မီးပွိုင့်ရှိ ရဲလုံခြုံရေးကင်းအား လက်နက်ငယ် အပါအဝင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိ
Pearl (NP News) - မေ ၄
နေပြည်တော်ကောင်စီနယ်မြေတွင် မီးပွိုင့်ရှိ ရဲလုံခြုံရေးကင်းအား အကြမ်းဖက်များမှ လက်နက်ငယ် အပါအဝင် လက်ပစ်ဗုံး(၁)လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၃ ရက်)၊ ည (၇)နာရီ၊ (၁ဝ)မိနစ် အချိန်ခန့်တွင် နေပြည်တော်ကောင်စီနယ် မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီး နှင့် သီရိမဏ္ဍိုင်လမ်းထောင့်မီးပွိုင့်တွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံမှသိရသည်။
အကြမ်းဖက်သမား(၂)ဦးသည် ဆိုင်ကယ်ဖြင့် သီရိမဏ္ဍိုင်လမ်းအတိုင်း ဥတ္တရသီရိရပ်ကွက်ဘက်မှ မီးပွိုင့်ဘက်သို့ မောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်လာပြီး အဆိုပါ မီးပွိုင့်ရှိ ရဲလုံခြုံရေးကင်းအား လက်နက်ငယ်၊ လက်ပစ်ဗုံး(၁)လုံးတို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်မှ ဆိုသည်။
ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား (၁)ဦး ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
zawgyi version
မီးပြိဳင့္ရွိ ရဲလုံၿခဳံေရးကင္းအား လက္နက္ငယ္ အပါအဝင္ လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ရဲတပ္သားတစ္ဦး ဒဏ္ရာရရွိ
Pearl (NP News) - ေမ ၄
ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ မီးပြိဳင့္ရွိ ရဲလုံၿခဳံေရးကင္းအား အၾကမ္းဖက္မ်ားမွ လက္နက္ငယ္ အပါအဝင္ လက္ပစ္ဗုံး(၁)လုံးျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၃ ရက္)၊ ည (၇)နာရီ၊ (၁ဝ)မိနစ္ အခ်ိန္ခန႔္တြင္ ေနျပည္ေတာ္ေကာင္စီနယ္ ေျမ၊ ဥတၱရသီရိၿမိဳ႕နယ္၊ ရာဇသဂၤဟလမ္းမႀကီး ႏွင့္ သီရိမ႑ိဳင္လမ္းေထာင့္မီးပြိဳင့္တြင္ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သည့္ သတင္းအရင္းအျမစ္ထံမွသိရသည္။
အၾကမ္းဖက္သမား(၂)ဦးသည္ ဆိုင္ကယ္ျဖင့္ သီရိမ႑ိဳင္လမ္းအတိုင္း ဥတၱရသီရိရပ္ကြက္ဘက္မွ မီးပြိဳင့္ဘက္သို႔ ေမာင္းႏွင္လာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေမာင္းႏွင္လာၿပီး အဆိုပါ မီးပြိဳင့္ရွိ ရဲလုံၿခဳံေရးကင္းအား လက္နက္ငယ္၊ လက္ပစ္ဗုံး(၁)လုံးတို႔ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္မွ ဆိုသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ရဲတပ္သား (၁)ဦး ဗုံးစထိမွန္ဒဏ္ရာ ရရွိခဲ့ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားငလျင်ကြောင့်ထိခိုက်နစ်နာခဲ့သူများအတွက် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ(၁) သိန်းနှင့်ညီမျှသော အိန္ဒိယရူပီးငွေများလှူဒါန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း