Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိုမီခရွန်မျိုးကွဲ(Arcturus)သည် စိုးရိမ်ဖွယ်ရာမရှိသော်လည်း မပေါ့ဆရန် ဒုတပ်ချုပ် တိုက်တွန်း

Pearl (NP News) - မေ ၃ 

ကိုဗစ်အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ်ဖြစ်သည့် (Arcturus) သည် ယခင်ဖြစ်ပေါ်ခဲ့သည့် အိုမီခရွန်ကူးစက်မှု အနေအထားများနှင့်နှိုင်းယှဉ်ပါက စိုးရိမ်ဖွယ်ရာမရှိသော်လည်း မပေါ့ဆရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ တိုက်တွန်းပြောဆိုသည်။

နေပြည်တော်၌ ယမန်နေ့(မေလ ၂ ရက်)တွင်ကျင်းပသော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

အိုမီခရွန်မျိုးကွဲ(Arcturus)(အာတူးရပ်စ်)XBB.1.16 သည် သင်္ကြန်ကာလနောက်ပိုင်းတွင် ကူးစက်မှု အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း သိရသည်။ 

 အဆိုပါ မျိုးကွဲသည် ယခင်ဖြစ်ပေါ်ခဲ့သည့် အိုမီခရွန်ကူးစက်မှုအနေအထားများနှင့်နှိုင်းယှဉ်ပါက စိုးရိမ်ဖွယ်ရာမရှိသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာပညာရှင်များ၏ သုံးသပ်ချက်များအရ ယခင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်မျိုးကွဲများကဲ့သို့ ပြင်းထန်မှုမရှိဟု သုံးသပ်ထားကြကြောင်း ၎င်းမှဆိုသည်။ 

ထို့ပြင် ရောဂါပိုးတွေ့ရှိသူအများစုတွင် မျက်စိနာခြင်း၊ နားကိုက်ခြင်းများဖြစ်ပေါ်ကြသည်ကို တွေ့ရှိရပြီး ဆက်လက်လေ့လာဆန်းစစ်၍ အသိပညာပေးမှုများဆောင်ရွက်ရာတွင် ထည့် သွင်းဖော်ပြသွားရန်လိုကြောင်း ပြောဆိုထားသည်။

အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအား ယခင်ကိုဗစ်-၁၉ မျိုးကွဲများကုသရာတွင်အသုံးပြုသည့် ဆေး ဝါးများဖြင့် ဆက်လက်ကုသနိုင်ကြောင်းသိရသဖြင့် စိုးရိမ်ဖွယ်ရာမရှိဘဲ ကာကွယ်ဆေးများကိုမှန်မှန်ကန်ကန်ဆက်လက်ထိုး၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ပြောဆိုထားသည်။ 

စိုးရိမ်ရခြင်းမရှိဟုဆိုရာတွင်လည်း ပေါ့ဆ၍ရမည်မဟုတ်ကြောင်း နှင့် စတင်ဖြစ်ပေါ်ကတည်းကပင် နိုင်နိုင်နင်းနင်းဖိဖိစီးစီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းဆိုသည်။

အလားတူ ပြီးခဲ့သည့်ဧပြီလ(၂၉)ရက်တွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးများဖြစ်သည့်  XBB.1.9.1, XBB.1.16, XBB.2.3, XBB.1.9.2 , XBB.1.5,  XBB.1 နှင့် BA.2.75  တို့ကိုတွေ့ရှိခဲ့ကြောင်း  ယမန်နေ့(မေလ ၂ ရက်)တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

တွေ့ရှိရသော XBB.1.16 (၈)ဦးအနက်(၁)ဦးသည် ပြည်ပမှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူဖြစ်၍ ကျန်(၇)ဦးသည် ပြည်တွင်းကူးစက်မှုများမှတွေ့ရှိရခြင်းဖြစ်ပြီး ယခုတွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်းရောဂါပိုးများသည်လည်း ကမ္ဘာ့နိုင်ငံများတွင် ယခင်ကပင် ကူးစက်ပြန့်ပွားလျက်ရှိသော ရောဂါပိုးများဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

zawgyi version

အိုမီခ႐ြန္မ်ိဳးကြဲ(Arcturus)သည္  စိုးရိမ္ဖြယ္ရာမရွိေသာ္လည္း မေပါ့ဆရန္ ဒုတပ္ခ်ဳပ္ တိုက္တြန္း

Pearl (NP News) - ေမ ၃ 

ကိုဗစ္အိုမီခ႐ြန္ဗီဇေျပာင္းမ်ိဳးကြဲအသစ္ျဖစ္သည့္ (Arcturus) သည္ ယခင္ျဖစ္ေပၚခဲ့သည့္ အိုမီခ႐ြန္ကူးစက္မႈ အေနအထားမ်ားႏွင့္ႏႈိင္းယွဥ္ပါက စိုးရိမ္ဖြယ္ရာမရွိေသာ္လည္း မေပါ့ဆရန္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းမွ တိုက္တြန္းေျပာဆိုသည္။

ေနျပည္ေတာ္၌ ယမန္ေန႔(ေမလ ၂ ရက္)တြင္က်င္းပေသာ ကိုဗစ္-၁၉ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ၏ သတၱမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ ၎က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ 

အိုမီခ႐ြန္မ်ိဳးကြဲ(Arcturus)(အာတူးရပ္စ္)XBB.1.16 သည္ သၾကၤန္ကာလေနာက္ပိုင္းတြင္ ကူးစက္မႈ အနည္းငယ္ျမင့္တက္လာသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။  

အဆိုပါ မ်ိဳးကြဲသည္ ယခင္ျဖစ္ေပၚခဲ့သည့္ အိုမီခ႐ြန္ကူးစက္မႈအေနအထားမ်ားႏွင့္ႏႈိင္းယွဥ္ပါက စိုးရိမ္ဖြယ္ရာမရွိသည္ကိုေတြ႕ရွိရၿပီး သက္ဆိုင္ရာပညာရွင္မ်ား၏ သုံးသပ္ခ်က္မ်ားအရ ယခင္ျဖစ္ေပၚခဲ့သည့္ ကိုဗစ္မ်ိဳးကြဲမ်ားကဲ့သို႔ ျပင္းထန္မႈမရွိဟု သုံးသပ္ထားၾကေၾကာင္း ၎မွဆိုသည္။ 

ထို႔ျပင္ ေရာဂါပိုးေတြ႕ရွိသူအမ်ားစုတြင္ မ်က္စိနာျခင္း၊ နားကိုက္ျခင္းမ်ားျဖစ္ေပၚၾကသည္ကို ေတြ႕ရွိရၿပီး ဆက္လက္ေလ့လာဆန္းစစ္၍ အသိပညာေပးမႈမ်ားေဆာင္႐ြက္ရာတြင္ ထည့္ သြင္းေဖာ္ျပသြားရန္လိုေၾကာင္း ေျပာဆိုထားသည္။

အိုမီခ႐ြန္ဗီဇေျပာင္းမ်ိဳးကြဲအား ယခင္ကိုဗစ္-၁၉ မ်ိဳးကြဲမ်ားကုသရာတြင္အသုံးျပဳသည့္ ေဆး ဝါးမ်ားျဖင့္ ဆက္လက္ကုသႏိုင္ေၾကာင္းသိရသျဖင့္ စိုးရိမ္ဖြယ္ရာမရွိဘဲ ကာကြယ္ေဆးမ်ားကိုမွန္မွန္ကန္ကန္ဆက္လက္ထိုး၍ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ယခင္အတိုင္း ဆက္လက္ေဆာင္႐ြက္ရန္ ေျပာဆိုထားသည္။ 

စိုးရိမ္ရျခင္းမရွိဟုဆိုရာတြင္လည္း ေပါ့ဆ၍ရမည္မဟုတ္ေၾကာင္း ႏွင့္ စတင္ျဖစ္ေပၚကတည္းကပင္ ႏိုင္ႏိုင္နင္းနင္းဖိဖိစီးစီး ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ၎ဆိုသည္။

အလားတူ ၿပီးခဲ့သည့္ဧၿပီလ(၂၉)ရက္တြင္ SARS-CoV-2 Variant Omicron (အိုမီခ႐ြန္) မ်ိဳး႐ိုးဗီဇေျပာင္း ေရာဂါပိုးမ်ားျဖစ္သည့္  XBB.1.9.1, XBB.1.16, XBB.2.3, XBB.1.9.2 , XBB.1.5,  XBB.1 ႏွင့္ BA.2.75  တို႔ကိုေတြ႕ရွိခဲ့ေၾကာင္း  ယမန္ေန႔(ေမလ ၂ ရက္)တြင္ က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။ 

ေတြ႕ရွိရေသာ XBB.1.16 (၈)ဦးအနက္(၁)ဦးသည္ ျပည္ပမွျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာသူျဖစ္၍ က်န္(၇)ဦးသည္ ျပည္တြင္းကူးစက္မႈမ်ားမွေတြ႕ရွိရျခင္းျဖစ္ၿပီး ယခုေတြ႕ရွိရသည့္ မ်ိဳး႐ိုးဗီဇေျပာင္းေရာဂါပိုးမ်ားသည္လည္း ကမာၻ႔ႏိုင္ငံမ်ားတြင္ ယခင္ကပင္ ကူးစက္ျပန႔္ပြားလ်က္ရွိေသာ ေရာဂါပိုးမ်ားျဖစ္ေၾကာင္း သိရသည္။ 

လက္ရွိတြင္ ကိုဗစ္-၁၉ ေရာဂါ မ်ိဳး႐ိုးဗီဇေျပာင္းေရာဂါပိုး ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းစဥ္မ်ားႏွင့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္၊ ကုသျခင္းလုပ္ငန္းမ်ားအား ပိုမိုအရွိန္ျမႇင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း  က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏အချုပ်အချာအာဏာပိုင်နက်ကိုလေးစားပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved