Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNU သည် NCA ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ကာ ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းသို့ ဦးတည်နေဟု နစက၏ NSPNC သဘောထားထုတ်ပြန်

မျိုးကြီး (NP News) - မေ ၁ဝ

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် NCA ပါပြဋ္ဌာန်းချက်များအား ဆန့်ကျင်ကာ ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းသို့ ဦးတည်နေကြောင်း နစက၏ NSPNC က သဘောထားထုတ်ပြန်လိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)သည် မေလ ၈ ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းကာ သဘော ထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့ရက်ပိုင်းအတွင်းကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် KNU ကွန်ဂရက်၌ ငြိမ်းချမ်းရေးလိုလားသော ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့ပြီး ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာခဲ့သည်။

အဆိုပါ KNU ကွန်ဂရက်အပြီးတွင် KNU သည် စစ်တပ်အာဏာသိမ်းယူမှု၊ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားကာ တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစားအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

KNU အနေဖြင့် ၎င်းကဲ့သို့ ထုတ်ပြန်ထားခြင်းသည် အပြုသဘောမဆောင်ဘဲ NCA ပါပြဋ္ဌာန်းချက်များကို ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းသို့ ဦးတည်နေကြောင်းတွေ့ရှိရသည်ဟု NSPNC က သဘောထားထုတ်ပြန်လိုက်သည်။

လက်ရှိ ဖြစ်ပွားလျက်နေသော မတည်ငြိမ်မှုများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့အရ လှုံ့ဆော်မှုများနှင့် ပြည်ပပယောဂများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများသာဖြစ်ကြောင်း NSPNC က မှတ်ချက်ပြုထားသည်။

ထို့ပြင် NCA အခြေခံမူ အပိုဒ် ၁(က)၌ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံကာ ဒီမိုကရေစီရေး၊ အ မျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များအပြည့် အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ရန်သဘောတူခဲ့ပြီးဖြစ်သည့်အတွက် ထိပ်တိုက်ရင်ဆိုင်သော လက်နက်ကိုင်တိုက်ပွဲဝင်မည့်လမ်းကြောင်းသည် ဒီမိုကရေစီစနစ်နှင့်ဆန့်ကျင်ပြီး အကြမ်းဖက်လုပ်ရပ်သို့ ဦးတည်နေကြောင်း ၎င်းက သတိပေးထားသည်။

၎င်းကဲ့သို့ လုပ်ရပ်များသည် တိုင်းရင်းသားလုပ်သားပြည်သူလူထုတစ်ရပ်လုံးက လိုလားနေသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ခြင်းကို အဟန့်အတားဖြစ်စေသည့်အပြင် ဒေသတွင်းတည်ငြိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုပါ အခက်အခဲများဖြစ်ပေါ်စေနိုင်ကြောင်း NSPNC က ဆိုသည်။

KNU သည် ပြီးခဲ့သော ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတကာအသိသက်သေများရှေ့၌ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖြေရှာရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံးကိုဖိတ်ခေါ်ခဲ့ပြီး ယခုအချိန်ထိပါ လမ်းဖွင့်ထားဆဲဖြစ်ကြောင်း NSPNC က အသိ ပေးထားသည်။

NCA ပါအတိုင်း တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိနိုင်ပြီး နိုင်ငံတည်ငြိမ်ရေး၊ ဖွံဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတို့အတွက် လမ်းကြောင်းမှန်ဖြစ်သည်ဟု သဘောထားထုတ်ပြန်ထားသည်။

zawgyi version

KNU သည္ NCA ပါ ျပ႒ာန္းခ်က္မ်ားကို ဆန႔္က်င္ကာ ထိပ္တိုက္ရင္ဆိုင္မႈလမ္းေၾကာင္းသို႔ ဦးတည္ေနဟု နစက၏ NSPNC သေဘာထားထုတ္ျပန္

မ်ိဳးႀကီး (NP News) - ေမ ၁ဝ

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)သည္ NCA ပါျပ႒ာန္းခ်က္မ်ားအား ဆန႔္က်င္ကာ ထိပ္တိုက္ရင္ဆိုင္မႈလမ္းေၾကာင္းသို႔ ဦးတည္ေနေၾကာင္း နစက၏ NSPNC က သေဘာထားထုတ္ျပန္လိုက္သည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္သည့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ(NSPNC)သည္ ေမလ ၈ ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းကာ သေဘာ ထားထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့ရက္ပိုင္းအတြင္းက်င္းပခဲ့သည့္ (၁၇)ႀကိမ္ေျမာက္ KNU ကြန္ဂရက္၌ ၿငိမ္းခ်မ္းေရးလိုလားေသာ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးသည္ ဥကၠ႒အျဖစ္မွ အနားယူခဲ့ၿပီး ဥကၠ႒သစ္အျဖစ္ ပဒိုေစာကြယ္ထူးဝင္း ျဖစ္လာခဲ့သည္။

အဆိုပါ KNU ကြန္ဂရက္အၿပီးတြင္ KNU သည္ စစ္တပ္အာဏာသိမ္းယူမႈ၊ မဟာလူမ်ိဳးႀကီးဝါဒႏွင့္ စစ္အာဏာရွင္စနစ္ဆန႔္က်င္တိုက္ဖ်က္ၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုေပၚေပါက္ေရး၊ ဒီမိုကေရစီေရး၊ အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရရွိေရးအတြက္ သႏၷိ႒ာန္ခ်မွတ္ထားကာ တိုက္ပြဲဝင္ေနၾကသည့္ တိုင္းရင္းသားေတာ္လွန္ေရးအင္အားစုမ်ား၊ ဒီမိုကေရစီအင္အားစုမ်ား၊ လူထုလူတန္းစားအသီးသီးႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ဟု ထုတ္ျပန္ေၾကညာခဲ့သည္။

KNU အေနျဖင့္ ၎ကဲ့သို႔ ထုတ္ျပန္ထားျခင္းသည္ အျပဳသေဘာမေဆာင္ဘဲ NCA ပါျပ႒ာန္းခ်က္မ်ားကို ဆန႔္က်င္ၿပီး ထိပ္တိုက္ရင္ဆိုင္မႈလမ္းေၾကာင္းသို႔ ဦးတည္ေနေၾကာင္းေတြ႕ရွိရသည္ဟု NSPNC က သေဘာထားထုတ္ျပန္လိုက္သည္။

လက္ရွိ ျဖစ္ပြားလ်က္ေနေသာ မတည္ၿငိမ္မႈမ်ားသည္ ပါတီစြဲ၊ ပုဂၢိဳလ္စြဲတို႔အရ လႈံ႕ေဆာ္မႈမ်ားႏွင့္ ျပည္ပပေယာဂမ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ ပဋိပကၡမ်ားသာျဖစ္ေၾကာင္း NSPNC က မွတ္ခ်က္ျပဳထားသည္။

ထို႔ျပင္ NCA အေျခခံမူ အပိုဒ္ ၁(က)၌ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈႏွင့္ တရားမွ်တမႈတို႔ကို အေျခခံကာ ဒီမိုကေရစီေရး၊ အ မ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရးမ်ား၊ အာမခံခ်က္မ်ားအျပည့္ အဝရွိေသာ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို ႏိုင္ငံေရးေဆြးေႏြးပြဲရလဒ္မ်ားႏွင့္အညီ တည္ေဆာက္ရန္သေဘာတူခဲ့ၿပီးျဖစ္သည့္အတြက္ ထိပ္တိုက္ရင္ဆိုင္ေသာ လက္နက္ကိုင္တိုက္ပြဲဝင္မည့္လမ္းေၾကာင္းသည္ ဒီမိုကေရစီစနစ္ႏွင့္ဆန႔္က်င္ၿပီး အၾကမ္းဖက္လုပ္ရပ္သို႔ ဦးတည္ေနေၾကာင္း ၎က သတိေပးထားသည္။

၎ကဲ့သို႔ လုပ္ရပ္မ်ားသည္ တိုင္းရင္းသားလုပ္သားျပည္သူလူထုတစ္ရပ္လုံးက လိုလားေနသည့္ ပါတီစုံဒီမိုကေရစီစနစ္၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ျခင္းကို အဟန႔္အတားျဖစ္ေစသည့္အျပင္ ေဒသတြင္းတည္ၿငိမ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈကိုပါ အခက္အခဲမ်ားျဖစ္ေပၚေစႏိုင္ေၾကာင္း NSPNC က ဆိုသည္။

KNU သည္ ၿပီးခဲ့ေသာ ၂ဝ၁၅ ခုႏွစ္အတြင္း ႏိုင္ငံတကာအသိသက္ေသမ်ားေရွ႕၌ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။

ထို႔ေၾကာင့္ အစိုးရအေနျဖင့္ ေတြ႕ဆုံေဆြးေႏြးျခင္းနည္းလမ္းျဖင့္ အေျဖရွာရန္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းအားလုံးကိုဖိတ္ေခၚခဲ့ၿပီး ယခုအခ်ိန္ထိပါ လမ္းဖြင့္ထားဆဲျဖစ္ေၾကာင္း NSPNC က အသိ ေပးထားသည္။

NCA ပါအတိုင္း ေတြ႕ဆုံေဆြးေႏြးျခင္းနည္းလမ္းသည္ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရရွိႏိုင္ၿပီး ႏိုင္ငံတည္ၿငိမ္ေရး၊ ဖြံၿဖိဳးတိုးတက္ေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးႏွင့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးတို႔အတြက္ လမ္းေၾကာင္းမွန္ျဖစ္သည္ဟု သေဘာထားထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်း- မြန်မာနယ်စပ်ဒေသရှိ နေအိမ်တစ်ခုကို စီးနင်းချိန်အတွင်း သေနတ်အလက်ပေါင်း (၁ဝဝ)ကျော်နှင့် ကျည်ဆံများဖမ်းဆီးရမိဟု ထိုင်းရဲတပ်ဖွဲ့ပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved