ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းတို့ပစ်ခတ်ခဲ့သော ဒုံးကျည်သုံးစင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ပစ်ချ
Pika (NP News) - မေ ၇
ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ယူကရိန်းနိုင်ငံက ခရိုင်းမီးယားဒေသကို ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်သုံးစင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်းသိရသည်။
ယူကရိန်းတပ်ဖွဲ့ဝင်များသည် မေလ(၆)ရက်တွင် ရုရှားနိုင်ငံပိုင် ခရိုင်းမီးယားကျွန်းဆွယ်သို့ ပဲ့ထိန်းဒုံးကျည် အနည်းဆုံးနှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ခရိုင်းမီးယားဒေသအကြီးအကဲ Sergey Aksenov က Telegram ရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယူကရိန်း၏ Grom-2 mobile launcher မှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းသည် မဟာဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အစောပိုင်းတွင် ပဲ့ထိန်းဒုံးကျည်တစ်စင်းသာ ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် နောက်ထပ်ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း အဆိုပါဒုံးကျည်များအားလုံးကို အောင်မြင်စွာကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း Sergey Aksenov ၏လက်ထောက်ကပြောကြားခဲ့သည်။ ကြားဖြတ်ဟန့်တားနိုင်ခဲ့သော ဒုံးကျည်များအနက်မှ တစ်စင်း၏ အပိုင်းအစများကို ကွင်းပြင်တစ်ခုအလယ်တွင် ကျရောက်နေသည်ကို ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ခဲ့ရသည်။
အဆိုပါဒုံးကျည် အပျက်အစီးများသည် ခရိုင်းမီးယားကျွန်း အရှေ့တောင်ပိုင်း ကမ်းရိုးတန်းမြို့ Alushta အနီးတွင် ပြုတ်ကျခဲ့ကြောင်း သိရသည်။ ယူကရိန်းသည် ခရိုင်းမီးယားကျွန်းဆွယ်ကို ဒရုန်းများ၊ဒုံး ကျည်များဖြင့် အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်အတွင်း တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ပိုမိုပြင်းထန်လာခဲ့ကြောင်းသိရသည်။ ၂ဝ၁၄ ခုနှစ်တွင် ရုရှားတို့သိမ်းပိုက်ခြင်းခံခဲ့ရသော ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းတပ်ဖွဲ့များသည် အဓိကပစ်မှတ်အဖြစ်သတ်မှတ်ကာ အကြိမ်ကြိမ် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။
zawgyi version
ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ယူကရိန္းတို႔ပစ္ခတ္ခဲ့ေသာ ဒုံးက်ည္သုံးစင္းကို ႐ုရွားေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ပစ္ခ်
Pika (NP News) - ေမ ၇
႐ုရွားေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားသည္ ယူကရိန္းႏိုင္ငံက ခ႐ိုင္းမီးယားေဒသကို ပစ္လႊတ္လိုက္ေသာ ပဲ့ထိန္းဒုံးက်ည္သုံးစင္းကို ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ေၾကာင္းသိရသည္။
ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ ေမလ(၆)ရက္တြင္ ႐ုရွားႏိုင္ငံပိုင္ ခ႐ိုင္းမီးယားကြၽန္းဆြယ္သို႔ ပဲ့ထိန္းဒုံးက်ည္ အနည္းဆုံးႏွစ္စင္းကို ပစ္လႊတ္ခဲ့ေၾကာင္း သိရသည္။ ယင္းအျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီး ခ႐ိုင္းမီးယားေဒသအႀကီးအကဲ Sergey Aksenov က Telegram ရွိ ပို႔စ္တစ္ခုတြင္ ေရးသားေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ယူကရိန္း၏ Grom-2 mobile launcher မွ ပစ္လႊတ္လိုက္ေသာ ဒုံးက်ည္တစ္စင္းသည္ မဟာဗ်ဴဟာေျမာက္ပဲ့ထိန္းဒုံးက်ည္တစ္စင္းျဖစ္ေၾကာင္း ၎ကေျပာဆိုခဲ့သည္။
အေစာပိုင္းတြင္ ပဲ့ထိန္းဒုံးက်ည္တစ္စင္းသာ ပစ္လႊတ္ခဲ့ေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေနာက္ထပ္ဒုံးက်ည္ႏွစ္စင္းကို ပစ္လႊတ္ခဲ့ေၾကာင္း အဆိုပါဒုံးက်ည္မ်ားအားလုံးကို ေအာင္ျမင္စြာၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ေၾကာင္း Sergey Aksenov ၏လက္ေထာက္ကေျပာၾကားခဲ့သည္။ ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ေသာ ဒုံးက်ည္မ်ားအနက္မွ တစ္စင္း၏ အပိုင္းအစမ်ားကို ကြင္းျပင္တစ္ခုအလယ္တြင္ က်ေရာက္ေနသည္ကို ဆိုရွယ္မီဒီယာေပၚတြင္တင္ထားေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ ေတြ႕ခဲ့ရသည္။
အဆိုပါဒုံးက်ည္ အပ်က္အစီးမ်ားသည္ ခ႐ိုင္းမီးယားကြၽန္း အေရွ႕ေတာင္ပိုင္း ကမ္း႐ိုးတန္းၿမိဳ႕ Alushta အနီးတြင္ ျပဳတ္က်ခဲ့ေၾကာင္း သိရသည္။ ယူကရိန္းသည္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ဒ႐ုန္းမ်ား၊ဒုံး က်ည္မ်ားျဖင့္ အႀကိမ္ႀကိမ္ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၿပီး ၿပီးခဲ့သည့္သီတင္းပတ္အတြင္း တိုက္ခိုက္ရန္ ႀကိဳးပမ္းမႈမ်ား ပိုမိုျပင္းထန္လာခဲ့ေၾကာင္းသိရသည္။ ၂ဝ၁၄ ခုႏွစ္တြင္ ႐ုရွားတို႔သိမ္းပိုက္ျခင္းခံခဲ့ရေသာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ယူကရိန္းတပ္ဖြဲ႕မ်ားသည္ အဓိကပစ္မွတ္အျဖစ္သတ္မွတ္ကာ အႀကိမ္ႀကိမ္ တိုက္ခိုက္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘုတလင်မြို့နယ်တွင် ကားတစ်စီး လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း