Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျာမန်အများစုက နေတိုးအဖွဲ့ဝင်အဖြစ် ယူကရိန်း ပါဝင်လာမယ့်အစီအစဉ်များကို ဆန့်ကျင်ကန့်ကွက် 14/05/2023 17:32 1

ရောင်နီ (NP News) - မေ ၁၄

ဂျာမနီ dpa သတင်းဌာနမှ ကောက်ယူတဲ့ YouGov စစ်တမ်းတစ်ခုအရ ဂျာမန်လူမျိုး ထက်ဝက်ကျော်ဟာ NATO အဖွဲ့မှာ ယူကရိန်းနိုင်ငံ ပါဝင်လာမယ့်အစီအစဉ်ကို မထောက်ခံကြဘူးလို့ သိရပါတယ်။

စစ်တမ်းဖြေဆိုသူ (၅၄)ရာခိုင်နှုန်းလောက်က အဆိုပါအလားအလာကို ဆန့်ကျင်နေကြောင်း သတင်းဌာနက သောကြာနေ့မှာ ဖော်ပြပါတယ်။ စစ်တမ်းကောက်ယူသူ (၂၇)ရာခိုင်နှုန်းကသာ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်စစ်ဘက်အုပ်စုမှာ ယူကရိန်းကိုအဖွဲ့ဝင်ဖြစ်လာစေမယ့် အလားလာတွေကို
သဘောတူတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက NATO အဖွဲ့ဝင်ဖို့ ထိုက်တန်သော ဖိတ်ကြားမှု မရရှိခဲ့တာတွေကို ဥရောပသားအများစုကို နားလည်နိုင်မှာ မဟုတ်ကြောင်း ဧပြီလက ပြောဆိုခဲ့ပါတယ်။ ယူကရိန်းခေါင်းဆောင်ဟာ လာမယ့်ဇူလိုင်လမှာ လစ်သူယေးနီးယားမှာကျင်းပမယ့် NATO ထိပ်သီး အစည်းအဝေးမှာ ပါဝင်ဖို့ မျှော်လင့်ထားကြောင်း dpa မှပြောကြားခဲ့ပါတယ်။ ဂျာမန်လူမျိုးအများစုဟာ ယူကရိန်းကို မော်စကိုနဲ့ စေ့စပ်ညှိနှိုင်းမှုများ စတင်စေလိုကြောင်း YouGov မှ စစ်တမ်းအရ သိရပါတယ်။

စစ်တမ်းကောက်ယူမှုအရ ဖြေဆိုသူ (၅၅)ရာခိုင်နှုန်းက ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခ အဆုံးသတ်ရေး ညှိနှိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဂျာမနီနိုင်ငံဟာ ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတန်ဖိုး ရှိမယ့်လက်နက်အကူညီများပေးမယ်လို့ ကြေညာလိုက်ပြီးနောက် အဆိုပါ စစ်တမ်း ထွက်ပေါ်လာတာခြင်း ဖြစ်ပါတယ်။ ယူကရိန်းကို ဂျာမနီနိုင်ငံက ထပ်မံကူညီပေးမယ့် အမေရိကန်ဒေါ်လာ (၂ ဒသမ ၉၅)ဘီလျံကျော်တန်ဖိုးရှိ လက်နက်များပေးပို့မှုမှာ ဂျာမနီလုပ်မြေပြင်အခြေစိုက် IRIS-T လေကြောင်းရန် ကာ ကွယ်ရေးစနစ် လေးခု၊ ဂျာမန်စစ်တပ်များ ကိုယ်တိုင်မပိုင်ဆိုင်ရသေးတဲ့တိုက်ပွဲဝင်တင့်ကား (၁)စီး၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် အစီး (၂ဝ)၊ စစ်သားများနဲ့ စစ်လက်နက်ပစ္စည်းများသယ်ယူပို့ဆောင်ဖို့ ဒီဇိုင်းထုတ်လုပ်ထားတဲ့ သံချပ်ကာအစီးရေ (၁ဝဝ)၊ တိုက်လေယာဉ်များကို ပစ်ချနိုင်ဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ အမြောက်စနစ် (၁၈)ခုနဲ့ ကင်းထောက်မောင်းသူမဲ့ လေယာဉ် (၂ဝဝ)တို့လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဂျာမနီဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထပ်မံကူညီပေးမယ်လို့ကြေညာထားပေမယ့် ဘယ်အချိန်မှာ ပေးအပ်မယ်ဆိုတာကို အသေးစိတ် ပြောကြားခြင်း မရှိပါဘူး။ ဂျာမနီနိုင်ငံရဲ့ကွန်ဆာဗေးတစ်ယူနီယံ (CDU/CSU) ပါလီမန်အဖွဲ့ခွဲ ဒုတိယအကြီးအကဲ ဂျိုဟန်ဝါဒီပဲလ်က ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ဖို့ ဂျာမနီလုပ်လက်နက်များကို ယူကရိန်းနိုင်ငံသားများအား ခွင့်ပြုပေးဖို့ ဘာလင်ကို တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဂျာမန်လူမျိုး သုံးပုံနှစ်ပုံနီးပါးဟာ ယူကရိန်းကို တိုက် လေယာဉ်များ ပေးအပ်ခြင်း ကန့်ကွက်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ လကပြုလုပ်တဲ့ YouGov စစ်တမ်းတစ်ခုအရ (၄၅)ရာခိုင်နှုန်းဟာ German Leopard 2 တိုက်ပွဲတင့်ကားများကို ယူကရိန်းသို့ ပေးပို့ခြင်းကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပါတယ်။

ယူကရိန်းကို လက်နက်များ ပံ့ပိုးကူညီခြင်းဟာ စစ်ပွဲကိုအချိန်ပိုကြာစေပြီးရုရှားနဲ့ NATO တို့ကြား တိုက် ရိုက်ထိပ်တိုက်တွေ့မှုအထိ ရန်လိုမှုများ ပိုမိုပြင်းထန်လာမယ့် အန္တရာယ်များကို ဖန်တီးပေးဖွယ်ရှိနေကြောင်း ရုရှားက သတိပေးထားပါတယ်။ ရုရှား အစိုးရက ရုရှားနိုင်ငံရဲ့အကျိုးစီးပွားတွေကို ရယူနိုင်ဖို့နဲ့ ရည်မှန်းချက်များ ရရှိစေဖို့အတွက် ယူကရိန်းစစ်ပွဲအဆုံးသတ်အောင် ငြိမ်းချမ်းစွာဖြေရှင်းဖို့ အဆင့်သင့်ရှိနေကြောင်းပြောထားပါတယ်။

zawgyi version
ဂ်ာမန္အမ်ားစုက ေနတိုးအဖြဲ႕ဝင္အျဖစ္ ယူကရိန္း ပါဝင္လာမယ့္အစီအစဥ္မ်ားကို ဆန႔္က်င္ကန႔္ကြက္
ေရာင္နီ (NP News) - ေမ ၁၄

ဂ်ာမနီ dpa သတင္းဌာနမွ ေကာက္ယူတဲ့ YouGov စစ္တမ္းတစ္ခုအရ ဂ်ာမန္လူမ်ိဳး ထက္ဝက္ေက်ာ္ဟာ NATO အဖြဲ႕မွာ ယူကရိန္းႏိုင္ငံ ပါဝင္လာမယ့္အစီအစဥ္ကို မေထာက္ခံၾကဘူးလို႔ သိရပါတယ္။

စစ္တမ္းေျဖဆိုသူ (၅၄)ရာခိုင္ႏႈန္းေလာက္က အဆိုပါအလားအလာကို ဆန႔္က်င္ေနေၾကာင္း သတင္းဌာနက ေသာၾကာေန႔မွာ ေဖာ္ျပပါတယ္။ စစ္တမ္းေကာက္ယူသူ (၂၇)ရာခိုင္ႏႈန္းကသာ အေမရိကန္ဦးေဆာင္တဲ့ ေနတိုးမဟာမိတ္စစ္ဘက္အုပ္စုမွာ ယူကရိန္းကိုအဖြဲ႕ဝင္ျဖစ္လာေစမယ့္ အလားလာေတြကို
သေဘာတူတယ္လို႔ ဆိုပါတယ္။

ယူကရိန္းသမၼတ ဗလာဒီမာ ဇီလန္စကီးက NATO အဖြဲ႕ဝင္ဖို႔ ထိုက္တန္ေသာ ဖိတ္ၾကားမႈ မရရွိခဲ့တာေတြကို ဥေရာပသားအမ်ားစုကို နားလည္ႏိုင္မွာ မဟုတ္ေၾကာင္း ဧၿပီလက ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းေခါင္းေဆာင္ဟာ လာမယ့္ဇူလိုင္လမွာ လစ္သူေယးနီးယားမွာက်င္းပမယ့္ NATO ထိပ္သီး အစည္းအေဝးမွာ ပါဝင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း dpa မွေျပာၾကားခဲ့ပါတယ္။ ဂ်ာမန္လူမ်ိဳးအမ်ားစုဟာ ယူကရိန္းကို ေမာ္စကိုနဲ႔ ေစ့စပ္ညႇိႏႈိင္းမႈမ်ား စတင္ေစလိုေၾကာင္း YouGov မွ စစ္တမ္းအရ သိရပါတယ္။

စစ္တမ္းေကာက္ယူမႈအရ ေျဖဆိုသူ (၅၅)ရာခိုင္ႏႈန္းက ႐ုရွားနဲ႔ ယူကရိန္းၾကား ပဋိပကၡ အဆုံးသတ္ေရး ညႇိႏႈိင္းဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဂ်ာမနီႏိုင္ငံဟာ ယူကရိန္းအတြက္ အေမရိကန္ေဒၚလာ ဘီလ်ံနဲ႔ခ်ီတန္ဖိုး ရွိမယ့္လက္နက္အကူညီမ်ားေပးမယ္လို႔ ေၾကညာလိုက္ၿပီးေနာက္ အဆိုပါ စစ္တမ္း ထြက္ေပၚလာတာျခင္း ျဖစ္ပါတယ္။ ယူကရိန္းကို ဂ်ာမနီႏိုင္ငံက ထပ္မံကူညီေပးမယ့္ အေမရိကန္ေဒၚလာ (၂ ဒသမ ၉၅)ဘီလ်ံေက်ာ္တန္ဖိုးရွိ လက္နက္မ်ားေပးပို႔မႈမွာ ဂ်ာမနီလုပ္ေျမျပင္အေျခစိုက္ IRIS-T ေလေၾကာင္းရန္ ကာ ကြယ္ေရးစနစ္ ေလးခု၊ ဂ်ာမန္စစ္တပ္မ်ား ကိုယ္တိုင္မပိုင္ဆိုင္ရေသးတဲ့တိုက္ပြဲဝင္တင့္ကား (၁)စီး၊ ေျခလ်င္တိုက္ခိုက္ေရးယာဥ္ အစီး (၂ဝ)၊ စစ္သားမ်ားနဲ႔ စစ္လက္နက္ပစၥည္းမ်ားသယ္ယူပို႔ေဆာင္ဖို႔ ဒီဇိုင္းထုတ္လုပ္ထားတဲ့ သံခ်ပ္ကာအစီးေရ (၁ဝဝ)၊ တိုက္ေလယာဥ္မ်ားကို ပစ္ခ်ႏိုင္ဖို႔ ရည္႐ြယ္ျပဳလုပ္ထားတဲ့ အေျမာက္စနစ္ (၁၈)ခုနဲ႔ ကင္းေထာက္ေမာင္းသူမဲ့ ေလယာဥ္ (၂ဝဝ)တို႔လည္း ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ာမနီဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ထပ္မံကူညီေပးမယ္လို႔ေၾကညာထားေပမယ့္ ဘယ္အခ်ိန္မွာ ေပးအပ္မယ္ဆိုတာကို အေသးစိတ္ ေျပာၾကားျခင္း မရွိပါဘူး။ ဂ်ာမနီႏိုင္ငံရဲ႕ကြန္ဆာေဗးတစ္ယူနီယံ (CDU/CSU) ပါလီမန္အဖြဲ႕ခြဲ ဒုတိယအႀကီးအကဲ ဂ်ိဳဟန္ဝါဒီပဲလ္က ႐ုရွားႏိုင္ငံတြင္းရွိ ပစ္မွတ္မ်ားကို တိုက္ခိုက္ဖို႔ ဂ်ာမနီလုပ္လက္နက္မ်ားကို ယူကရိန္းႏိုင္ငံသားမ်ားအား ခြင့္ျပဳေပးဖို႔ ဘာလင္ကို ေတာင္းဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ဂ်ာမန္လူမ်ိဳး သုံးပုံႏွစ္ပုံနီးပါးဟာ ယူကရိန္းကို တိုက္ ေလယာဥ္မ်ား ေပးအပ္ျခင္း ကန႔္ကြက္ေၾကာင္း စစ္တမ္းတစ္ခုက ေဖာ္ျပခဲ့ပါတယ္။ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာ လကျပဳလုပ္တဲ့ YouGov စစ္တမ္းတစ္ခုအရ (၄၅)ရာခိုင္ႏႈန္းဟာ German Leopard 2 တိုက္ပြဲတင့္ကားမ်ားကို ယူကရိန္းသို႔ ေပးပို႔ျခင္းကို ဆန႔္က်င္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ယူကရိန္းကို လက္နက္မ်ား ပံ့ပိုးကူညီျခင္းဟာ စစ္ပြဲကိုအခ်ိန္ပိုၾကာေစၿပီး႐ုရွားနဲ႔ NATO တို႔ၾကား တိုက္ ႐ိုက္ထိပ္တိုက္ေတြ႕မႈအထိ ရန္လိုမႈမ်ား ပိုမိုျပင္းထန္လာမယ့္ အႏၲရာယ္မ်ားကို ဖန္တီးေပးဖြယ္ရွိေနေၾကာင္း ႐ုရွားက သတိေပးထားပါတယ္။ ႐ုရွား အစိုးရက ႐ုရွားႏိုင္ငံရဲ႕အက်ိဳးစီးပြားေတြကို ရယူႏိုင္ဖို႔နဲ႔ ရည္မွန္းခ်က္မ်ား ရရွိေစဖို႔အတြက္ ယူကရိန္းစစ္ပြဲအဆုံးသတ္ေအာင္ ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ အဆင့္သင့္ရွိေနေၾကာင္းေျပာထားပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတက္ကသိုလ်တွင် အသုံးချစိတ်ပညာဘွဲ့လွန်ဒီပလိုမာ(D.A.Psy) အချိန်ပိုင်းသင်တန်းအတွက် သင်တန်းသားများခေါ်ယူ

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved