Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ၏အချုပ်အချာအာဏာပိုင်နက်ကိုလေးစားပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

ဂျန်ဇက် (NP News) - မေ ၃

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်လမ်းကြောင်းကိုရှာဖွေရာတွင် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က ထုတ်ဖော်ပြောဆိုလိုက်သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မေလ ၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်ဟေဇာနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် မေလ ၂ ရက်တွင် မြန်မာနိုင်ငံကိုလာရောက်ခဲ့ကာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်အစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့် မြန်မာနိုင်ငံ၏အချုပ် အချာကိုလေးစားရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးရရှိစေရန်အတွက် ကူညီပေးရမည်ဖြစ်ကြောင်း ပြောသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက "တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ သင့်တော်ကိုက်ညီမှုရှိမယ့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရရှိစေဖို့ကူညီထောက်ပံ့ပေးသွားမှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအသွင်ကူးပြောင်းမှုတွေ ပိုမိုကောင်းမွန်စေဖို့ ကူညီထောက်ပံ့ပေးမှာဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်များအတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိစေဖို့ ကြိုး ပမ်းသွားမှာဖြစ်တယ်။ အဖွဲ့အစည်းများကြားမတူကွဲပြားမှုတွေကို ဖြေရှင်းနိုင်ဖို့ ထောက်ခံပေးသွားမှာဖြစ်ပါတယ်" ဟုဆိုသည်။ 

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာနိုင်ငံ၏အချုပ်အချာကိုလေးစားသင့်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိစေရန် အပြုသဘောဆောင်သော အခန်းကဏ္ဍက ပါဝင်ကူညီပေးသင့်ကြောင်း မြန်မာပြည်သူများ၏အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး နှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် စီမံကိန်းများအကောင်ထည်ဖော်ရန် နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း နှင့်ချိတ်ဆက်မည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံကိုရောက်ရှိနေချိန်အတွင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောသည်။ ထို့ပြင် ဦးသန်းရွှေနှင့်တွေ့ဆုံချိန်အတွင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်မှုများကို ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံကိုအမြဲတမ်းကူညီထောက်ပံ့ပေးခဲ့ကြောင်းဆိုသည်။ 

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်သူများ၏ ဘဝရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်စေရန်အတွက် ကူညီပေးနိုင်ရန် မြန်မာနိုင်ငံတွင် အကူအညီပေးရေး စီမံကိန်းများအကောင်ထည်ဖော်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ဝန်ကြီးဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ one-China မူဝါဒကိုထောက်ခံကြောင်း၊ အကျိုးစီးပွားကိစ္စရပ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို အားပေးထောက်ခံကြောင်းပြောဆိုခဲ့သည်။ 

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အချာအာ ဏာပိုင်နက်ကို လေးစားသကဲ့သို့ လွတ်လပ်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတည်ငြိမ်ရေးတို့ကို ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးမည်ဖြစ် ကြောင်းဆိုသည်။

zawgyi version

ျမန္မာႏိုင္ငံ၏အခ်ဳပ္အခ်ာအာဏာပိုင္နက္ကိုေလးစားၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကူညီေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ

ဂ်န္ဇက္ (NP News) - ေမ ၃

တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံကို ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကိုယ္ပိုင္လမ္းေၾကာင္းကိုရွာေဖြရာတြင္ ကူညီေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Qin Gang က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ 

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးသည္ ေမလ ၁ ရက္တြင္ ျမန္မာႏိုင္ငံဆိုင္ရာကုလသမဂၢ အထူးကိုယ္စားလွယ္ ႏိုလန္ေဟဇာႏွင့္ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ေမလ ၂ ရက္တြင္ ျမန္မာႏိုင္ငံကိုလာေရာက္ခဲ့ကာ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္အစိုးရ အဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ 

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ႏိုင္ငံတကာအဖြဲ႕စည္းမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ၏အခ်ဳပ္ အခ်ာကိုေလးစားရမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္း ခ်မ္းေရးရရွိေစရန္အတြက္ ကူညီေပးရမည္ျဖစ္ေၾကာင္း ေျပာသည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက "တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕အေျခအေနနဲ႔ သင့္ေတာ္ကိုက္ညီမႈရွိမယ့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလမ္းေၾကာင္းကို ရရွိေစဖို႔ကူညီေထာက္ပံ့ေပးသြားမွာပါ။ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံ ေရးအသြင္ကူးေျပာင္းမႈေတြ ပိုမိုေကာင္းမြန္ေစဖို႔ ကူညီေထာက္ပံ့ေပးမွာျဖစ္သလို ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ဥပေဒမူေဘာင္မ်ားအတိုင္း အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးရရွိေစဖို႔ ႀကိဳး ပမ္းသြားမွာျဖစ္တယ္။ အဖြဲ႕အစည္းမ်ားၾကားမတူကြဲျပားမႈေတြကို ေျဖရွင္းႏိုင္ဖို႔ ေထာက္ခံေပးသြားမွာျဖစ္ပါတယ္" ဟုဆိုသည္။

ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံ၏အခ်ဳပ္အခ်ာကိုေလးစားသင့္ၿပီး ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးရရွိေစရန္ အျပဳသေဘာေဆာင္ေသာ အခန္းက႑က ပါဝင္ကူညီေပးသင့္ေၾကာင္း ျမန္မာျပည္သူမ်ား၏အက်ိဳးစီးပြားအတြက္ ျမန္မာႏိုင္ငံ၏ က်န္းမာေရး၊ ပညာေရး ႏွင့္ စိုက္ပ်ိဳးေရးက႑တို႔တြင္ စီမံကိန္းမ်ားအေကာင္ထည္ေဖာ္ရန္ ႏွင့္ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍလမ္း ႏွင့္ခ်ိတ္ဆက္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုလုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကေျပာသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးသည္ ျမန္မာႏိုင္ငံကိုေရာက္ရွိေနခ်ိန္အတြင္း အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေ႐ႊ၊ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္လည္းေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း ေျပာသည္။ ထို႔ျပင္ ဦးသန္းေ႐ႊႏွင့္ေတြ႕ဆုံခ်ိန္အတြင္း တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီးက တ႐ုတ္ႏိုင္ငံအေနျဖင့္ အိမ္နီးခ်င္းေကာင္း၊ မိတ္ေဆြေကာင္းျဖစ္သကဲ့သို႔ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ တည္ၿငိမ္မႈမ်ားကို ထိန္းသိမ္းႏိုင္ရန္ ျမန္မာႏိုင္ငံကိုအၿမဲတမ္းကူညီေထာက္ပံ့ေပးခဲ့ေၾကာင္းဆိုသည္။ 

ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာျပည္သူမ်ား၏ ဘဝရွင္သန္ေနထိုင္မႈ ပိုမိုေကာင္းမြန္ေစရန္အတြက္ ကူညီေပးႏိုင္ရန္ ျမန္မာႏိုင္ငံတြင္ အကူအညီေပးေရး စီမံကိန္းမ်ားအေကာင္ထည္ေဖာ္မည္ျဖစ္ေၾကာင္းေျပာဆိုခဲ့သည္။ ဝန္ႀကီးဦးသန္းေဆြက ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံ၏ one-China မူဝါဒကိုေထာက္ခံေၾကာင္း၊ အက်ိဳးစီးပြားကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကို အားေပးေထာက္ခံေၾကာင္းေျပာဆိုခဲ့သည္။ 

ထို႔ျပင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏အခ်ဳပ္အခ်ာအာ ဏာပိုင္နက္ကို ေလးစားသကဲ့သို႔ လြတ္လပ္ေရး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ႏိုင္ငံတည္ၿငိမ္ေရးတို႔ကို ထိန္းသိမ္းႏိုင္ရန္ ျမန္မာႏိုင္ငံကို ကူညီေထာက္ပံ့ေပးမည္ျဖစ္ ေၾကာင္းဆိုသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးမြို့၌ သံဃာတော် အပါး (၁ဝ,၂၆၈)အား ဆွမ်းလောင်းလှူပွဲအခမ်းအနားကျင်းပ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved