Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရဝမ်ဒါနှင့် ယူဂန်ဒါနိုင်ငံတို့တွင် အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျံဖြစ်ပွားပြီး လူ(၁၃ဝ)ကျော် သေဆုံး၍ နေအိမ် (၅ဝဝဝ)ကျော်ပျက်စီး

Htay Oung (NP News) - မေ ၅

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနဲ့ မြေပြိုမှုများကြောင့် ရဝမ်ဒါမှာ အနည်းဆုံး လူ ၁၂၉ ဦးနဲ့ ယူဂန်ဒါမှာ ခြောက်ဦးတို့ သေဆုံးခဲ့ကြောင်း၊ နေအိမ်များအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားတို့က လိုက်လံရှာဖွေနေကြကြောင်း သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များက ဗုဒ္ဓဟူးနေ့ (မေလ ၃ ရက်)မှာ ပြောဆိုတယ်လို့ Reuters က ယမန်နေ့ (မေလ ၄ ရက်)မှာရေးသားပါတယ်။

ဒေသတစ်ဝှမ်း ရက်သတ္တပတ်များစွာ မိုးရွာသွန်းပြီးနောက် ရဝမ်ဒါနိုင်ငံ ရုပ်သံအေဂျင်စီက သတင်းလွှင့်တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာ ရွှံရောင်ထနေတဲ့ ရေလုံးကြီးဟာ လမ်းများအပေါ် ဖုံးလွှမ်းတိုက်ချသွားပုံနဲ့ကို တွေ့မြင်ကြရပါတယ်။ ပျက်စီးနေတဲ့ နေအိမ်များနဲ့ ဖရိုဖရဲမြင်ကွင်းများကိုလည်း ဖော်ပြထားပါတယ်။

လူဦးရေ (၁၃)သန်းကျော်နေထိုင်ရာ အာဖရိကအရှေ့ပိုင်း ကုန်းတွင်းပိတ်နိုင်ငံဟာ တောင်ကုန်းတောင်စောင်းများ၊ ရေကန်များနဲ့ပြည့်နှက်နေပါတယ်။ ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ခဲ့ဖူးပြီး မိုးရွာသွန်းတဲ့ ရာသီနဲ့ ခြောက်သွေ့ တဲ့ ရာသီရယ်လို့ ရာသီဥတု နှစ်မျိုးသာ ရှိပါတယ်။

လူ (၁၆)ဦး သေဆုံးခဲ့ရတဲ့ ရဝမ်ဒါနိုင်ငံအနောက်ပိုင်းမှာ နံနက် (၂)နာရီခန့် လူအများ အိပ်စက်နေကြချိန် ကြောက်လန့်တကြား အော်ဟစ်သံတွေကို ကြားကြရမှ ရေလုံးကြီး စီးဆင်းလာကြောင်း သိရှိကြတယ်လို့ ဆိုပါတယ်။ အိပ်ပျော်နေစဉ် အိမ်ပြိုကျတဲ့အတွက် မိသားစုဝင်အားလုံး သေဆုံးကြတာလဲ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ 

ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ သုံးနာရီခွဲအချိန် သေဆုံးသူ အရေအတွက်ဟာ (၁၂၉) ဦးအထိ မြင့်တက်လာတယ်လို့ ရဝမ်ဒါအစိုးရ လက်ထောက် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။

ပိတ်မိနေသူတိုင်းကို ကယ်ဆယ်နိုင်စေဖို့ အဓိက ဦးစားပေးလုပ်ဆောင်နေပြီး ပျက်စီးသွားတဲ့ နေအိမ်နေရာတိုင်းကို အရောက်သွားမှာဖြစ်ကြောင်း၊ လူအချို့ကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ရဝမ်ဒါအနောက်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဆက်ဘီယာမြစ်ဟာ ကမ်းပါးများ ကွဲထွက်သွားကြောင်း၊ အရင်ရက်တွေ မိုးအဆက်မပြတ် ရွာသွန်းတဲ့အတွက် မြေသားများ နူးအိနေပြီး မြေပြိုတဲ့အတွက် လမ်းတွေပိတ်ဆို့ကုန်တယ်လို့ ရှင်းပြပါတယ်။

ရဝမ်ဒါ သမ္မတ ပေါလ်ကာဂါမီကတော့ သူတို့ အစိုးရအနေနဲ့ ယာယီနေရာရွှေ့ပြောင်းပေးမှုအပါအဝင် ထိခိုက်ခံစားခဲ့ရသူများကို ကူညီပေးနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရဝမ်ဒါနယ်စပ်အနီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံ အနောက်တောင်ပိုင်း ကီဆိုရိုခရိုင်မှာ တစ်ညအတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း၊ ငါးဦးဟာ မိသားစု တစ်စုတည်းမှဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက အလောင်းများကို ပြန်လည်ရယူရန်အတွက် တူးဖော်နေဆဲဖြစ်တယ်လို့ သက်ဆိုင်ရာနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လနှောင်းပိုင်းမှ စတင်ပြီး ရဝမ်ဒါနဲ့ ယူဂန္ဓာနိုင်ငံတို့မှာ မိုးသည်းထန်စွာရွာသွန်းမှုများကို ကြုံတွေနေရပါတယ်။ တောင်တန်းဒေသ ကုန်းမြင့်ပိုင်းမှာ မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ရေလွှမ်းမိုးမှုများနဲ့ ရေကြီးရေလျံမှုများကြောင့် နေအိမ်များ ပျက်စီးကာ ရာနဲ့ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။

ရဝမ်ဒါနိုင်ငံမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများကြောင့် လူ ၁၃ဝ ထက်မနည်း သေဆုံးခဲ့ရပြီး ရုပ်အလောင်းအချို့ ကို အစုပုံလိုက် မြှုပ်နှံနေရတယ်လို့ VOA က ယမန်နေ့ရေးသားပါတယ်။

အင်္ဂါနေ့ညနေပိုင်းက စတင်ခဲ့တဲ့ ရေကြီးမှုကြောင့် အိမ်ခြေ ၅,၁၀၀ ကျော် ပျက်စီးခဲ့ပြီး နောက်ထပ်နေအိမ် ၂,၅၀၀ မှာ ထိခိုက်ခဲ့ကြောင်း၊ နေအိမ်အချို့ဟာ မြေသားထုအောက် ရောက်ရှိသွားပြီး လူပေါင်း ရာချီပျောက်ဆုံးနေတဲ့အတွက် သေဆုံးသူဦးရေ ယခုထက် ပိုမိုများပြားနိုင်ကြောင်း၊  ရေစီးနဲ့အတူ မျောပါသွားသူတွေကို ကယ်ဆယ်ဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။

ရေကြီးခြင်းနဲ့ မြေပြိုခြင်းတို့လို သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းဟာ  ရဝမ်ဒါနိုင်ငံအတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ယခု နောက်ဆုံးဖြစ်ပွားမှုအတိုင်းအတာဟာ ဒေသဆိုင်ရာအာဏာပိုင်များကို ကျော်လွန်ပြီး နိုင်ငံတော်အဆင့်တွင် ဝင်ရောက်ကယ်ဆယ်ကူညီဖို့အထိ ဆိုးရွားပုံရပါတယ်။ အင်္ဂါနေ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးမှုတွေဟာ ယူဂန်ဒါနိုင်ငံ အနောက်တောင်ပိုင်းနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကိုလည်း ပျံ့နှံ့သွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရဝမ်ဒါနိုင်ငံမှာ မေလ တစ်လလုံး မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိကြောင်း အမျိုးသား မိုးလေဝသဌာနက လောလောဆယ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

(Reuters., 04 May 2023,” Heavy rain, floods kill at least 136 in Rwanda and Uganda” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

ရဝမ္ဒါႏွင့္ ယူဂန္ဒါႏိုင္ငံတို႔တြင္ အဆက္မျပတ္ မိုးသည္းထန္စြာ႐ြာသြန္း၍ ေရႀကီးေရလ်ံျဖစ္ပြားၿပီး လူ(၁၃ဝ)ေက်ာ္ ေသဆုံး၍ ေနအိမ္ (၅ဝဝဝ)ေက်ာ္ပ်က္စီး 

Htay Oung (NP News) - ေမ ၅

မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးမႈနဲ႔ ေျမၿပိဳမႈမ်ားေၾကာင့္ ရဝမ္ဒါမွာ အနည္းဆုံး လူ ၁၂၉ ဦးနဲ႔ ယူဂန္ဒါမွာ ေျခာက္ဦးတို႔ ေသဆုံးခဲ့ေၾကာင္း၊ ေနအိမ္မ်ားအတြင္း ပိတ္မိေနသူမ်ားကို ကယ္ဆယ္ေရးသမားတို႔က လိုက္လံရွာေဖြေနၾကေၾကာင္း သက္ဆိုင္ရာႏိုင္ငံ အာဏာပိုင္မ်ားက ဗုဒၶဟူးေန႔ (ေမလ ၃ ရက္)မွာ ေျပာဆိုတယ္လို႔ Reuters က ယမန္ေန႔ (ေမလ ၄ ရက္)မွာေရးသားပါတယ္။

ေဒသတစ္ဝွမ္း ရက္သတၱပတ္မ်ားစြာ မိုး႐ြာသြန္းၿပီးေနာက္ ရဝမ္ဒါႏိုင္ငံ ႐ုပ္သံေအဂ်င္စီက သတင္းလႊင့္တင္ထားတဲ့ ဗြီဒီယိုဖိုင္မွာ ႐ႊံေရာင္ထေနတဲ့ ေရလုံးႀကီးဟာ လမ္းမ်ားအေပၚ ဖုံးလႊမ္းတိုက္ခ်သြားပုံနဲ႔ကို ေတြ႕ျမင္ၾကရပါတယ္။ ပ်က္စီးေနတဲ့ ေနအိမ္မ်ားနဲ႔ ဖ႐ိုဖရဲျမင္ကြင္းမ်ားကိုလည္း ေဖာ္ျပထားပါတယ္။

လူဦးေရ (၁၃)သန္းေက်ာ္ေနထိုင္ရာ အာဖရိကအေရွ႕ပိုင္း ကုန္းတြင္းပိတ္ႏိုင္ငံဟာ ေတာင္ကုန္းေတာင္ေစာင္းမ်ား၊ ေရကန္မ်ားနဲ႔ျပည့္ႏွက္ေနပါတယ္။ ျပင္သစ္ကိုလိုနီလက္ေအာက္က်ေရာက္ခဲ့ဖူးၿပီး မိုး႐ြာသြန္းတဲ့ ရာသီနဲ႔ ေျခာက္ေသြ႕ တဲ့ ရာသီရယ္လို႔ ရာသီဥတု ႏွစ္မ်ိဳးသာ ရွိပါတယ္။

လူ (၁၆)ဦး ေသဆုံးခဲ့ရတဲ့ ရဝမ္ဒါႏိုင္ငံအေနာက္ပိုင္းမွာ နံနက္ (၂)နာရီခန႔္ လူအမ်ား အိပ္စက္ေနၾကခ်ိန္ ေၾကာက္လန႔္တၾကား ေအာ္ဟစ္သံေတြကို ၾကားၾကရမွ ေရလုံးႀကီး စီးဆင္းလာေၾကာင္း သိရွိၾကတယ္လို႔ ဆိုပါတယ္။ အိပ္ေပ်ာ္ေနစဥ္ အိမ္ၿပိဳက်တဲ့အတြက္ မိသားစုဝင္အားလုံး ေသဆုံးၾကတာလဲ ရွိခဲ့တယ္လို႔ သိရွိရပါတယ္။ 

ယမန္ေန႔ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ သုံးနာရီခြဲအခ်ိန္ ေသဆုံးသူ အေရအတြက္ဟာ (၁၂၉) ဦးအထိ ျမင့္တက္လာတယ္လို႔ ရဝမ္ဒါအစိုးရ လက္ေထာက္ ေျပာေရးဆိုခြင့္ရွိသူက အတည္ျပဳပါတယ္။

ပိတ္မိေနသူတိုင္းကို ကယ္ဆယ္ႏိုင္ေစဖို႔ အဓိက ဦးစားေပးလုပ္ေဆာင္ေနၿပီး ပ်က္စီးသြားတဲ့ ေနအိမ္ေနရာတိုင္းကို အေရာက္သြားမွာျဖစ္ေၾကာင္း၊ လူအခ်ိဳ႕ကို ကယ္ထုတ္ႏိုင္ခဲ့ၿပီး ေဆး႐ုံကို ပို႔ေဆာင္လိုက္ရတယ္လို႔ ရဝမ္ဒါအေနာက္ပိုင္းျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ဆက္ဘီယာျမစ္ဟာ ကမ္းပါးမ်ား ကြဲထြက္သြားေၾကာင္း၊ အရင္ရက္ေတြ မိုးအဆက္မျပတ္ ႐ြာသြန္းတဲ့အတြက္ ေျမသားမ်ား ႏူးအိေနၿပီး ေျမၿပိဳတဲ့အတြက္ လမ္းေတြပိတ္ဆို႔ကုန္တယ္လို႔ ရွင္းျပပါတယ္။

ရဝမ္ဒါ သမၼတ ေပါလ္ကာဂါမီကေတာ့ သူတို႔ အစိုးရအေနနဲ႔ ယာယီေနရာေ႐ႊ႕ေျပာင္းေပးမႈအပါအဝင္ ထိခိုက္ခံစားခဲ့ရသူမ်ားကို ကူညီေပးေနတယ္လို႔ သတင္းထုတ္ျပန္ပါတယ္။

ရဝမ္ဒါနယ္စပ္အနီး အိမ္နီးခ်င္း ယူဂန္ဒါႏိုင္ငံ အေနာက္ေတာင္ပိုင္း ကီဆို႐ိုခ႐ိုင္မွာ တစ္ညအတြင္း လူေျခာက္ဦး ေသဆုံးခဲ့ေၾကာင္း၊ ငါးဦးဟာ မိသားစု တစ္စုတည္းမွျဖစ္ၿပီး အေရးေပၚကယ္ဆယ္ေရးလုပ္သားေတြက အေလာင္းမ်ားကို ျပန္လည္ရယူရန္အတြက္ တူးေဖာ္ေနဆဲျဖစ္တယ္လို႔ သက္ဆိုင္ရာႏိုင္ငံ ၾကက္ေျခနီအဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မတ္လေႏွာင္းပိုင္းမွ စတင္ၿပီး ရဝမ္ဒါနဲ႔ ယူဂႏၶာႏိုင္ငံတို႔မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားကို ႀကဳံေတြေနရပါတယ္။ ေတာင္တန္းေဒသ ကုန္းျမင့္ပိုင္းမွာ ေျမၿပိဳမႈမ်ား ျဖစ္ပြားခဲ့ၿပီး ေရလႊမ္းမိုးမႈမ်ားနဲ႔ ေရႀကီးေရလ်ံမႈမ်ားေၾကာင့္ ေနအိမ္မ်ား ပ်က္စီးကာ ရာနဲ႔ခ်ီ အိုးအိမ္မဲ့ျဖစ္ခဲ့ၾကရပါတယ္။

ရဝမ္ဒါႏိုင္ငံမွာ ေရႀကီးေရလွ်ံမႈနဲ႔ ေျမၿပိဳမႈမ်ားေၾကာင့္ လူ ၁၃ဝ ထက္မနည္း ေသဆုံးခဲ့ရၿပီး ႐ုပ္အေလာင္းအခ်ိဳ႕ ကို အစုပုံလိုက္ ျမႇဳပ္ႏွံေနရတယ္လို႔ VOA က ယမန္ေန႔ေရးသားပါတယ္။

အဂၤါေန႔ညေနပိုင္းက စတင္ခဲ့တဲ့ ေရႀကီးမႈေၾကာင့္ အိမ္ေျခ ၅,၁၀၀ ေက်ာ္ ပ်က္စီးခဲ့ၿပီး ေနာက္ထပ္ေနအိမ္ ၂,၅၀၀ မွာ ထိခိုက္ခဲ့ေၾကာင္း၊ ေနအိမ္အခ်ိဳ႕ဟာ ေျမသားထုေအာက္ ေရာက္ရွိသြားၿပီး လူေပါင္း ရာခ်ီေပ်ာက္ဆုံးေနတဲ့အတြက္ ေသဆုံးသူဦးေရ ယခုထက္ ပိုမိုမ်ားျပားႏိုင္ေၾကာင္း၊  ေရစီးနဲ႔အတူ ေမ်ာပါသြားသူေတြကို ကယ္ဆယ္ဖို႔ ႀကိဳးစားေနဆဲျဖစ္ေၾကာင္း သိရွိရပါတယ္။

ေရႀကီးျခင္းနဲ႔ ေျမၿပိဳျခင္းတို႔လို သဘာဝေဘးအႏၲရာယ္က်ေရာက္ျခင္းဟာ  ရဝမ္ဒါႏိုင္ငံအတြက္ အထူးအဆန္းေတာ့ မဟုတ္ပါဘူး၊ ဒါေပမဲ့ ယခု ေနာက္ဆုံးျဖစ္ပြားမႈအတိုင္းအတာဟာ ေဒသဆိုင္ရာအာဏာပိုင္မ်ားကို ေက်ာ္လြန္ၿပီး ႏိုင္ငံေတာ္အဆင့္တြင္ ဝင္ေရာက္ကယ္ဆယ္ကူညီဖို႔အထိ ဆိုး႐ြားပုံရပါတယ္။ အဂၤါေန႔ မိုးသည္းထန္စြာ ႐ြာသြန္းမႈနဲ႔ ေရႀကီးမႈေတြဟာ ယူဂန္ဒါႏိုင္ငံ အေနာက္ေတာင္ပိုင္းနဲ႔ ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံတို႔ကိုလည္း ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ရဝမ္ဒါႏိုင္ငံမွာ ေမလ တစ္လလုံး မိုးသည္းထန္စြာ ႐ြာသြန္းဖြယ္ရွိေၾကာင္း အမ်ိဳးသား မိုးေလဝသဌာနက ေလာေလာဆယ္ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

(Reuters., 04 May 2023,” Heavy rain, floods kill at least 136 in Rwanda and Uganda” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်တော်မြို့နယ်တွင် တစ်နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၄)လုံး ပျက်စီးဆုံးရှုံး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved