Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားရဲ့ဒရုန်းတွေ ကျူးကျော်ခံရပြီးနောက် တောင်ကိုရီးယားစစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့ သမ္မတယွန်ဆက်ယိုလ် ပြော

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၇

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က နယ်စပ်ဒေသကို မြောက်ကိုရီးယားရဲ့ဒရုန်းများ ကျူးကျော်ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့သလို စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းသွားဖို့ စီစဉ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ဒရုန်းငါးစင်းဟာ ဒီဇင်ဘာ ၂၆ ရက်က တောင်ကိုရီးယားနယ်စပ်ဒေသကို ကျူးကျော်ပျံသန်းခဲ့ရာ တောင်ကိုရီးယားစစ်ဘက်က တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များ စေလွှတ်ပြီးပစ်ချဖို့ ကြိုးပမ်းခဲ့ရတယ်လို့ သိရပါတယ်။မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနယ်စပ်ဒေသကို ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျူးကျော်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်စရာဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားစစ်ဘက်ဟာ မြောက်ကိုရီးယားရဲ့ဒရုန်းတွေကို ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များနဲ့ အချက်ပေါင်း ၁ဝဝ ခန့် ပစ်ခတ်ခဲ့ပေမယ့် ဒရုန်းများကို ပစ်ချနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ဒရုန်းတွေဟာ တောင်ကိုရီးယားစစ်ဘက်က ပစ်ချမှုများလုပ်နေချိန်မှာ ငါးနာရီကြာ ပျံသန်းခဲ့ပြီး မြို့တော်ဆိုးလ်အပါအဝင် တောင်ကိုရီးယားမြို့များကို ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတ က "ကျူးကျော်လာတဲ့ မြောက်ကိုရီးယားကို မပစ်ချနိုင်ခြင်းဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်း ကျွန်တော်တို့စစ်တပ်ရဲ့ ပြင်ဆင်မှုအားနည်းချက်တွေကို ပြသလိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ လေ့ကျင့်ပြင်ဆင်မှုများ ပိုမိုလုပ်ဆောင်ဖို့လိုအပ်တယ်။ ကျွန်တော်တို့ဟာ မြောက်ကိုရီးယားရဲ့စစ်ဘက် အဆောက်အဦးများကို ပြန်လည်ထောက်လှမ်း တုံ့ပြန်နိုင်ဖို့ စစ်ဘက်ဆိုင်ရာဒရုန်းတပ်ဖွဲ့ကိုတည်ထောင်ဖို့ စီစဉ်ရမယ်။ အဲဒီအစီအစဉ်ကို လက်ရှိအချိန်ကစတင်ပြီး အမြန်လုပ်ဆောင်ရမယ်။ ဒရုန်းတွေ အသုံးပြုပြီး ထောက်လှမ်းမှုပိုင်း ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။


Zawgyi Version; 







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အနောက်အုပ်စုနိုင်ငံတွေက သတ်မှတ်တဲ့ဈေးနှုန်းအတိုင်း လိုက်နာမယ့်နိုင်ငံတွေကို ရေနံရောင်းချမှု ပိတ်ပင်မှာဖြစ်ကြောင်း ရုရှားအစိုးရဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved