွဲမကျင်းပဖို့ သတ်မှတ်ထားတယ်။ စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ထားခြင်းမျိုးမရှိတော့ဘူးဆိုရင် ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်တယ်"လို့ပြောပါတယ်။

ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲဖြစ်နေတာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ရာ လာမယ့်ရွေးကောက်ပွဲများကို ကျင်းပဖို့ မရေမရာဖြစ်နေကြောင်းသိရပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ သူရဲ့ပါတီဟာ ရုရှားနဲ့တိုက်ခိုက်နေခြင်းများကိုအကြောင်းပြချက်ပေးပြီး နိုင်ငံအာဏာကိုဆက်လက်ရယူထားနိုင်ဖို့ အရှိန်မြင့်လုပ်ဆောင်နေခြင်းဖြစ်တယ်လို့လည်းဝေဖန်မှုများရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှာ ရုရှားနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းကတည်းက ယူကရိန်းအစိုးရဟာ နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ခဲ့သလို အတိုက်ခံပါတီများရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကိုလည်း ပိတ်ပင်ခဲ့ကြောင်းသိရပါတယ်။

ဒါ့ပြင် အင်တာနက်၊ မီဒီယာများမှာလည်း နိုင်ငံရေးပါတီများနဲ့ပတ်သက်ပြီး ဆင်ဆာဖြတ်တောက်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းအာဏာပိုင်တွေဟာ ရုရှားနဲ့ ရင်းနှီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ယူကရိန်းနိုင်ငံအတွင်းရှိ Orthodox Church (UOC) ဘာသာဝင်များကိုလည်း ညှင်းပန်းနှိပ်စက်ခဲ့ကြောင်းသိရပါတယ်။ ယူကရိန်း Orthodox Church (UOC) ဘာသာရေးအဖွဲ့အစည်းတွေဟာ ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲဖြစ်နေပေမယ့် ရုရှားနိုင်ငံ နဲ့ ပုံမှန်အတိုင်း ဆက်ဆံမှုများရှိနေခဲ့ကြောင်းသိရပါတယ်။

zawgyi version
ဂျန်ဇက် (NP News) - မေ ၁၅






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုလားတန်စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်းကို အခြေပြုပြီး စစ်တွေအထူးစီးပွားရေးဇုန် ပေါ်ပေါက်လာရန် နစကဥက္ကဋ္ဌမျှော်လင့်

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved