ဆီးရီးယားငလျင်ကြောင့်ထိခိုက်နစ်နာခဲ့သူများအတွက် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ(၁) သိန်းနှင့်ညီမျှသော အိန္ဒိယရူပီးငွေများလှူဒါန်း
ယွန်း (NP News) - မေ ၄
ဆီးရီးယားအာရပ်နိုင်ငံအတွက် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ(၁)သိန်းနှင့် ညီမျှသော ရူပီးငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။
နစက၏ နိုင်ငံပိုင်သတင်းစာများတွင် ပြီးခဲ့သည့် ရက်ပိုင်းက အထက်ပါကဲ့သို့ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလှူငွေများကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က အိန္ဒိယနိုင်ငံဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး H.E. Dr. Bassam Seifeddin Alkhatib သို့ ပြီးခဲ့သည့် ဧပြီလ(၂၈)ရက်တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ဆီးရီယားနိုင်ငံ၌ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်တွင် ဖြစ်ပွားခဲ့သော မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူများအတွက် မြန်မာအစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အလှူငွေ အမေရိကန်ဒေါ်လာ (၁)သိန်းနှင့်ညီမျှသော အိန္ဒိယရူပီးငွေ (၈၁၂၇၂ဝ၄) ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
zawgyi version
ဆီးရီးယားငလ်င္ေၾကာင့္ထိခိုက္နစ္နာခဲ့သူမ်ားအတြက္ ျမန္မာႏိုင္ငံမွ အေမရိကန္ေဒၚလာ(၁) သိန္းႏွင့္ညီမွ်ေသာ အိႏၵိယ႐ူပီးေငြမ်ားလႉဒါန္း
ယြန္း (NP News) - ေမ ၄
ဆီးရီးယားအာရပ္ႏိုင္ငံအတြက္ ျမန္မာႏိုင္ငံမွ အေမရိကန္ေဒၚလာ(၁)သိန္းႏွင့္ ညီမွ်ေသာ ႐ူပီးေငြမ်ားလႉဒါန္းခဲ့ေၾကာင္း သိရသည္။
နစက၏ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ၿပီးခဲ့သည့္ ရက္ပိုင္းက အထက္ပါကဲ့သို႔ ထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။
အဆိုပါ အလႉေငြမ်ားကို အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္က အိႏၵိယႏိုင္ငံဆိုင္ရာ ဆီးရီးယားသံအမတ္ႀကီး H.E. Dr. Bassam Seifeddin Alkhatib သို႔ ၿပီးခဲ့သည့္ ဧၿပီလ(၂၈)ရက္တြင္ လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္သည္။
ဆီးရီယားႏိုင္ငံ၌ ၂ဝ၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၆)ရက္တြင္ ျဖစ္ပြားခဲ့ေသာ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ ထိခိုက္နစ္နာခဲ့သည့္ ျပည္သူမ်ားအတြက္ လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျပည္သူမ်ားအတြက္ ျမန္မာအစိုးရက လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီအျဖစ္ အလႉေငြ အေမရိကန္ေဒၚလာ (၁)သိန္းႏွင့္ညီမွ်ေသာ အိႏၵိယ႐ူပီးေငြ (၈၁၂၇၂ဝ၄) ကို ေပးအပ္လႉဒါန္းခဲ့ျခင္းျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါမြို့၌ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁)နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ