Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကျဉ်းသား(၃၈)ဦးကို သေဒဏ်မှလွတ်ငြိမ်းခွင့်ပြုခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်မှုဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန် လူ့အခွင့်အရေးကော်မရှင်မျှော်လင့်

မျိုးကြီး (NP News) - မေ ၅

အကျဉ်းသား(၃၈)ဦးကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ အပြု သဘောဆောင်မှုဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မျှော်လင့်နေသည်။

လူ့အခွင့်အရေးကော်မရှင်က ယနေ့(မေလ ၅ ရက်)တွင် သတင်းထုတ်ပြန်ရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နစကသည် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား၊ အကျဉ်းသူ (၃၈)ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ် မခွဲ(က)အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြုကာ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေရန် အမိန့်ကြေညာခဲ့သည်။

ထိုသို့ဆောင်ရွက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အကျိုးဆက်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများသည် မိသားစုဝင်များနှင့်ပြန်လည်ပေါင်းစည်းခွင့်ရကြကာ သေဒဏ်လွတ်ငြိမ်းခွင့်ရသူများအနေဖြင့်လည်း အသက်ရှင်သန်ခွင့်ရရှိခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များနှင့်ထပ်တူ ဝမ်းမြောက်ကြောင်းလည်း အသိပေးပြောဆိုထားသည်။

ထို့ပြင် အပြုသဘောဆောင်သည့် ခြေလှမ်းများကိုလည်း ဆက်လက်‌ လုပ်ဆောင်သွားရန်မျှော်လင့်ကြောင်း လူ့အခွင့်အရေးကော်မရှင်မှ ဆက်လက်ထုတ်ပြန် ပြောဆိုထားသည်။

နစကအနေဖြင့် ပြီးခဲ့သည့် (မေလ ၃ ရက်)တွင် ကဆုန်လပြည့် ‌ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေ ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅-က အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူ(၂၁၅၃)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ 

ထို့ပြင် အမိန့်အမှတ် ၃၂/၂ဝ၂၃ ဖြင့် အကျဥ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခံထားရသော အကျဥ်းသား၊ အကျဥ်းသူ (၃၈)ဦးကို သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခဲ့ခြင်း ဖြစ်သည်။

zawgyi version


မျိုးကြီး (NP News) - မေ ၅









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းတပ်ဖွဲ့တွေရဲ့တန်ပြန်ထိုးစစ်ဆင်မှုကြောင့် ဒီဇင်ဘာလနောက်ပိုင်းမှစတင်ပြီး လက်ရှိအချိန်ထိ ရုရှားတပ်ဖွဲ့ဝင်(၂ဝဝဝဝ) သေဆုံးခဲ့တယ်လို့ အမေရိကန် ခန့်မှန်းထား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved