Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆားဘီးယားနိုင်ငံမှာ စာသင်ကျောင်း တိုက်ခိုက်မှုပြီးနောက် ဒုတိယမြောက် အစုလိုက်အပြုံ လိုက်ပစ်ခတ်မှု ထပ်မံဖြစ်ပွား

ရောင်နီ (NP News) - မေ ၅       

ဆားဘီးယားနိုင်ငံမှာ စာသင်ကျောင်း၌ အစုလိုက် အပြုံလိုက် တိုက်ခိုက်မှုပြီးနောက် တစ်ရက်အကြာ မြို့တော်တောင်ဘက်ရှိ မြို့တစ်မြို့မှာ လမ်းသွားလမ်းလာတွေကို သေနတ်သမားတစ်ဦးက အစုလိုက် အပြုံလိုက် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ (၈)ဦး သေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။        

အဆိုပါ ဖြစ်ရပ်ဟာ ဘက်လ်ဂရိတ် တောင်ဘက် ၅ဝ ကီလိုမီတာ ( ၃ဝ မိုင်) အကွာရှိ မဲလက်ဒီနိုဗက် မြို့အနီးမှာ ကြာသပတေးနေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားအရ သိရပါတယ်။ တိုက်ခိုက်သူဟာ အသက် ၂၁ နှစ်ရှိ လူငယ်တစ်ဦးဖြစ်ပြီး လူတွေကို ကြုံရာကျပန်းပစ်သတ်ဖို့အလိုအလျောက် လက်နက်ကို အသုံးပြုခဲ့ပါတယ်။ ၎င်းဟာ အစုလိုက် အပြုံလိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ထွက်ပြေးခဲ့ကာ သောကြာနေ့ အစောပိုင်းမှာတော့ ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် RTS TV က ဖော်ပြခဲ့ပါတယ်။ 

ဆားဘီးယား ပြည်ထဲရေးဝန်ကြီး ဘရာတီစ်လက်ဂါဆစ်က ဒီပစ်ခတ်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ အဆိုပါ အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ်များအပြင် အထူးရဲများနဲ့ ရဟတ်ယာဉ်များကိုလည်း ပို့ဆောင်ထားပါတယ်။ ယခုသီတင်းပတ်အတွင်း ဆားဘီးယားနိုင်ငံ ဘယ်လ်ဂရိတ် အလယ်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှာ အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးက ၎င်းရဲ့ကျောင်းနေဖက်ရှစ်ဦးနဲ့ လုံခြုံရေးအစောင့်တစ်ဦးတို့ကို ၎င်းရဲ့ ဖခင်ရဲ့ သေနတ်ကို အသုံးပြုကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီနောက် တစ်ရက်အကြာမှာ ယခုလို လမ်းသွားလမ်းလာတွေကို အစုလိုက်အပြုံလိုက် တိုက်ခိုက်မှု ထွက်ပေါ်လာခဲ့တာပါ။ စာသင်ကျောင်း တိုက်ခိုက်မှုမှာ သေဆုံးသူများထဲမှ ကလေးငယ်တစ်ဦးဟာ ပြင်သစ်နိုင်ငံသားဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။      

နိုင်ငံဟာ တင်းကျပ်သော သေနတ်ဥပဒေများရှိပြီး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဟာ ၂ဝ၁၃ ခုနှစ်က နိုင်ငံအလယ်ပိုင်းရှိ ရွာတစ်ရွာမှာ နောက်ဆုံးဖြစ်ပွားခဲ့တာပါ။ အာဏာပိုင်တွေဟာ ကြာသပတေးနေ့က သေနတ်ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်ရန် ရွှေ့ဆိုင်းခဲ့ပြီး ရဲတပ်ဖွဲ့က နိုင်ငံသားများအနေနဲ့ ၎င်းတို့ရဲ့လက်နက်တွေကို သော့ခတ်ကာ ကလေးငယ်များနဲ့ ဝေးဝေးမှာ ထားကြဖို့ တိုက်တွန်းထားပါတယ်။

zawgyi version


ရောင်နီ (NP News) - မေ ၅






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တူရကီ သမ္မတ အာဒိုဂန်က ၎င်းရဲ့အတိုက်အခံ ခါမဲလ်ကီလက်ဒါရိုဟာ Gay ဖြစ်ကြောင်းဆို

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved