Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် လူပုဂ္ဂိုလ်လုံခြုံရေးအရ ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများကို လိုင်စင်လျှောက်ထားရန် နစက အသိပေး

မျိုးကြီး (NP News) - မေ ၁ဝ

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် လူပုဂ္ဂိုလ်လုံခြုံရေးအရ ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများကို လိုင်စင်လျှောက်ထားရန် နစကမှ အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေလ ၉ ရက် ညပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ယနေ့အချိန်၌ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူလူထုအပေါ် သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကာ တရားမဝင်ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရသည်ဟု နစကမှ ပြောဆိုထား သည်။

ထိုသို့ ကိုင်ဆောင်ခြင်း၏ မူလရည်ရွယ်ချက်သည် လူပုဂ္ဂိုလ်လုံခြုံရေးအတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများ လက်ဝယ်ရှိနေချိန်၌ လူ့စိတ်သည်အချိန်မရွေးပြောင်းလဲသွားနိုင်သည့်အတွက် တစ်ချိန်ချိန်၌ တစ်လွဲအသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းကဲ့သို့ လက်နက်ခဲယမ်းကိုင်ဆောင်မှုများသည် တရားမဝင်ကိုင်ဆောင်ထားခြင်းဖြစ်ပြီး ဥပဒေနှင့်လည်း ညီညွတ်မှုမရှိကြောင်း နစကမှ ဆိုသည်။

ထို့ကြောင့် နစကအနေဖြင့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီ စနစ်တကျလိုင်စင်ထုတ်ပေးရေးကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားရာတွင် လျှောက်ထားသည့်သေနတ်အား မည်သို့ မည်ပုံရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည်မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့်တကွ အပ်နှံလျှောက်ထားရမည်ဟု နစကမှ အသိပေးထားသည်။

ထိုသို့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီ စိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းကဲ့သို့ လက်နက်ခဲယမ်းအပ်နှံကာ လိုင်စင်လျှောက်ထားခြင်းမရှိပါက ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာအရေးယူသွားမည်ဟုလည်း နစကမှ သတိပေးပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ တပ်မတော်အငြိမ်းစားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများသည် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်ဖြစ်စဉ်အများအပြား ရှိခဲ့သည်။

ထို့ပြင် နိုင်ငံအတွင်းရှိ မြို့ပေါ်များ၌ ဖွင့်လှစ်ရောင်းချနေသည့် ရွှေထည်လက်ဝတ်ရတနာဆိုင်များမှာလည်း ဓါးပြတိုက်ခံရသည့်ဖြစ်စဉ်များစွာရှိခဲ့ပြီး ၎င်းကဲ့သို့ ဖြစ်စဉ်များကြောင့် အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအရ လက်နက်ခဲယမ်းများ ကိုင်ဆောင်ရန် ပြည်သူလူထုအတွင်း ဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

zawgyi version

အၾကမ္းဖက္ျဖစ္စဥ္မ်ားေၾကာင့္ လူပုဂၢိဳလ္လုံၿခဳံေရးအရ ကိုင္ေဆာင္ထားသည့္ လက္နက္ခဲယမ္းမ်ားကို လိုင္စင္ေလွ်ာက္ထားရန္ နစက အသိေပး

မ်ိဳးႀကီး (NP News) - ေမ ၁ဝ

အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ လူပုဂၢိဳလ္လုံၿခဳံေရးအရ ကိုင္ေဆာင္ထားသည့္ လက္နက္ခဲယမ္းမ်ားကို လိုင္စင္ေလွ်ာက္ထားရန္ နစကမွ အသိေပးထုတ္ျပန္ထားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ေမလ ၉ ရက္ ညပိုင္းက အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ယေန႔အခ်ိန္၌ အၾကမ္းဖက္သမားမ်ားက အျပစ္မဲ့ျပည္သူလူထုအေပၚ သတ္ျဖတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ျပည္သူလူထုအတြင္း၌ လူပုဂၢိဳလ္လုံၿခဳံေရးကို စိုးရိမ္ၾကသည့္အတြက္ လက္နက္ခဲယမ္းမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ ရွာေဖြကာ တရားမဝင္ကိုင္ေဆာင္လ်က္ရွိေၾကာင္း ၾကားသိေနရသည္ဟု နစကမွ ေျပာဆိုထား သည္။

ထိုသို႔ ကိုင္ေဆာင္ျခင္း၏ မူလရည္႐ြယ္ခ်က္သည္ လူပုဂၢိဳလ္လုံၿခဳံေရးအတြက္ျဖစ္ေသာ္လည္း လက္နက္ခဲယမ္းမ်ား လက္ဝယ္ရွိေနခ်ိန္၌ လူ႔စိတ္သည္အခ်ိန္မေ႐ြးေျပာင္းလဲသြားႏိုင္သည့္အတြက္ တစ္ခ်ိန္ခ်ိန္၌ တစ္လြဲအသုံးျပဳမႈမ်ား ျဖစ္ေပၚလာႏိုင္သည္ဟု နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

၎ကဲ့သို႔ လက္နက္ခဲယမ္းကိုင္ေဆာင္မႈမ်ားသည္ တရားမဝင္ကိုင္ေဆာင္ထားျခင္းျဖစ္ၿပီး ဥပေဒႏွင့္လည္း ညီၫြတ္မႈမရွိေၾကာင္း နစကမွ ဆိုသည္။

ထို႔ေၾကာင့္ နစကအေနျဖင့္ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူႏွင့္အညီ စနစ္တက်လိုင္စင္ထုတ္ေပးေရးကို စီမံေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္ လိုင္စင္ေလွ်ာက္ထားရာတြင္ ေလွ်ာက္ထားသည့္ေသနတ္အား မည္သို႔ မည္ပုံရရွိသည္ကို စစ္ေဆးေမးျမန္းသြားမည္မဟုတ္ဘဲ ေလွ်ာက္ထားလိုသည့္ လက္နက္ခဲယမ္းႏွင့္တကြ အပ္ႏွံေလွ်ာက္ထားရမည္ဟု နစကမွ အသိေပးထားသည္။

ထိုသို႔ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္လိုင္စင္ေလွ်ာက္ထားမႈအေပၚ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူႏွင့္အညီ စိစစ္၍ သတ္မွတ္ခ်က္ႏွင့္ကိုက္ညီသူမ်ားကို လိုင္စင္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

၎ကဲ့သို႔ လက္နက္ခဲယမ္းအပ္ႏွံကာ လိုင္စင္ေလွ်ာက္ထားျခင္းမရွိပါက ေဖာ္ထုတ္ဖမ္းဆီး၍ ထိေရာက္စြာအေရးယူသြားမည္ဟုလည္း နစကမွ သတိေပးေျပာဆိုထားသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစ၍ တပ္မေတာ္အၿငိမ္းစားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ အျပစ္မဲ့ျပည္သူမ်ားသည္ အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္ျခင္းကို ခံခဲ့ရသည့္ျဖစ္စဥ္အမ်ားအျပား ရွိခဲ့သည္။

ထို႔ျပင္ ႏိုင္ငံအတြင္းရွိ ၿမိဳ႕ေပၚမ်ား၌ ဖြင့္လွစ္ေရာင္းခ်ေနသည့္ ေ႐ႊထည္လက္ဝတ္ရတနာဆိုင္မ်ားမွာလည္း ဓါးျပတိုက္ခံရသည့္ျဖစ္စဥ္မ်ားစြာရွိခဲ့ၿပီး ၎ကဲ့သို႔ ျဖစ္စဥ္မ်ားေၾကာင့္ အသက္အိုးအိမ္စည္းစိမ္လုံၿခဳံေရးအရ လက္နက္ခဲယမ္းမ်ား ကိုင္ေဆာင္ရန္ ျပည္သူလူထုအတြင္း ျဖစ္ေပၚလာခဲ့ျခင္းလည္း ျဖစ္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၌ တစ်ပတ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ဖြစ်ပွားသူ (၁၃ဝဝ)နီးပါးရှိလာ

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved