မန္တလေးမြို့၌ သံဃာတော် အပါး (၁ဝ,၂၆၈)အား ဆွမ်းလောင်းလှူပွဲအခမ်းအနားကျင်းပ
Pearl (NP News) - မေ ၃
မန္တလေးမြို့၌ သံဃာတော် အပါး (၁ဝ,၂၆၈)အား ဆွမ်းလောင်းလှူပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားအား ယနေ့(မေလ ၃ရက်) ၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ နံနက် (၆)နာရီမှစတင်၍ မန္တလေးတိုင်း၊ အောင်မြသာစံမြို့နယ်ရှိ ၊ ကျုံးလေးပြင် လေးရပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျုံး၏ အရှေ့ဘက် ၊ တောင်ဘက် ၊ အနောက်ဘက် နှင့် ကျုံးမြောက်ဘက် လမ်းတစ် လျှောက်တို့မှနေ၍ သံဃာတော် ၂,၅၆၇ ပါးစီတို့ဖြင့် စုစုပေါင်းသံဃာတော်အပါး (၁ဝ,၂၆၈) ပါးတို့အား လောင်းလှူခဲ့ကြကြောင်း သိရသည်။
သံဃာတော်များအား မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ ဆွမ်း၊ လှူဖွယ် ပစ္စည်းများ နှင့် ဝတ္ထုငွေများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ (မေလ ၂ရက်)တွင် ရန်ကုန်မြို့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်အပါး (၁၁၁၁၁)ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား နှင့် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားများသို့ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား ရန်ကုန်တိုင်းအစိုးရအဖွဲ့အပါအဝင် စုပေါင်းအလှူရှင်များက ဝတ္ထုငွေများနှင့် နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
zawgyi version
မႏၲေလးၿမိဳ႕၌ သံဃာေတာ္ အပါး (၁ဝ,၂၆၈)အား ဆြမ္းေလာင္းလႉပြဲအခမ္းအနားက်င္းပ
Pearl (NP News) - ေမ ၃
မႏၲေလးၿမိဳ႕၌ သံဃာေတာ္ အပါး (၁ဝ,၂၆၈)အား ဆြမ္းေလာင္းလႉပြဲအခမ္းအနားက်င္းပျပဳလုပ္ခဲ့သည္။
အဆိုပါအခမ္းအနားအား ယေန႔(ေမလ ၃ရက္) ၊ ျမန္မာသကၠရာဇ္ ၁၃၈၅ ခုႏွစ္၊ ကဆုန္လျပည့္ေန႔ ၊ နံနက္ (၆)နာရီမွစတင္၍ မႏၲေလးတိုင္း၊ ေအာင္ျမသာစံၿမိဳ႕နယ္ရွိ ၊ က်ဳံးေလးျပင္ ေလးရပ္၌ က်င္းပခဲ့ေၾကာင္း သိရသည္။
က်ဳံး၏ အေရွ႕ဘက္ ၊ ေတာင္ဘက္ ၊ အေနာက္ဘက္ ႏွင့္ က်ဳံးေျမာက္ဘက္ လမ္းတစ္ ေလွ်ာက္တို႔မွေန၍ သံဃာေတာ္ ၂,၅၆၇ ပါးစီတို႔ျဖင့္ စုစုေပါင္းသံဃာေတာ္အပါး (၁ဝ,၂၆၈) ပါးတို႔အား ေလာင္းလႉခဲ့ၾကေၾကာင္း သိရသည္။
သံဃာေတာ္မ်ားအား မႏၲေလးတိုင္းအစိုးရအဖြဲ႕ႏွင့္ အလႉရွင္မ်ား စုေပါင္း၍ ဆြမ္း၊ လႉဖြယ္ ပစၥည္းမ်ား ႏွင့္ ဝတၳဳေငြမ်ားျဖင့္ ဆက္ကပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔ (ေမလ ၂ရက္)တြင္ ရန္ကုန္ၿမိဳ႕၌ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား သံဃာေတာ္အပါး (၁၁၁၁၁)ျဖင့္ ဗုဒၶါဘိေသကအေနကဇာတင္ မဟာမဂၤလာအခမ္းအနား ႏွင့္ ဆြမ္းဆန္စိမ္းစုေပါင္းေလာင္းလႉပြဲမဂၤလာအခမ္းအနားကို က်င္းပျပဳလုပ္ခဲ့သည္။
အဆိုပါ အခမ္းအနားမ်ားသို႔ ႂကြေရာက္လာသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ရန္ကုန္တိုင္းအစိုးရအဖြဲ႕အပါအဝင္ စုေပါင္းအလႉရွင္မ်ားက ဝတၳဳေငြမ်ားႏွင့္ ႏွင့္ လႉဖြယ္ပစၥည္းမ်ားကို ဆက္ကပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်ကြီးမြို့နယ်တွင် ကြက်ကြော်ဆိုင် မီးလောင်မှုဖြစ်ပွား၍ ဆိုင်ခန်းနှင့် ဆိုင်ကယ်အချို့ ပျက်စီးဆုံးရှုံး
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း