Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စာရေးဆရာမတစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၅ သန်းပေးဖို့ တရားရုံး အမိန့်ချမှတ်

ဂျန်ဇက် (NP News) - မေ ၁ဝ 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ စာရေးဆရာမတစ်ဦးဖြစ်တဲ့ E. Jean Carroll ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုများအတွက် နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်းကျော် ပေးရမယ်လို့  Manhattan တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ 

ဒေါ်နယ်ထရမ့်ဟာ လာမယ့် သမ္မတရွေးကောက်ပွဲကို တစ်ကျော့ပြန်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေချိန်မှာ မျှော်လင့်မထားတဲ့အခက်အခဲ၊ ပြသာနာများကို ဆက်တိုက်တွေ့ဆုံခဲ့ပြီး လိင်အပျော်မယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွဲချက်တင်ခံထားရပါတယ်။

အဆိုပါ စွဲချက်တင်ခံရပြီးနောက်မကြာမီ စာရေးဆရာမတစ်ဦးဖြစ်တဲ့ E. Jean Carrollက ၎င်းဟာ ဒေါ်နယ်ထရမ့်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားများ ရင်ဆိုင်ခဲ့ရတယ်ဆိုကာ တိုင်တန်းခဲ့ပြီး တရားရုံးက အမှုကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၎င်းက "ဒီနေ့မှာတော့ ကမ္ဘာကြီးဟာ အမှန်တရားကို သိခဲ့ပါတယ်။ ဒီတရားရေး ရင်ဆိုင်မှုအနိုင်ရတာဟာ ကျွန်မ အတွက်သာမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခံရတဲ့ အမျိုးသမီးတွေ နိုင်ပွဲဖြစ်ပါတယ်" လို့ ပြောပါတယ်။ 

ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေဖြစ်သူ  Joseph Tacopina ကတော့ အမှုနဲ့ပတ်သက်ပြီး အယူခံထပ်တင်သွားမှာဖြစ် ကြောင်း ပြောပါတယ်။ အသက် ၇၉ နှစ်အရွယ်ရှိ စာရေးဆရာမက ဒေါ်နယ်ထရမ့်ဟာ သူမကို ၁၉၉၅ ခုနှစ် (သို့မဟုတ်) ၁၉၉၆ ခုနှစ်က မတ်ဟတ်တန်မြို့ရှိ Bergdorf Goodman အဆောက်အဦးရဲ့အဝတ်အစားလဲခန်းထဲမှာ အဓမ္မပြုကျင့်ခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။

တရားရုံးဟာ အဆိုပါအမှုကို ဧပြီ ၂၅ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပြီးနောက် မေလ ၉ ရက်မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ စာ‌ရေးဆရာမရဲ့စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး "ဒီအမျိုးသမီး ဘယ်သူလဲဆိုတာကို ကျွန်တော် မသိပါဘူး" လို့ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမှုကို စတင်စစ်ဆေးခဲ့တဲ့ ဧပြီ ၂၅ ရက်ကတည်းက တရားရုံးကိုလာရောက်ခြင်းမျိုး မရှိခဲ့ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

တရားရုံးက နစ်နာကြေးပေးဖို့ ဒေါ်နယ်ထရမ့်ကို အမိန့်ချမှတ်ခဲ့ပေမယ့် ဒေါ်နယ်ထရမ့်ဟာ သူရဲ့အမှုကို အယူခံဝင်ပြီး အဆုံးအဖြတ်ရချိန်အထိ နစ်နာကြေးပေးဖွယ်မရှိကြောင်း သိရပါတယ်။


Zawgyi Version;

စာေရးဆရာမတစ္ဦးကို လိင္ပိုင္းဆိုင္ရာက်ဴးလြန္ေစာ္ကားမႈနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ကို နစ္နာေၾကး အေမရိကန္ေဒၚလာ ၅ သန္းေပးဖို႔ တရား႐ုံး အမိန႔္ခ်မွတ္

ဂ်န္ဇက္ (NP News) - ေမ ၁ဝ 

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ဟာ စာေရးဆရာမတစ္ဦးျဖစ္တဲ့ E. Jean Carroll ကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ေစာ္ကားမႈမ်ားအတြက္ နစ္နာေၾကးအျဖစ္ အေမရိကန္ေဒၚလာ ၅ သန္းေက်ာ္ ေပးရမယ္လို႔  Manhattan တရား႐ုံးက အမိန႔္ခ်မွတ္လိုက္ပါတယ္။ 

ေဒၚနယ္ထရမ့္ဟာ လာမယ့္ သမၼတေ႐ြးေကာက္ပြဲကို တစ္ေက်ာ့ျပန္ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ ေမွ်ာ္လင့္မထားတဲ့အခက္အခဲ၊ ျပသာနာမ်ားကို ဆက္တိုက္ေတြ႕ဆုံခဲ့ၿပီး လိင္အေပ်ာ္မယ္တစ္ဦးကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့တယ္လို႔ စြဲခ်က္တင္ခံထားရပါတယ္။

အဆိုပါ စြဲခ်က္တင္ခံရၿပီးေနာက္မၾကာမီ စာေရးဆရာမတစ္ဦးျဖစ္တဲ့ E. Jean Carrollက ၎ဟာ ေဒၚနယ္ထရမ့္ရဲ႕ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ေစာ္ကားမ်ား ရင္ဆိုင္ခဲ့ရတယ္ဆိုကာ တိုင္တန္းခဲ့ၿပီး တရား႐ုံးက အမႈကို ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

၎က "ဒီေန႔မွာေတာ့ ကမာၻႀကီးဟာ အမွန္တရားကို သိခဲ့ပါတယ္။ ဒီတရားေရး ရင္ဆိုင္မႈအႏိုင္ရတာဟာ ကြၽန္မ အတြက္သာမဟုတ္ဘဲ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ေစာ္ကားခံရတဲ့ အမ်ိဳးသမီးေတြ ႏိုင္ပြဲျဖစ္ပါတယ္" လို႔ ေျပာပါတယ္။ 

ေဒၚနယ္ထရမ့္ရဲ႕ေရွ႕ေနျဖစ္သူ  Joseph Tacopina ကေတာ့ အမႈနဲ႔ပတ္သက္ၿပီး အယူခံထပ္တင္သြားမွာျဖစ္ ေၾကာင္း ေျပာပါတယ္။ အသက္ ၇၉ ႏွစ္အ႐ြယ္ရွိ စာေရးဆရာမက ေဒၚနယ္ထရမ့္ဟာ သူမကို ၁၉၉၅ ခုႏွစ္ (သို႔မဟုတ္) ၁၉၉၆ ခုႏွစ္က မတ္ဟတ္တန္ၿမိဳ႕ရွိ Bergdorf Goodman အေဆာက္အဦးရဲ႕အဝတ္အစားလဲခန္းထဲမွာ အဓမၼျပဳက်င့္ခဲ့ေၾကာင္း တရား႐ုံးမွာ ထြက္ဆိုထားပါတယ္။

တရား႐ုံးဟာ အဆိုပါအမႈကို ဧၿပီ ၂၅ ရက္ေန႔မွာ စတင္စစ္ေဆးခဲ့ၿပီးေနာက္ ေမလ ၉ ရက္မွာ အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အဆိုပါ စာ‌ေရးဆရာမရဲ႕စြပ္စြဲခ်က္မ်ားကို ျငင္းဆန္ထားၿပီး "ဒီအမ်ိဳးသမီး ဘယ္သူလဲဆိုတာကို ကြၽန္ေတာ္ မသိပါဘူး" လို႔ေျပာပါတယ္။ ေဒၚနယ္ထရမ့္ဟာ အမႈကို စတင္စစ္ေဆးခဲ့တဲ့ ဧၿပီ ၂၅ ရက္ကတည္းက တရား႐ုံးကိုလာေရာက္ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း အေမရိကန္မီဒီယာေတြက ေဖာ္ျပပါတယ္။

တရား႐ုံးက နစ္နာေၾကးေပးဖို႔ ေဒၚနယ္ထရမ့္ကို အမိန႔္ခ်မွတ္ခဲ့ေပမယ့္ ေဒၚနယ္ထရမ့္ဟာ သူရဲ႕အမႈကို အယူခံဝင္ၿပီး အဆုံးအျဖတ္ရခ်ိန္အထိ နစ္နာေၾကးေပးဖြယ္မရွိေၾကာင္း သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကြမ်းဖက်ဖြစ်စဉ်များကြောင့် လူပုဂ္ဂိုလ်လုံခြုံရေးအရ ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများကို လိုင်စင်လျှောက်ထားရန် နစက အသိပေး

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved